Home သတင်း KSNG မှ ကရင်‌ကျောင်းသားများ ချစ်ကြည်‌ရေး အားကစားပြိုင်ပွဲ KNU တပ်မဟာ (၇)တွင် သွား‌ရောက်ကျင်းပ

KSNG မှ ကရင်‌ကျောင်းသားများ ချစ်ကြည်‌ရေး အားကစားပြိုင်ပွဲ KNU တပ်မဟာ (၇)တွင် သွား‌ရောက်ကျင်းပ

2493
နိုဝင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံခရိုင်၊ တပ်မဟာ(၇)အတွင်းရှိ က‌လေ့ဖိုးကလိုး ရွာတွင် ကရင်‌ကျောင်းသားများ ကွန်ယက်အဖွဲ့-KSNG မှ ကြီးမှူး၍ ‌ကျောင်းသား‌ကျောင်းသူများအတွက် ချစ်ကြည်‌ရေး အားကစားပြိုင်ပွဲတရပ်ကို နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ရက်‌နေ့အထိ သွား‌ရောက်ကျင်းပ‌ပေး လျှက်ရှိသည်။

ကရင်‌ကျောင်းသား‌ကျောင်းသူများအချင်းချင်း ဆက်သွယ်‌ရေး‌ကောင်းမွန်လာမှု၊ ရင်းနှီးခင်မင်လာမှုနှင့် တတ်သိ ပညာ ဖလှယ်ကြရန် ရည်ရွယ်၍ အားကစား ပြိုင်ပွဲကို သွား‌ရောက်ပြုလုပ်‌ပေးရခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ကရင် လူငယ်များ အစည်းအရုံး-KYO နှင့် ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့-KRW တို့မှလည်း လိုက်ပါသွားခဲ့ သည်ဟု KSNG အတွင်း‌ရေးမှူး ‌စောဆာက‌ဆောက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု သွားတာက KYOနဲ့ KRW အဖွဲ့ဝင်အချို့နဲ့ KSNG အဖွဲ့ ၅‌ယောက်ပါ။ ကျ‌နော်တို့အားလုံးက အဲဒီမှာရှိတဲ့ ‌ကျောင်း‌တွေ တစ်‌ကျောင်းနဲ့ တစ်‌ကျောင်း ‌ကျောင်းသား‌တွေ ‌တွေ့ဆုံဖို့ မလွယ်ဘူး။ ဒါ‌ကြောင့် တစ်နှစ်တစ်ခါ သူတို့ကို ရင်းရင်းနှီးနှီးဖြစ်လာ‌အောင် သွားပြီး‌တော့ လုပ်‌ပေး‌နေ တာ”ဟု ‌စောဆာက‌ဆောက ‌ပြောသည်။

ယင်းပြိုင်ပွဲတွင် ‌ဘောလုံး၊ ‌ဘော်လီ‌ဘော၊ ခြင်းလုံးနှင့် စကားရည်လုပြိုင်ပွဲ ပါဝင်ပြီး စာသင်‌ကျောင်း‌ပေါင်း ၃ဝ ‌ကျော်မှ ‌ကျောင်းသား‌ကျောင်းသူများက ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲများလိုက် ပထမဆု၊ ဒုတိယဆု နှင့် တတိယဆု ရရှိသူများကို KSNG က ဆုချီးမြှင့်သွားမည်ဖြစ်သည်။

ဆက်လက်၍ ‌စောဆာက‌ဆောက “အခု ဆုရတဲ့ သူ‌တွေကို KSNG က‌နေ ကြီးကြီးမားမား ဆု‌တော့ မ‌ပေးနိုင် ဘူး။ မုန့်တို့ ဘာတို့ပဲ။ ဒါ‌ပေမယ့် စကားရည်လုပွဲမှာ ဆုရတဲ့သူ‌တွေကို‌တော့ မုန်နဲ့ လက်မှတ်တစ်ခု ‌ပေးပါ တယ်”ဟု ဖြည့်စွက်‌ပြောသည်။

တချိန်တည်းမှာပင် KNU ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃)၌လည်း အလားတူ ‌ကျောင်းသား‌ကျောင်းသူ ချစ်ကြည်‌ရေးအားကစားပြိုင်ပွဲကို KSNG က သွား‌ရောက်ကျင်း ပ‌ပေးလျှက်ရှိသည်ဟု သိရသည်။

၂၀၀၃ခုနှစ်မှ စတင်၍ KSNG သည် ‌ကျောင်းသားများချစ်ကြည်‌ရေးပြိုင်ပွဲကို တစ်နှစ်လျှင် KNU တပ်မဟာ နှစ်ခုဖြင့် နှစ်စဉ်နှစ်တိုင်း သွား‌ရောက်ပြုလုပ်‌ပေးလျှက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်း၊ ပြည်ပတွင်‌နေထိုင်ကြ‌သော ကရင်‌ကျောင်း သား‌ကျောင်းသူများ တဖွဲ့နှင့်တဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတများကို ‌ဝေငှကြရန် ရည်ရွယ်၍ KSNG ကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ ၆ရက်‌နေ့တွင် ဖွဲ့စည်းခဲ့သည်။