M. ထက်ခေါင်
(၁)
ယခုလထဲ တော်လှန်ရေးအဖွဲ့အစည်းများအတွင်း စိတ်အနှောက်အယှက်ဖြစ်ဖွယ်၊ စိတ်ပူစိုးရိမ်ဖွယ် ဖြစ်ရပ်အချို့နှင့် ပတ်သက်၍ အချို့ပုဂ္ဂိုလ်များ ရေးသားအကြံပြုခဲ့ကြပြီးဖြစ်သောကြောင့် ကျနော့်အနေဖြင့် အထူးတလည် ရေးရန်လိုမည် မဟုတ် ချေ။ လောလောဆယ် ကေအဲန်ယူအတွင်း ဖြစ်ရှိခဲ့သည့် အခြေအနေကို အကျဉ်းမျှ ဖော်ပြပြီး ဗမာပြည်နှင့် ပတ်သက်သည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍ ညံ့ဖျင်းမှုများနှင့် လူမျိုးရေး၊ စစ်ရေး၊ နိုင်ငံရေး ကဏ္ဍအချို့ကိုသာ အနည်းငယ်မျှ တင်ပြလိုသည်။
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲမှာပင် နှစ်ဘက်ဆက်ဆံရေးရုံး ဖွင့်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုနှင့် ကေအဲန်အယ်လ်အေတပ်မှူးအချို့အကြား ပြဿနာ အနည်းငယ်ရှိခဲ့သည့်အပေါ် အဖွဲ့အစည်းအတွင်း ပြန်လည်သင့် မြတ်ပြေလည်စေရေး အချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ စစ်ဦးစီးချုပ် အပါအဝင် တာဝန်ရှိသူအချို့ကို ရာထူးမှလည်း ကောင်း၊ ကေအဲန်ယူ အဖွဲ့အစည်းဝင်အဖြစ်မှလည်းကောင်း ထုတ်ပယ်ခဲ့သောကိစ္စသည် တရားဥပဒေအထက် စစ်ဦးစီးချုပ် ရှိနေ သည့် ဗမာပြည် စစ်အုပ်စုကို အတော်ကလေး မျက်ခုံးပင့် ကျောချမ်းသွားစေခဲ့သည်။ ကေအဲန်ယူနှင့် ကေအဲန်အယ်လ်အေ တပ် ကွဲမည့်ကိစ္စအတွက် ၎င်းတို့ စိတ်တွင်းမှာတော့ အတော်ပင် ကျေနပ်အားရ တက်ကြွနေကြမည် ဖြစ်သည်။
တကယ်တော့ ကေအဲန်အယ်လ်အေဆိုသည်မှာ ကေအဲန်ယူက မွေးဖွားလာသောတပ်ဖြစ်၍ ကေအဲန်ယူ အစည်းအရုံး ဝင်ပင် ဖြစ်သည်။ ကေအဲန်ယူနှင့် ကေအဲန်အယ်လ်အေကို ခွဲခြားမရ။ အဖွဲ့အစည်းနှင့် တပ်ကို တသီးတခြားစီ ခွဲထုတ်ဆက်ဆံလို ၍လည်း မရ။ ကေအဲန်ယူအဖွဲ့အစည်း ပြိုကွဲနိုင်မည့်ကိစ္စကို စိုးရိမ်စိတ်ဖြင့် ကြားဝင် ညှိနှိုင်း အကြံပြုသော ကရင်အဖွဲ့အစည်းအ ချို့လည်း ရှိသည်။ မိမိတို့အချင်းချင်း စည်းဝေး ဆွေးနွေးပြီးနောက်တွင် ကရင်လူထု၏ အားကိုးအားထားပြုရာ အဖွဲ့အစည်းအ ဖြစ် အနှစ် ၆၀ကျော် မားမားမတ်မတ် ရပ်တည်ခဲ့သော ကေအဲန်ယူသည် ကရင်တမျိုးသားလုံး၏အကျိုးကို ရှေ့ရှုပြီး အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွှတ်မှုအတွက် စစ်ဦးစီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား