Home တွေ့ဆုံမေးမြန်းခန်း မတ်လ ၂၉-၃ဝရက်များ၌ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကျင်းပပြုလုပ်သည့် ကရင့်‌ရေးရာ အစည်းအ‌ဝေးသို့ တက်‌ရောက်လာ သည့် ‌နော်အုန်းလှ နှင့် ‌တွေ့...

မတ်လ ၂၉-၃ဝရက်များ၌ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကျင်းပပြုလုပ်သည့် ကရင့်‌ရေးရာ အစည်းအ‌ဝေးသို့ တက်‌ရောက်လာ သည့် ‌နော်အုန်းလှ နှင့် ‌တွေ့ ဆုံ‌မေးမြန်းခြင်း

2266
ဧပြီလ ၈ရက်၊ ၂၀၁၃ခုနှစ် (‌ကေအိုင်စီ)

‌မေး။ အခုနှစ်ရက်တာ ကျင်းပမယ့် ကရင်‌ရေးရာ အစည်းအ‌ဝေးမှာ တက်‌ရောက်တဲ့အခါကျ‌တော့ အ‌နောရဲ့ နာမည်နဲ့ လှုပ်ရှားတာဝန်ယူမှု အပိုင်း‌လေးကို ‌ပြောပြ‌ပေးပါအုံး။

‌ဖြေ။ ကျမရဲ့နာမည်က ‌နော်အုံးလှ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ‌မှော်ဘီမြို့နယ်မှာ ‌နေပါတယ်။ ကျမက ‌တော့ ဒီကရင့်‌ရေးရာ အစည်းအ‌ဝေးမှာ ပုဂ္ဂလိက အ‌နေနဲ့ဘဲ လာတာပါ။ ဘာဖြစ်လို့လဲဆို‌တော့ ကရင်လူထု ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်‌တွေ ‌တော်‌တော်များများ ဖိတ်တယ်။ ကျမ တစ်‌ယောက်တည်း သီးသန့်ကို ဖိတ်တဲ့အတွက်‌ကြောင့် ကျမ လှုပ်ရှား‌ဆောင်ရွက်တဲ့ အဖွဲ့အစည်း များတဲ့အခါကျ‌တော့ ကျန်တဲ့အဖွဲ့‌တွေက နိုင်ငံ‌ရေးအဖွဲ့ ဖြစ်တဲ့အခါကျ‌တော့ ကျမက ပုဂ္ဂလိက အ‌နေနဲ့ဘဲ လာတာပါ။

‌မေး။ အစည်းအ‌ဝေးရဲ့ ရည်ရွယ်ချက်‌တွေထဲက တခု ဖြစ်တဲ့ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးဆိုတဲ့ ‌ခေါင်းစဉ်အ‌ပေါ်မှာ ဦးတည်‌ဆွေး‌နွေးတဲ့အခါကျ‌တော့ အဲဒီအရာ‌တွေက ကရင်အမျိုးသား‌တွေအ‌ပေါ် ဘယ်‌လောက်ထိ အ‌ရေးပါတယ်လို့ အ‌နော မြင်ပါသလဲ။

‌ဖြေ။ လက်ရှိမှာ‌တော့ ငြိမ်းချမ်း‌ရေးက အင်မတန်မှ ကျယ်ပါတယ်၊ ဒါ‌ပေမယ့် လက်နက်ကိုင် ငြိမ်းချမ်း‌ရေးကို‌တော့ မဆိုလိုဘူး။ ပြည်တွင်း‌ရော နယ်စပ်မှာ မငြိမ်းချမ်း‌သေးတဲ့သူ‌တွေ အများကြီး ရှိပါ‌သေးတယ်။ လက်နက်ကိုင်မှ ငြ်ိမ်းချမ်း‌ရေးဆိုရင်‌တော့ အဲဒီအတွက် အ‌ဖြေရှာလို့ မရပါဘူး။ လက်နက်ကိုင် ငြိမ်းချမ်း‌ရေး အဓိက ‌ပြောရမယ်ဆိုလိုရှိရင် အခု အပစ်အခတ်ရပ်စဲ‌ရေး‌ပေါ့‌နော် အဲဒီရဲ့ ငြိမ်းချမ်း‌ရေးက ဘယ်‌လောက်ထိ ‌ရေရှည် တည်တံ့ခိုင်မြဲမလဲဆိုတာ ဒီလက်ရှိ အစိုးရအ‌ပေါ်မှာပဲ မှုတည်တယ်လို့ ကျမမြင်ပါတယ်။

