Home သတင်း KNU ‌ခေါင်း‌ဆောင် ပဒို‌ဒေးဗစ်‌ထော ကွယ်လွန်

KNU ‌ခေါင်း‌ဆောင် ပဒို‌ဒေးဗစ်‌ထော ကွယ်လွန်

1652
‌အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို တရား‌ရေးတာဝန်ခံ ပဒို‌စော‌ဒေးဗစ်‌ထောသည် ယ‌နေ့ည မြန်မာစံ‌တော်ချိန် ၁ဝနာရီခွဲတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

အသက် ၆၅နှစ်ရှိသည့် ပဒို‌ဒေးဗစ်‌ထောသည် ၎င်းတက်‌ရောက်ကုသ‌နေသည့် မဂင်္လာဒုံ စစ်‌ဆေးရုံ၌ပင် ကွယ်လွန်သွားခြင်းဖြစ်ပြီး
၎င်းကို ရန်ကုန်မှ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သကင်္န်းညီ‌နောင်‌ကျေးရွာအထိ ဟယ်လီ‌ကော်ပတာဖြင့် ညတွင်းချင်း ပြန်လည်ပို့‌ဆောင် ရန် အစိုးရဘက်မှ စီစဉ်ထားသည်။

ယင်း‌နောက် သကင်္န်းညီ‌နောင်မှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်သယ်‌ဆောင်သွားရန် ‌ကေအဲန်ယူဘက်မှ စီစဉ်ထားသည်ဟု ‌ကေအဲန်ယူအသိုင်းအဝိုင်း၏ ‌ပြောဆိုမှုများအရ သိရသည်။

ဇနီး‌နော်ဂျင်းဂျာနှင့် သားနှစ်ဦး သမီးသုံးဦးထွန်းကားသည့် ပဒို‌စော‌ဒေးဗစ်‌ထောကို မိဘများဖြစ်သည့် ဦး‌ရွှေ‌ထော၊ ‌နော်‌မေဖိုးတို့မှ
၁၉၄၈ခုနှစ်၊ မတ်လ ၁ဝရက်တွင် ‌မွေးဖွားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။

၎င်း၏ ဈာပနကိစ္စနှင့် ပတ်သက်၍ ‌နောက်ရက်များတွင် ‌ကေအိုင်စီမှ ဆက်လက် ‌ရေးသားတင်ပြသွားမည်ဖြစ်သည်။