မူလရာထူးများ ပြန်လည်အပ်နှင်း ကြောင်း၊ အဖွဲ့အစည်းတွင်းမှ ပြဿနာများကို သင်ပုန်းချေ ပြည်ဖုံးကားချလိုက်ကြောင်း ဆုံးဖြတ်ကြေညာနိုင်ခဲ့သည်။ ရန်သူဝမ်း သာကျေနပ်စေမည့်အဖြစ်မျိုး ရှေ့ဆက် မဖြစ်စေရေး အချင်းချင်း ရင်ကြားစေ့ခဲ့ကြသည်။
မည်မျှပင် သွေဖည်လမ်းလွဲ ခြေချော်လက်ချော် ယိုင်နဲ့မှုများ ရှိခဲ့စေကာမူ ကေအဲန်ယူသည် ပြည်တွင်းပြည်ပ အနယ် နယ်အရပ်ရပ်မှ အားပေးထောက်ကူမှုများဖြင့် မိမိလမ်းကြောင်းအတိုင်း တည့်မတ် ခိုင်ကျည်စွာ ဆက်လက်လျှောက်လှမ်းနိုင်ရေး မဆုတ်မနစ် လုပ်ဆောင်သွားလိမ့်မည် ဖြစ်၏။
(၂)
ဗဟန်းအဲန်အယ်လ်ဒီရုံး၌ အမေရိကားပြန် အတွေ့အကြုံများ ရှင်းလင်းပြနေရင်း ဗမာနိုင်ငံ ပညာရေးစနစ်မှာ အနှစ် ၅ဝ ကျော် ညံ့ဖျင်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်သည့်သတင်းကို ဖတ်ရသည်။ ၁၉၆၂ခုနှစ်၊ မတ်လ ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်ပြီးကတည်းက အရာရာကို ချုပ်ကိုင်နိုင်ဖို့ရန် ကြိုးစားခဲ့ခြင်း ဖြစ် သည်။ အာဏာသိမ်းပြီး မကြာမီမှာပင် နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်များကို ထောင်ထဲဖမ်းထည့်၊ ငွေစက္ကူ များ တရားမဝင် သိမ်းဆည်းသည့်အပေါ် ကျောင်းသားတွေက ဆူပူကန့်ကွက်ခဲ့သည်တွင် ကျောင်းသားသမဂ္ဂကို ဗုံးခွဲကာ ကျောင်းသားတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။ ယခင်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ဗမာပြည် လွတ်လပ်ရေးတိုက်ပွဲဝင် ပညာတတ်ကျောင်းသားများကို ယှဉ်ပြိုင်၍ မရပဲ အမုန်းကြီး မုန်းခဲ့ သော ဗိုလ်ချုပ်နေဝင်းမှာ ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို တမင်ပင် အချိန်ယူ ဖျက်ဆီးခဲ့ခြင်း ဖြစ်၏။
ပြည်သူပိုင်သိမ်းသည်ဟုဆိုကာ ပြည်တွင်း အရင်းရှင် လုပ်ငန်းရှင်တို့၏ စက်ရုံအလုပ်ရုံများကို သိမ်းရာတွင် သာသနာ ပြုကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကိုပါ အစိုးရပိုင်အဖြစ် သိမ်းယူလျက် ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို ထင်သလိုချယ်လှယ် ချုပ်ကိုင်နိုင်ရန် ကြိုးစားခဲ့သည်။