‌မေး။ စည်းလုံးညီညွတ်မှုအပိုင်းနဲ့ပတ်သက်ပြီး‌တော့ ကရင်‌တွေအတွက် ဘယ်‌လောက်ထိ အ‌ရေး ကြီးသလဲဆိုတာ အ‌နောရဲ့ အမြင်‌လေး ‌ပြောပြ‌ပေးပါအုံး။

‌ဖြေ။ ကရင်တစ်မျိုးသားလုံးဆိုတဲ့ ‌ခေါင်းစဉ် ‌အောက်မှာဆိုရင်‌တော့ ညီညီညွတ်ညွတ်ရှိနိုင်ပါတယ်။ အခု ကျမတို့ ဒီကို လာတယ်ဆိုတာကလည်း ကရင်ဆိုတဲ့ ‌ခေါင်းစဉ်‌အောက်မှာမို့လို့ လာရခြင်းဖြစ်တယ်။ ‌နောင် လုပ်မယ့် ညီညွတ်ဖို့ဆိုရင်‌တော့ ကရင်‌ခေါင်းစဉ်တပ်ပြီး ဒီလိုမျိုး ဆက်လုပ်သွား ‌စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အဖွဲ့နဲ့ တပ်လိုက်တဲ့အခါကျ‌တော့ ‌တော်‌တော်‌လေးကို အစွဲ‌လေး‌တွေ ရှိကြတာ ‌ပေါ့‌နော်၊ အဲဒီအစွဲ‌တွေ ချက်ချင်း မပြုတ်‌သေးတဲ့အတွက် ဒီအစွဲကို ဖြုတ်နိုင်ဖို့အတွက်က‌တော့ ကရင်ဆိုတဲ့ ‌ခေါင်းစဉ်‌အောက်က‌နေသွားမှ အားလုံးစည်းလုံးညီညွတ်မှုရှိမယ်လို့ ကျမထင်တယ်။

‌မေး။ ဒီအ‌ခြေအ‌နေမှာဆိုလို့ရှိရင် စည်းလုံး‌ရေး‌တွေ ငြိမ်းချမ်း‌ရေး‌တွေ အ‌ကောင်အထည်‌ဖော်တဲ့ အခါမှာ ဘယ်လိုအရာ‌တွေက အခက်ခဲဆုံး ဖြစ်နိုင်မယ်လို့ ထင်ပါသလဲ။

‌ဖြေ။ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရတာ အင်မတန်မှ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ တစ်‌ယောက်နဲ့ တစ်‌ယောက်က ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း သွား‌နေတဲ့အခါကျ‌တော့ ‌ပေါင်းစပ်မှဘဲ ဒီဟာက ဖြစ်လာမှာကိုး။ ‌ပေါင်းစပ်ဖို့အတွက်က‌တော့ ယုံကြည်ချက်အတိုင်းကိုလည်း ရပ်တည်ရမယ်။ ‌လျော့သင့်တာ ‌တွေ ‌လျော့ရမယ်။ ယုံကြည်ချက်ကို အားလုံးထားခဲ့ပြီး‌တော့ ‌လျော့ရမယ်ဆိုတာကလည်း မဖြစ် ‌စေချင်ပါဘူး။ အစိုးအ‌နေနဲ့‌ရော၊ ဒါ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။

‌မေး။ ကရင့်ဘဝလှပဖို့ ညီညီညွတ်ညွတ်လက်တွဲစို့ဆိုတဲ့ ‌ဆောင်ပုဒ်အတိုင်း လာမယ့်အနာဂတ်မှာ လက်‌တွေ့ကျကျ ဘယ်လိုလုပ်‌ဆောင်နိုင်မယ်လို့ အ‌နော တစ်‌ယောက်အ‌နေနဲ့ ယူဆလဲ။

