Home သတင်း ပန်းတ‌နော်တွင် အစိုးရနှင့် KNU ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု ကြိုဆို‌ထောက်ခံပွဲ ပြုလုပ်

ပန်းတ‌နော်တွင် အစိုးရနှင့် KNU ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု ကြိုဆို‌ထောက်ခံပွဲ ပြုလုပ်

1550
‌ဖေ‌ဖော်ဝါရီလ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့၏ ထာဝရငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုကို ကြိုဆို‌ထောက်ခံပွဲ အခမ်းအ နားတခုကို ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့တွင် ယ‌နေ့ ကျင်းပပြုလုပ်ရာ လူထုပရိဿတ် ၈‌ထောင်နီးပါး တက်‌ရောက် အား‌ပေးခဲ့ကြသည်။

ယင်းကြိုဆို‌ထောက်ခံပွဲကို အဆိုပါမြို့ရှိ တိုးချဲ့ရပ်ကွက်‌နေရာတွင် နံနက် ၈နာရီမှ စတင်ကျင်းပခဲ့ပြီး အခမ်းအနား သဘာပတိ အဖြစ် ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့ ဥက္ကဌ မန်းသိန်းလှက မိန့်ခွန်း‌ပြောကြားသလို KNU ဗဟိုအလုပ်အမှု ‌ဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်း‌မောင်၊ ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံခန့်ခွဲ‌ရေးနှင့် ဘဏ္ဍာ‌ရေးဝန်ကြီး ဦးဝင်းကိုကို တို့ကလည်း မိန့်ခွန်း‌ပြောကြားခဲ့သည်။

၎င်းအခမ်းအနား တက်‌ရောက်ခဲ့သူ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီ (မဟာရန်ကုန်)မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စောလှထွန်းက ပဒိုမန်းငြိမ်း‌မောင် ‌ပြောကြားသွားခဲ့သည့် မိန့်ခွန်းကို ယခုလို ပြန်လည်‌ပြောပြသည်။

၎င်းက “ပဒိုမန်းငြိမ်း‌မောင်‌ပြောတာက‌တော့ ‌ကေအဲန်ယူက ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာ‌တွေနဲ့ ပတ်သက်ပြီး‌ပြောတယ်။ ‌နောက်ပြီး ဒီ‌နေ့ဟာ ကရင်လူမျိုးတို့ရဲ့ ‌ကြွေး‌ကြော်သံ ၄ရပ်နဲ့ ‌တောင်းဆိုမှု‌တွေ စတင်ခဲ့တဲ့ ကရင်အမျိုးသား‌နေ့ဖြစ်ပြီး ဒီ‌နေ့အထိ ‌ကေအဲန်ယူက ကရင်တမျိုးသားလုံး တန်းတူအခွင့်အ‌ရေးရရှိဖို့ ကြိုးပမ်းလုပ်‌ဆောင်‌နေတာ‌တွေကို ရှင်းပြခဲ့ပါတယ်”ဟု ‌ပြော သည်။

‌ကေအဲန်ယူသည် စစ်အစိုးရကို လက်နက်စွဲကိုင် မ‌တော်လှန်ခင် ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် “ကရင်ပြည် ချက် ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ် အလိုမရှိ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ” ဟူ‌သော ‌ကြွေး ‌ကြော်သံ ၄ချက်ပါ ဆိုင်းပုဒ်များကို ကိုင်‌ဆောင်၍ တစ်ပြည်လုံးအတိုင်းတာဖြင့် နိုင်ငံ‌ရေးအရ ‌တောင်းဆိုဆန္ဒထုတ်‌ဖော်ခဲ့ကြ သည်။

