Home သတင်း ချင်းအမျိုးသားတပ်ဦး ရန် ကုန်နှင့် မန္တ‌လေးတွင် လူထု‌တွေ့ ဆုံပွဲ ပြုလုပ်မည်

ချင်းအမျိုးသားတပ်ဦး ရန် ကုန်နှင့် မန္တ‌လေးတွင် လူထု‌တွေ့ ဆုံပွဲ ပြုလုပ်မည်

1781
ဇူလိုင်လ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

ချင်းအမျိုးသားတပ်ဦး (Chin National Front – CNF) က လာမည့် ဩဂုတ်လကုန် သို့မဟုတ် စက်တင်ဘာလဆန်းတွင် မန္တ‌လေးနှင့် ရန်ကုန်ရှိ ချင်းလူထု များနှင့် ‌တွေ့ဆုံပွဲကို ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ‌တွေ့ဆုံပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်ဖြစ်သူ Gender and Development Initiative မှ Executive Director ဆလိုင်းအိုင်းဇက်ခင်က ထုတ်‌ဖော်‌ပြောဆိုသည်။

ယင်းသို့‌တွေ့ဆုံရာတွင် ချင်းအမျိုးသားတပ်ဦးမှ ၎င်းတို့နှင့် အစိုးရ လုပ်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ချင်းလူ ထုအား ရှင်းလင်း‌ပြောကြားမည်ဖြစ်ပြီး ချင်းလူထုမှ မိမိတို့ သိရှိလိုသည့် အ‌ကြောင်းအရာများကို ‌မေးမြန်းခြင်းနှင့် CNF ထံ အကြံ ‌ပေးခြင်းများကို ပြုလုပ်နိုင်ဖွယ်ရှိ‌ကြောင်း ခန့်မှန်းထားကြသည်။

ထို‌တွေ့ဆုံပွဲကို မန္တ‌လေးမြို့တွင် ဦးဆုံး ပြုလုပ်မည်ဖြစ်ပြီး ထိုမှတဆင့် ရန်ကုန်မြို့တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ဆလိုင်းအိုင်းဇက်ခင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုခဲ့သည်။

၎င်းက “မန္တ‌လေးမှာ အရင်လုပ်ဖြစ်မယ် ထင်တယ်။ ရန်ကုန်မှာရှိတဲ့ ချင်း‌တွေက ချင်းပြည်နယ်ရဲ့ ဖြစ်စဉ်အ‌ရေးအရာ‌တွေကို ပိုလွှမ်းမိုးတယ်။ ရန်ကုန်ပွဲက issue ပိုများ‌တော့ ပို‌ကောင်းမယ်။ ဒါ‌ကြောင့် ချင်းအမျိုးသားတပ်ဦးအ‌နေနဲ့ ပြင်ဆင်ဖို့ ပိုလိုအပ် လိမ့်မယ်။”ဟု ‌ပြောဆိုသွားသည်။

ယင်း‌တွေ့ဆုံပွဲကို မြန်မာငြိမ်းချမ်း‌ရေးစင်တာ၏ ကူညီ‌ဆောင်ရွက်မှုမပါဘဲ ချင်းအမျိုးသားတပ်ဦးကသာ ကမကထ ပြုလုပ်ခြင်း သာဖြစ်ပြီး ထိုပွဲသို့ ချင်းအမျိုးသားတပ်ဦးမှ တွဲဖက်အတွင်း‌ရေးမှူး ‌ဒေါက်တာ‌ရွှေခါး တက်‌ရောက်မည်ဖြစ်သည်ဟု သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ CNF တွဲဖက်အတွင်း‌ရေးမှူး ‌ဒေါက်တာ‌ရွှေခါးထံ ‌ကေအိုင်စီမှ ဆက်သွယ်‌သော်လည်း ဖုန်းလိုင်းအခက်အ ခဲဖြစ်‌နေသဖြင့် ‌မေးမြန်းနိုင်ခြင်း မရှိခဲ့‌ပေ။

ရန်ကုန်မြို့တွင် ‌ရောက်ရှိ‌နေထိုင်ကြ‌သော ချင်းလူမျိုးများသည် ၎င်းတို့ချင်းပြည်နယ်ရှိ မြို့နယ်(၉)ခု၏ ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ကြမည့်အပြင် ချင်းပြည်နယ်ပြင်ပရှိ ဧရိယာ(၃)မှ ရန်ကုန်သို့ ‌ရောက်ရှိ‌နေ‌သော ချင်းလူမျိုးများသည်လည်း ထိုဧရိ ယာကိုယ်စားလှယ်အဖြစ် တက်‌ရောက်ကြမည်ဖြစ်ရာ ကိုယ်စားလှယ်စုစု‌ပေါင်း ၂၇ဦးခန့်ရှိ‌ကြောင်း ဖြစ်‌မြောက်‌ရေး‌ကော်မတီက ‌ပြောဆို‌နေကြသည်။