‌ဖြေ။ ‌တော်‌တော်‌တော့ ‌ဝေးဦးမယ်လို့ ထင်တယ်။ ဒါ ကျမ အမြင် ‌ပြောတာ။ ဘာဖြစ်လို့လည်းဆို‌တော့ ‌တော်‌တော်များများ တူရာတူရာ ‌ပြောတဲ့အခါမှာ တူတဲ့အရာတစ်ခုက‌တော့ နှစ်သစ်ကူးပွဲတို့ ရိုးရာပွဲ‌တွေမှာ ဆိုရင်‌တော့ အားလုံးတူညီတယ်။ နှစ်သစ်ကူးတင်မဟုတ်ဘဲ ဘာသာ‌ရေးပွဲ ‌တော်‌တော်များများလည်း တစ်ချို့တူတာ‌တွေ ရှိပါတယ်။ ဒါ‌ပေမယ့်လို့ အစွဲ‌တွေ ‌တော်‌တော်များများက‌တော့ ကျန်‌သေးတယ်။ ‌တော်‌တော်များများက ကရင်ဆိုတဲ့ ‌ခေါင်းစဉ်‌အောက်မှာ သွားမယ်လို့ မြင်ချင်ပါတယ်။ ကရင်‌ခေါင်းစဉ် ‌အောက်မှာ မသွားရင် ‌တော်‌တော်‌လေး‌တော့ ကွဲလွဲ‌နေပါအုံးမယ်။

‌မေး။ ဒီ‌ရှေ့အနာဂတ်မှာဆိုလို့ရှိရင် ဒီအစည်းအ‌ဝေးရဲ့ ‌နောက်ဆက်တွဲဖြစ်ဖြစ် ‌ရှေ့ဆက်ဘယ်လို အ ‌ကောင်အထည်‌ဖော်မှု‌တွေ လုပ်‌စေချင်လဲ။ အခု လက်ရှိအပစ်အခတ်ရပ်စဲ‌ရေး ကာလက သ‌ဘောတူညီ ထားတဲ့ အပိုင်း‌လေး‌လောက်ပဲ ရှိပါ‌သေးတယ်။ ‌နောက် တစ်ဆင့်ချင်း ဘယ်လိုပုံစံမျိုး အ‌ကောင်အထည် ‌ဖော်‌စေချင်လဲ။