(၃)
၁၉၆၂ခုနှစ် မတိုင်မီက ကျောင်းဆရာ ဆရာမများအပေါ် ရိုသေလေးစားတတ်ခဲ့သူ အများအပြားမှာ ၁၉၆၂လွန်ကာလ များတွင် တွေ့လာရသော ပညာရေးဝန်ထမ်း (အထူးသဖြင့် ကျောင်းဆရာမ)များအပေါ် လေးစားလိုစိတ်များ ကုန်ခမ်းလာကြ သည်။ တော်လှန်ရေးကောင်စီခေတ်နှင့် မဆလခေတ် ဆရာမ အများစုမှာ စစ်ဗိုလ်၊ အရာခံဗိုလ်၊ တပ်ကြပ် စသူတို့၏ မယားတွေ ဖြစ်၏။ စစ်အုပ်စု၏ အစီအစဉ်အရ အရပ်သားဆရာ ဆရာမအချို့ကို ဖြုတ်ထုတ်၊ အချို့ကို တနယ်တကျေးပို့ကာ ၎င်းတို့လူများ ကို ခန့်ထားကြခြင်း ဖြစ်သည်။
စစ်အုပ်စုက ခန့်လိုက်သော ဆရာမအများအပြားမှာ တပည့်တွေအပေါ် သဘောထား စေတနာမမှန်ကြ၊ အချို့ဆိုလျှင် တပည့်အပေါ် စေတနာလုံးဝ မရှိကြသူတွေဖြစ်သည်။ ဆရာအတတ်သင်ကျောင်းကို တက်ခဲ့သည်ဆိုသော်လည်း သင်ကြားမှု အရည်အချင်း ညံ့ဖျင်းရုံမက၊ သင်ကြားသည့် ဘာသာရပ်ကို ပိုင်နိုင်အောင် ကြိုးစားအားထုတ် လေ့လာမှုမရှိ၊ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ သိလှပြီဟု ထင်နေကြသူတွေသာ ဖြစ်၏။
သခင်္ျာသင်သူကလည်း သခင်္ျာကို ကောင်းစွာမပိုင်၊ တပည့်တွေနှင့်အတူ ဝိုင်းတွက်ရင်းမှာပင် ၎င်းတို့ကိုယ်တိုင် ချာလည် လည်နေသော ဆရာမတွေ ရှိသည်။ အဂင်္လိပ်စာ သင်ကြားရာတွင်လည်း ပြဌာန်းစာအုပ်မှာ အဘိဓာန်ထဲမှ အဓိပ္ပါယ်တွေ ရေး ထားပြီး တနေ့နည်းနည်း ဖတ်ပြ ဘာသာပြန်ပြသည်ကလွဲ၍ အဂင်္လိပ်စာကို တကယ်တမ်းတတ်မြောက်အောင် မသင်တတ်သူ တွေလည်း ရှိသည်။ သခင်္ျာနှင့် အဂင်္လိပ်စာကို မဆိုထားနှင့် မြန်မာစာ မြန်မာကဗျာကိုပင် အလွဲလွဲအချော်ချော် သင်ကြားတတ် သော စစ်သားမယားများလည်း အများအပြား ရှိလေသည်။
သာသနာပြုကျောင်းများတွင် မူလတန်းကစ၍ အဂင်္လိပ်စာသင်ခဲ့ရာမှ ပြည်သူပိုင်သိမ်းလိုက်ပြီးသည့်နောက် အခြားအ စိုးရအထက်တန်းကျောင်းများနည်းတူ (၅)တန်းရောက်မှ အဂင်္လိပ်စာ စသင်သည့်စနစ်ကို ကြုံလိုက်ရသူများမှာ အတော်ပင် ကသိကအောက် ဖြစ်ကြရသည်။ တိုင်းပြည်နှင့်အဝှမ်း အဂင်္လိပ်စာတွေညံ့ကုန်ပြီး ၎င်းတို့သားသမီးများပါ အဂင်္လိပ်စာ ညံ့ဖျင်း သောအခါမှ မူလတန်းက စသင်သည့်စနစ်ကို ပြန်၍ပြောင်းခဲ့သည်။ ကျောင်းသားကျောင်းသူတို့၏ စိတ်ပါဝင်စားမှုနှင့် ပင်ကိုယ် အရည်အသွေးကို အလေး ဂရုမပြု၊ ဘာသာရပ်တခု၌ သတ်မှတ်ထားသော အောင်မှတ်ထက် မဆိုစလောက် လျော့နည်းရုံဖြင့် ကျန်ဘာသာအားလုံးလိုလို ထူးချွန်သည့်တိုင် ကျရှုံးအဖြစ် သတ်မှတ်တတ်သည့် ပညာရေးစနစ်နှင့်၊ သိပ္ပံဘာသာတွဲ ဝိဇ္ဖာဘာ သာတွဲများ ခွဲခြားလိုက်ခြင်းတို့မှာ ကျောင်းသားကျောင်းသူတို့အား ၎င်းတို့အားသန်ရာ ဘာသာရပ်ကို ၎င်းတို့သဘောနှင့်၎င်းတို့ လေ့လာလိုက်စားမှု မပြုနိုင်အောင် တားဆီးပိတ်ပင်လျက်၊ ၎င်းတို့စိတ်ပါဝင်စားမှုမရှိသော ဘာသာရပ်ကို အမှီပြု၍ အသက်မွေး ရန် ကန့်သတ်လိုက်သလို ဖြစ်နေပြီး တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည့် လူငယ်ထု၏ အနာဂတ်ကို မှောင်ချလိုက် ခြင်းသာ ဖြစ်လေသည်။ တော်လှန်ရေးကောင်စီနှင့် မဆလက စမ်းသပ်ခဲ့သည့် ပညာသင်ကြားမှုစနစ်မှာ ဗမာပြည်သား ကျောင်း သားလူငယ်များ၏ တွေးဆ ဆင်ခြင်နိုင်မှု ပမာဏနှင့် ဘဝလမ်းကြောင်းကို ဘောင်ခတ်ချုပ်ချယ် ချိုးနှိမ်စော်ကားသော ပညာရေး စနစ် ဖြစ်၏။
(၄)
မှတ်ဉာဏ်အရည်အချင်း ညံ့ဖျင်းသည့်အပြင် တွေးဆဆင်ခြင်နိုင်မှု အသိတရားမရှိ၊ လေ့လာအားထုတ်မှု နည်းပါးပြီး ကျောင်းသားတွေအပေါ်မှာပါ စေတနာ ချို့တဲ့ခေါင်းပါးသည့် ဆရာမများမှာ ယခုခေတ်တွင် မဆလခေတ်ကထက် ပို၍ များလာခဲ့ သည်။
ထိုဆရာဆရာမတွေမှာ ငွေပေးနိုင်သော ကျောင်းသူကျောင်းသားကို အတန်းသာအောင်စေပြီး တကယ်တမ်း ပညာ တတ်မြောက်အောင်မူ သင်မပေးနိုင်ကြ။
စာရေးမကို ပါးရိုက်သည့် ပါမောက္ခမ၊ ကျောင်းသူကို အဓမ္မ ကျောင်းထုတ်မည်ပြုသည့် ကျောင်းအုပ်ဆရာမ၊ ကျောင်း သူကျောင်းသားတွေထံမှ ကျောင်းဝင်ကြေးအပြင် လာဘ်ငွေသိန်းချီ၍ ယူနေကြသည့် ကျောင်းအုပ်ဆရာမနှင့် အခြားဆရာမများ၊ မိမိကျူရှင်ကို မတက်ရကောင်းလားဆိုပြီး ကျောင်းသူကျောင်းသားကို နှိပ်စက်သည့် ကျောင်းဆရာမ၊ သူငယ်တန်းကျောင်းသား ကလေးအား မဆင်မခြင် အမှောင်ခန်းပိတ်ပြီး ဒဏ်ပေးခဲ့ရာ အမှောင်ခန်းကြောက်သွားခဲ့သည့် ကလေးကို နောက်တကြိမ်တွင် လည်း ထိုသို့ ဒဏ်ပေးရန် အတင်းဆွဲခေါ်ရာတွင် ကလေးက ခဲတံနှင့်တင်ပါးကို ထိုးသောကြောင့် ကလေးကို လက်လွန်ခြေလွန် ပါးချပြီး ကလေးရူးနေ၍ ကျောင်းသို့လာပို့စရာမလိုကြောင်း၊ ဆေးဆရာဝန်ဆီ သွားပြဖို့လိုကြောင်း ကလေးမိခင်ကို မောက်မာစွာ ပြောဆိုခဲ့သည့် ဆရာမတို့မှာ စစ်အုပ်စုလက်ထက်တွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာသော ပညာရေးဌာန အမှိုက်သရိုက်များ ဖြစ်လေသည်။ ၎င်းတို့ ထိုသို့ ပြုကျင့်ရဲခြင်းမှာ ၎င်းတို့ ကျောထောက်နောက်ခံပြုနေသော စစ်အုပ်စုက သင်ကြားပေးလိုက်သော ကြောင့်ပင် ဖြစ်၏။
