Home ထိပ်တန်းသတင်း မယ်လစခန်းအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအ‌လောင်း ထပ်မံ‌တွေ့ရှိ

မယ်လစခန်းအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအ‌လောင်း ထပ်မံ‌တွေ့ရှိ

1667
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်း

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းအပြင်ဘက် တိုဝါး(တံတားဖြူ)‌နေရာအနီးရှိ ‌တောတွင်းတ‌နေရာတွင် ယမန်‌နေ့က သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ အ‌လောင်းကို ထပ်မံ ‌တွေ့ရှိခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ယင်းအမျိုးသမီးအ‌လောင်းမှာ မယ်လဒုက္ခသည်စခန်း ဇုံစီ၊ ရပ်ကွက် အမှတ်(၄-ဘီ)တွင် ‌နေထိုင်‌သော အသက် ၇၈နှစ်အရွယ် ‌ဒေါ်ကြင်မြိုင်ဆိုသူဖြစ်သည်။ သူမသည် ပြီးခဲ့‌သော စက်တင်ဘာလ ၂၇ရက်‌နေ့က ‌နေအိမ်မှ ‌ပျောက်ဆုံးသွားပြီး‌နောက် ယမန်‌နေ့ ‌အောက်တိုဘာ ၁၃ရက်‌နေ့၊ နံနက် ၁ဝနာရီ‌ကျော်မှသာ သူမ၏ အ‌လောင်းကို ပြန်လည်‌တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မယ်လစခန်း၏ ဇုံစီ အမှတ်(၄)ဘီ ရပ်ကွက်မှူး ကိုပါကာ့က “ကျ‌နော်တို့သိရတာက အဖွားကြီးက အသက်ကြီး သူငယ်ပြန်‌နေပြီ ‌ပေါ့‌နော်။ ကိုးလပိုင်း ၂၇ရက်‌နေ့က စ‌ပျောက်တာ မ‌နေ့ကမှ ပြန်‌တွေ့တယ်ဆို‌တော့ အ‌လောင်းက ပုပ်‌ဆွေး‌နေပြီ။ အားလုံး ခန့် မှန်းကြတာက‌တော့ ‌လျှောက်သွားလို့ အားအင်ပြတ်လပ်ပြီး ‌သေဆုံးသွားတယ်လို့ ယူဆကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါ်ကြင်မြိုင်သည် ‌နေအိမ်မှ‌ပျောက်ဆုံးပြီး ‌နောက်တစ်ရက်၌ သက်ဆိုင်ရာ စခန်းရပ်ကွက်ရုံးများသို့ ရပ်ကွက်တာဝန်ရှိသူများက အသိ‌ပေးအ‌ကြောင်းကြားပြီး‌နောက် ဆယ်ရက်‌ကျော်အကြာတွင် အ‌လောင်းကို စခန်းပြင်ထွက်၍ ဟင်းသီးဟင်းရွက် ရှာထွက်သူ အမျိုးသားတစ်ဦးက ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်မှူး ကိုပါ‌ကော့က ဆက်‌ပြောသည်။

မယ်လစခန်း ဥက္ကဌ ‌စော‌အောနက်က “အခု ပြန်‌တွေ့တဲ့ လူ‌သေ‌လောင်းဟာ မသကင်္ာဖွယ်ရာ ပုံစံမျိုးနဲ့ ‌သေတယ်လို့ ‌ပြောရခက် တယ်။ သူ့အသိုင်းအဝိုင်းက ‌ပြောပြချက်အရ သူငယ်ပြန်‌နေတဲ့ အဖွားဟာ အသက်ကြီးတာနဲ့အမျှ ‌ခြေဦးတည့်ရာ ‌လျှောက်သွား လို့၊ အစာ‌ရေစာပြတ်လို့ ‌သေသွားတယ်လို့လည်း မှတ်ချက်‌ပေး‌နေကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်‌နေ့ကလည်း မယ်လဒုက္ခသည်စခန်း (ဇုံ-စီ)ရပ်ကွက်အနီးရှိ ‌တောတွင်းတ‌နေရာတွင် ဒဏ်ရာ များဖြင့် ‌သေဆုံး‌နေသူ မယ်လဒုက္ခသည်အမျိုးသမီးတစ်ဦး၏ အ‌လောင်းကို စခန်းတာဝန်ရှိသူများက ‌တွေ့ရှိခဲ့‌သေးသည်။

မယ်လစခန်း KWO ဥက္ကဌ ‌နော်ကို့လို့ဝါးက “လူ‌သေဆုံးမှုနှစ်ခုက ‌ရှေ့ဆင့်‌နောက်ဆင့် ဆိုသလိုဖြစ်‌ပေမဲ့ ဆက်စပ်မှုရှိမရှိ‌တော့ မသိဘူး။ အခုအ‌လောင်းက အရိုး‌လောက်ပဲ ‌ကောက်ယူလို့ရတဲ့အ‌နေအထားမို့ အရင် ‌သေဆုံးသလို ဖြစ်‌နေတယ်။ ဒီကိစ္စ‌တွေက ‌ဖော်ထုတ်ရခက်‌ပေမဲ့ အမျိုးသမီး‌တွေရဲ့ လုံခြုံမှုအတွက် စိုးရိမ်ရတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါ်ကြင်မြိုင်၏ ရုပ်အ‌လောင်းကို ယမန်‌နေ့ည‌နေ ၅နာရီက မယ်လစခန်းသချုႋင်းတွင် ‌မြေမြှုပ်သၤဂြိုလ်ခဲ့ပြီး သူမတွင် မုဆိုးမသမီး ၁ဦးနှင့် ‌မြေး ၉ဦး ကျန်ရစ်ခဲ့သည်။