‌ဖြေ။ ပထမတစ်ချက်အ‌နေနဲ့ ဒီအစည်းအ‌ဝေးကို ဆက်လက်ပြီး‌တော့ အ‌ကောင်အထည်‌ဖော်မယ်။ ခုနက ‌ဆွေး‌နွေးခဲ့တဲ့အ‌ပေါ်မှာ‌တော့ ဒီအစည်းအ‌ဝေးကို ဒီလိုမျိုးဆက်လုပ်မယ်ဆိုရင် နိုင်ငံ‌ရေးပါတီ‌တွေ အားလုံး စုစည်းပြီး‌တော့ အဖွဲ့အားလုံးစုစည်းပြီး‌တော့ အားလုံးကို ‌ကော်မတီတစ်ရပ် ဖွဲ့ဖို့လိုပါတယ်။ ဒီ‌ကော်မတီ က‌နေပြီးမှ ဆုံးဖြတ်လိုက်တဲ့ဟာ‌တွေကို အားလုံး‌ဆောင်ရွက်ဖို့ လိုတာ‌ပေါ့‌နော်။ ဘာဖြစ်လို့လဲဆို‌တော့ ဒီ‌ကော်မတီမှာလည်း ပါဝင်မယ့် အားလုံး လူ‌တွေ လက်ခံယုံကြည်တဲ့ သူ‌တွေဖြစ်မှ ဒီ‌ကော်မတီ‌အောင်မြင် မှာပါ။ ‌နောက်တစ်ချက်က‌တော့ ‌ကော်မတီမှာ ပါတဲ့သူ‌တွေအပြင် ပံ့ပိုးမှု‌တွေ လိုပါ‌သေးတယ်။
အပစ်အခတ် ရပ်စဲ‌ရေးနဲ့ ပတ်သက်ပြီး အဆင့်တိုင်း အဆင့်တိုင်း‌ပေါ့‌နော် တိုးတက်မှု ရှိ‌စေချင်တယ်။ အခုအ‌နေထားမှာဆိုရင် ဒီတစ်နှစ်တွင်းမှာ တရားဝင် ‌တွေ့ချိန် သုံး‌လေးကြိမ်‌တော့ ကြားပါတယ်။ ဒါ‌ပေမယ့် ဖြစ်စဉ်အားလုံးကို မသိနိုင်ဘူး။ ဒါ‌ပေမယ့် အဖူး(အဖိုး) သမိန်ထွန်း ‌ပြောပြချက်အရ သူ့‌ဒေသမှာ‌တော့ သူအကုန်လုံး ဖြန့်‌ပေးတယ်‌ပေါ့‌နော်။ ဒီ‌ဆွေး‌နွေးချက်‌တွေက ‌နေရာတိုင်းမှာ မဖြန့်နိုင်‌သေးတဲ့အတွက် ဒီဟာက အားနည်းချက်လို့ ကျမ မြင်တယ်။ ဒီကိစ္စအားလုံးကို ကျယ်ကျယ် ပြန့်ပြန့်ဖြစ်‌အောင် လုပ် ‌စေချင်ပါတယ်။ အဲဒါမှလည်း ပြည်သူလူထု‌တွေရဲ့ ‌ထောက်ခံမှုကို ရမယ်။ လူထု‌ထောက်ခံမှု‌ရော အစိုးရကိုယ်တိုင်ကလည်း ဒီအ‌ပေါ်မှာ ရိုးရိုးသားသားနဲ့ ‌စေတနာ‌လေးနဲ့ လုပ်တဲ့ပုံစံ‌လေး ဖြစ်ရင်‌တော့ ပိုပြီး‌တော့ မြန်ဆန်ဖြစ်လိမ့်မယ်လို့ ကျမမြင်ပါတယ်။

‌မေး။ ‌နောက်ဆုံးတစ်ခုအ‌နေနဲ့ ဒီအစည်းအ‌ဝေးမှာ တက်‌ရောက်လာတဲ့ အ‌နောအပါအဝင် အားလုံးအ တွက် ဘယ်လိုအကျိုး‌တွေ ရလိုက်လဲ။

‌ဖြေ။ ဒီကရင့်‌ရေးရာ အစည်းအ‌ဝေးအ‌ပေါ်မှာ‌တော့ ကျမအ‌နေနဲ့က‌တော့ ‌ရှေးလူကြီး‌တွေက ဖြစ်ခဲ့တာ‌တွေကို ဒီအစည်းအ‌ဝေးမှာ လူငယ်‌တွေကို ‌ပြောပြတယ်။ ဒါကိုလည်း လူငယ်‌တွေ ကြားတယ်။ အဲဒီအ‌ပေါ်မှာ လူငယ်‌တွေအ‌နေနဲ့ အရင်တုန်းက သူတို့ရဲ့ လှုပ်ရှားမှုက လူမှု‌ရေးအဖွဲ့အစည်းအဆင့်‌လောက် လုပ်ခဲ့တယ်။ ဒီအစည်းအ‌ဝေးရဲ့ရလဒ်က သူတို့ရဲ့ နိုင်ငံ‌ရေးအမြင်ကို ‌ဖော်‌ဆောင်သွားမယ်လို့ ကျမ မြင်တယ်။ အဲဒီ‌တော့ ဒီအစည်းအ‌ဝေး‌ပေါ်မှာ လူငယ်‌တွေအ‌နေနဲ့ နိုင်ငံ‌ရေးအမြင် အများကြီးရှိသွားပြီလို့ ကျမမြင်ပါတယ်။ အဲဒါ ကျမ ‌မျှော်လင့်ချက်ပါ။