ပညာရေးဆိုသည်မှာ လောကီ လောကုတ္တရာ ကောင်းကျိုးဆောင်သည့် မွန်မြတ်သောကိစ္စရပ် ဖြစ်သည်။ ဆရာထံ မှောက် ပညာရပ်များကို သင်ကြားရာတွင် ရိုကျိုး တုပ်ကွ ပျပ်ဝပ် နာခံလျက်၊ ဆရာကို ချစ်ကြောက်ရိုသေခဲ့ကြသော ရှေးလူကြီး သူမများအနေဖြင့် ယနေ့ခေတ် ပညာရေးလောကတွင်းမှ ဆရာ့ကျင့်ဝတ်နှင့် မကိုက်ညီ၊ တပည့်များအား တကယ့်ပညာတတ် မြောက်အောင် သင်ကြားပေးနိုင်သည့် အရည်အချင်းမရှိသော ဆရာ ဆရာမများကို မြင်လျှင် မိမိတို့သားမြေးများအတွက် စိတ် လက်မအေး ဖြစ်ကြရပေလိမ့်မည်။
အထူးသဖြင့် ထိုဆရာမတွေကို မိမိတို့ တာဝန်ယူသင်ကြားမည့် ဘာသာရပ်နှင့်ပတ်သက်၍ အဆင့်မြင့်မြင့် တတ်ကျွမ်း နားလည်အောင်သာမက၊ လူ့အသိစိတ်ဓာတ်နှင့် လူ့ယဉ်ကျေးမှုကိုပါ သဘောပေါက် နားလည်နိုင်ရေး လေ့ကျင့်သင်ကြားပေး ဖို့ရန် လိုအပ်မည် ဖြစ်လေသည်။
(၅)
ရောဂါရှာဖွေကုသရေးနှင့် ပတ်သက်၍ ခေတ်မှီ စက်ကရိယာများ တပ်ဆင်ထားသော ပုဂ္ဂလိက ဆေးရုံကြီးတွေ အများ အပြား ပေါ်လာသည်။ ဆေးရုံတက်ခ သိန်းနှင့်ချီ၍ကုန်ကျမည် ဖြစ်သောကြောင့် သာမန်လက်လုပ်လက်စား လူထုအနေဖြင့် အနားပင် မကပ်နိုင်။ စစ်အုပ်စု၏ ခရိုနီတွေနှင့် စစ်အုပ်စု အစွယ်အပွားများ ဖွင့်ထားသည့် ဆေးရုံကြီးများ ဖြစ်သည်။ မဆလ ခေတ်က ခိုင်းနှိုင်း ပြောဆိုခဲ့သော စေတနာဆရာဝန်နှင့် အသပြာဆရာဝန်မှာ ယခုခေတ်တွင် အသပြာဆရာဝန်သာ ရှိတော့ ကြောင်း သရုပ်ဖော်နေခြင်း ဖြစ်သည်။
ယခင်က အခမဲ့ကုသခွင့် ရခဲ့သော ပြည်သူ့ဆေးရုံများမှာ မဆလခေတ်ကတည်းကပင် ထိုက်သင့်သလောက် အကုန်အ ကျခံခဲ့ကြရပြီ ဖြစ်ပြီး ယခုခေတ် စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်မှာလည်း ဆေးရုံတွေမှာ ဆေးမရှိ၍ ဆရာဝန်ရေးပေးသော ဆေးဖိုးဝါးခကို ပြင်ပမှဝယ်ယူရပြီး ဆရာဝန် ဆရာမတို့အတွက်ပါ ပူဇော်ပေးကမ်းရသောကြောင့် စရိတ်မျှပေးမဟုတ်တော့ပဲ စရိတ်အကုန်ကျခံရသည့် အစီအစဉ်ပင် ဖြစ်နေလေသည်။
