Home သတင်း ‌ကေဒဘလျူအိုကို နီပွန်‌ဖောင်‌ဒေးရှင်း ပထမဆုံးအကြိမ် ‌တွေ့ဆုံခဲ့

‌ကေဒဘလျူအိုကို နီပွန်‌ဖောင်‌ဒေးရှင်း ပထမဆုံးအကြိမ် ‌တွေ့ဆုံခဲ့

1441
ဩဂုတ်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေးကာလ အတွင်း ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် အကူအညီ‌ပေး‌နေသည့် ဂျပန်နိုင်ငံမှ နီပွန်‌ဖောင်‌ဒေးရှင်းက ကရင်အမျိုးသမီး အစည်းအရုံး(‌ကေဒဘလျူအို)ကို ဩဂုတ်လ ၂၆ရက်‌နေ့၌ ပထမဆုံးအကြိမ် ‌တွေ့ဆုံခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင် မဲစရင်းမြို့တွင် နီပွန်‌ဖောင်‌ဒေးရှင်း အဖွဲ့ဝင် ကိုယ်စားလှယ်နှစ်ဦးဖြစ် သူ မစ္စတာ ခီမိုတိုနှင့် မစ္စတာ ယူကီတို့က ‌ကေဒဘလျူအို ဗဟို‌ကော်တီဝင် ၁ဝဦးနှင့် ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ‌ကေဒဘလျူအို ဥက္ကဌ နန်းဒါးအဲ့ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“နီပွန်‌ဖောင်‌ဒေးရှင်းက ကျမတို့ကို လာ‌တွေ့တဲ့အခါ အကူအညီ‌ပေးဖို့ မဟုတ်ဘူး။ ‌ကေဒဘလျူအိုကို ကူညီဖို့ သူတို့မှာ အစီအစဉ် အ‌သေးစိတ်ဆွဲထားတာ မရှိဘူးတဲ့။ ဒါ‌ပေမယ့် လာမယ့်ကာလမှာ ‌ကေဒဘလျူအိုကို ဘယ်လိုကူညီသွားနိုင်မလဲ သိနိုင်ဖို့ သူတို့က လာ‌တွေ့တာဖြစ်တယ်‌ပေါ့”ဟု နန်းဒါးအဲ့ကလယ်က ‌ပြောဆိုသည်။

‌ကေဒဘလျူအို အကူအညီရရှိရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ‌ကေဒဘလျူအိုထံမှ ပရိုပိုဆာ (အဆိုပြုချက်)ယူပြီး ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(ယူအဲန်အက်ဖ်စီ)မှတဆင့် နီပွန် ‌ဖောင်‌ဒေးရှင်ထံသို့ ‌လျှောက်ထားချက်ပြုလုပ်ခဲ့မှုများရှိ‌သော်လည်း ၎င်းကိစ္စနှင့် ပတ်သက်၍ ယခုထိ အ‌ကြောင်း အရာ တစုံတရာ မကြားသိရ‌သေး‌ကြောင်း ‌ကေဒဘလျူအိုက ဆိုသည်။

ယင်းသို့ ‌တွေ့ဆုံရာ၌ ‌ကေဒဘလျူအိုက မြန်မာနိုင်ငံတွင် ပြုပြင်‌ပြောင်းလဲမှု အချို့ရှိ‌သော်လည်း သိသာထင်ရှား သည့် အ‌ပြောင်းအလဲ မရှိ‌သေး‌သော‌ကြောင့် နီပွန်‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် မြန်မာပြည်‌ဒေသဖွံ့ဖြိုးမှု အကူအညီ ‌ပေးသည့်အခါ ပြည်တွင်း၌သာ မဟုတ်ဘဲ နယ်စပ်‌ဒေသများကိုပါ စဉ်းစား‌ပေးရန် ‌ဆွေး‌နွေးတင်ပြခဲ့သည်ဟု လည်း နန်းဒါးအဲ့ကလယ်က ဖြည့်စွက်‌ပြောသည်။

အဆိုပါကိုယ်စားလှယ်နှစ်ဦးသည် ‌ကေဒဘလျူအိုနှင့် မ‌တွေ့ဆုံမီ ဩဂုတ်လ ၂၂ရက်‌နေ့တွင် ဒီမိုက‌ရေစီအကျိုး ပြုကရင်အမျိုးသားတပ်မ‌တော် DKBA နှင့် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာ ဖွံ့ဖြိုးမှု စသည့်ကူညီမှုများ‌ပေးနိုင်ရန် ထိုင်း- မြန်မာနယ်စပ်တ‌နေရာ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သေးသည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် မြန်မာနိုင်ငံ နယ်စပ်‌ဒေသတ‌လျှောက်ရှိ ‌နေရပ်စွန့်ခွာထွက်‌ပြေး‌နေရသည့် ဒုက္ခသည် များအတွက် ‌ဒေါ်လာ ၃သန်း ကူညီ‌ပေးရန် ယူအဲန်အက်ဖ်စီနှင့် ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလ ၁၇ရက်‌နေ့က ဂျပန်နိုင်ငံတွင် သ‌ဘောတူညီခဲ့ကြသည်။

ထိုသ‌ဘောတူညီမှုအရ ယူအဲန်အက်ဖ်စီအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်‌သော KNU၊ KNPP၊ NMSP၊ SSA အဖွဲ့ များကို အကူအညီအချို့‌ပေးကာ ဌာ‌နေမဲ့ပြည်တွင်းဒုက္ခသည်(အိုင်ဒီပီ)များကိုလည်း ကူညီခဲ့ သလို ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၂ ရက်‌နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်ရှိ အိုင်ဒီပီများ အား ဆန်အိတ်‌ပေါင်း ၁,၄၀ဝ ‌ပေးခဲ့‌သေးသည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် ပညာ‌ရေး၊ ကျန်းမာ‌ရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာ စသည်များ အကူအညီ‌ပေး‌လေ့ရှိ ပြီး မြန်မာနိုင်ငံတွင် ‌ဖောင်‌ဒေးရှင်း၏ ကူညီ‌ထောက်ပံ့‌ပေးမှုလုပ်ငန်း‌ပေါင်း ၄၀‌ကျော်ရှိသည်။