နိုင်ငံ‌ရေးအရ ယင်းသို့‌တောင်းဆိုမှုကို အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် ‌ကေအဲန်ယူနှင့် စစ်အစိုးရတို့ နှစ်‌ပေါင်း ၆၀‌ကျော်ကြာ လက်နက် ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ တည်‌ဆောက်‌နေမှုကို ကြိုဆိုသည့် ယခု အခမ်းအနားတွင် အဆိုပြု‌ထောက်ခံလွှာကို အ‌နောက်ပိုးကရင်ဘာသာဖြင့် နန့်‌မေစီလျာ‌အေး၊ စ‌ကောကရင်ဘာသာဖြင့် ‌နော်ဖူး ဖူးစန်းနှင့် မြန်မာဘာသာဖြင့် ‌ဒေါက်တာမန်းခင်‌မောင်စိုးတို့က ဖတ်ကြားခဲ့ကြသည်။

ပန်းတ‌နော်မြို့တွင် ယ‌နေ့ ပြုလုပ်သည့် ထာဝရငြိမ်းချမ်း‌ရေး ကြိုဆို‌ထောက်ခံပွဲ

ပန်းတ‌နော် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့ ဥက္ကဌလည်းဖြစ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီဝင်လည်းဖြစ်သူ မန်း သိန်းလှက အစိုးရနှင့် ‌ကေအဲန်ယူတို့ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌နေမှုကို ကြိုဆို‌ထောက်ခံပါသလားဟု တက်‌ရောက်လာသည့် လူထုပရိဿတ်အား သုံးကြိမ်တိုင် ‌မေးမြန်းအတည်ပြုခဲ့ပြီး အခမ်းအနားကို ‌နေ့လည် ၁၁နာရီတွင် ရုတ်သိမ်းလိုက်သည်။

ငြိမ်းချမ်း‌ရေးကို ကြိုဆို‌ထောက်ခံမှုနှင့် ပတ်သက်၍ ‌စောလှထွန်းက “ဒါလည်း လုပ်သင့်လုပ်ထိုက်တဲ့ အ‌နေအထားတစ်ခုအ‌နေနဲ့ ‌တော့ လုပ်သင့်တယ်လို့မြင်ပါတယ်။ ကျွဲနှစ်‌ကောင်ခတ်တဲ့ကြားက ‌မြေစာပင် ဒုက္ခ‌ရောက်ရသလိုပဲ။ လက်နက်ကိုင်ပဋိပက္ခ‌တွေ လည်း အမြန်ချုပ်ငြိမ်းမှသာလျှင် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကိုရမှသာ အစိုးရ‌ပြောသလိုပဲ ‌ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ‌တော်ကို တည်‌ဆောက်နိုင်မှာလို့ သာမန်ပြည်သူတစ်‌ယောက်အ‌နေနဲ့ပဲ မြင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်မှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့မှ ဦး‌ဆောင်ကျင်းပခဲ့သည့် ယ‌နေ့အခမ်းအနားကို ‌ကေအဲန်ယူမှ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်း‌မောင်နှင့် ပဒို‌စောသမိန် ထွန်းတို့ ပါဝင်ခဲ့ကြပြီး လက်ရှိအစိုးရနှင့် ‌ကေအဲန်ယူတို့အကြား အ‌ကောင်အထည်‌ဖော်‌နေ‌သော စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို ရရှိ ‌စေရန် တဖက်တလမ်းမှ တွန်းအား‌ပေးသည့်အ‌နေဖြင့် ‌ထောက်ခံကြိုဆိုပွဲကို ယခုလို ကျင်းပရခြင်းဖြစ်‌ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ပန်းတ‌နော်မြို့နယ် အပါအဝင် ပုသိမ်၊ ‌မြောင်းမြ၊ ကျုံ‌ပျော်၊ ‌ကျောင်း ကုန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ‌ညောင်တုန်း၊ မအူပင်မြို့နယ်များမှ ‌ကျေးရွာ၊ မြို့နယ် အုပ်ချုပ်‌ရေးမှူးများနှင့် ‌ဒေသခံများလည်း တက် ‌ရောက်ခဲ့ကြသည်။