ပုဂ္ဂလိကဆေးရုံကြီးများမှ အထူးကုဆိုသော ဆရာဝန်ကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍လည်း အားထားယုံ ကြည်လောက်စရာမရှိ။ ထိုဆေးရုံကြီးများတွင် ငွေသောက်သောက်လဲ အကုန်ခံပြီး လူ့ဘဝကို ကျောခိုင်းစွန့်ခွာသွားကြရသူတွေ မှာ မနည်းမနော ဖြစ်၏။ လက်တည့်စမ်း ကုသတတ်ကြသော ၎င်းတို့အပေါ် ယုံကြည်မှု မရှိသောကြောင့် ငွေတတ်နိုင်သူအချို့မှာ ထိုင်းနှင့် စကင်္ာပူတို့အထိ သွားရောက် ကုသကြရသည်။
စစ်အုပ်စုလက်အောက် ဗမာပြည်လူထုမှာ ရောဂါကုသမှု အတွေ့အကြုံနည်းပါးပြီး လူနာအပေါ် သွေးသားရင်းခြာလို စိတ်စေတနာ မထားနိုင်သော၊ အမှားကို တာဝန်မယူနိုင်သော ဆရာဝန်များနှင့် ယဉ်ပါးအသားကျနေခဲ့ကြပြီ ဖြစ်သည်။ ရန်ကုန် အနီးဝန်းကျင် မြို့နေလူထုအနေဖြင့်မူ ကျော်သူ၏ နာရေးကူညီမှုအသင်းနှင့် မြတ်သုခဆေးခန်းတို့ကိုသာ အားကိုးအားထားပြု နေရလေသည်။
(၆)
ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို မြှင့်တင်ရန်အတွက် စစ်အုပ်စုအနေဖြင့် အတွေးအခေါ်တွေကို ပြင်ဖို့လိုကြောင်း ကိုမင်း ကိုနိုင် ပြော၏။ ပညာရေးနှင့် ကျန်းမာရေးကိစ္စကို ကာကွယ်ရေးအသုံးစရိတ်လောက်ပင် တန်ဖိုးမထားသော စစ်အုပ်စု၏ ညံ့ဖျင်း မှုများကို ဆိုလိုခြင်း ဖြစ်သည်။ မည်သည့်ပြည်ပရန်မျှ မရှိပဲ ပြည်တွင်းစစ်ကို အတောမသတ် တောက်လောင်စေပြီး စစ်ရေးအသုံး စရိတ်များကို အဆင့်ဆင့် ခိုးဝှက်စားရင်းပြကြကာ၊ တကယ်တမ်းအားဖြင့် လူထုထံမှသာ ပေါ်တာဖမ်း၊ အဓမ္မ လုပ်အားပေးခေါ်၊ လမ်းပြင်ကြေး၊ ဘာကြေးညာကြေး၊ အမျိုးမျိုးကောက်ခံပြီး ကောက်ရသမျှ အခွန်အတုပ်များကို ဝေစုခွဲလျက် မိမိတို့အာဏာတည် မြဲနိုင်ရေး အထက်ကို အဆင့်ဆင့် ပံ့ပိုးနေကြခြင်း ဖြစ်သည်။ ဗမာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ဆိုသည်မှာ ၎င်းတို့စစ်အုပ်စု အတွက် သပိတ်ဝင်အိတ်ဝင် ဗြောင်ကျကျ ခိုးယူဖို့သာဖြစ်၏။ ကာကွယ်ရေးအသုံးစရိတ်တွေ အများအပြား ရယူထားသော စစ် အုပ်စု၏ တပ်သည် ဗမာပြည်ထဲမှာ ဘာတွေကိုများ ကာကွယ်နေပါသနည်း။
ရခိုင်မှာ အဓိကရုဏ်းတွေ ထပ်မံပြင်းထန်လာသည့်ကိစ္စ။ ကျောက်ဖြူ တောင်ကုတ်၊ စစ်တွေတို့က စခဲ့သည့် ရခိုင်ဘဂင်္ါ လီ ပဋိပက္ခမှာ မြောက်ဦး၊ သံတွဲ၊ တို့မှနေ၍ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်တို့အထိ ပျံ့နှံ့လာခဲ့ပြီဖြစ်ပြီး အိမ်များ မီးရှို့ခံရ၊ နှစ်ဘက်လူများ အပြန်အလှန် သတ်ဖြတ် သေကြေနေကြရသည်။ တခုထူးထူးဆန်းဆန်း ကြားရသည်မှာ မြန် မာစစ်တပ်က ရခိုင်များကို တမင်ပင် သေသေချာချာ ချိန်ရွယ် ပစ်ခတ်ခဲ့ကြသည်ကို မျက်မြင်သက်သေများက ပြန်လည်ဖော် ထုတ်လာခြင်း ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်တပ်သည် အမျိုးသား ရေးတာဝန်ကို သစ္စာဖောက်ကာ ရခိုင်တိုင်းရင်းသားတွေကို ပစ်ခတ်နေပြီ ဖြစ်၏။ တဘက်မှ ငွေကြေးဖြင့် ခိုင်းစေသောကြောင့် လုပ်ပေးကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ရခိုင်ပြည်နယ်ထဲ ကျူးကျော်စော်ကားသည့် ဘဂင်္ါလီရိုဟင်ဂျာများကိစ္စ တပ်မတော်နှင့်လက်တွဲပြီး တတပ်တအား ပါဝင် တိုက်ဖျက်သွားမည်ဟု ၈၈ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးက ပြောခဲ့သည်။ ရွှေညဝါဆရာတော်ကလည်း စစ်အုပ်စုရဲ့ ထောင် ချောက်ထဲ အဝင်မခံရန် မိန့်ကြားပြီး တကယ်တမ်း ဖြစ်လာပါက မိမိတို့သံဃာများကပါ တပ်မတော်နဲ့လက်တွဲပြီး ကာကွယ် တိုက်ဖျက်သွားမည့်အကြောင်း ပြောခဲ့သည်။ လူထုအနေဖြင့်မူ ယခုလိုပုံစံမျိုးဖြင့် တပ်မတော်ဆိုသည့် ပြည်ဖျက်စစ်အုပ်စု လက် ပါးစေများနှင့် လက်တွဲရေးကို မည်ကဲ့သို့ ယုံကြည်ကိုးစားရမည်နည်း။
မကြာသေးမီက တိုင်းရင်းသားအင်အားစုများ၏ ယူအဲန်အက်ဖ်စီနှင့် တွေ့လိုကြောင်း ဦးအောင်မင်း ပြောခဲ့သည်။ ကချင် နှင့်လည်း ရွှေလီမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေ၏။ နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေချိန်မှာပင် စစ်အုပ်စုတပ်များ၏ ကချင် နယ်မြေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုက်ပွဲတွေကတော့ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ကေအိုင်အို တည်ထောင်မှု နှစ်ပတ်လည်နေ့မှာတော့ ကေအိုင်အေက မိမိနယ်မြေအတွင်းမှ စစ်အုပ်စု၏ တပ်စခန်းအချို့ကို လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ ကေအိုင်အိုနေ့ကို ဂုဏ်ပြုလိုက်ကြောင်းနှင့် စစ်အုပ်စုတပ်များဘက်ကလည်း ဒေါသတကြီး ပြန်လည်ရမ်း သမ်းပစ်ခတ်ခဲ့ကြောင်း၊ ကေအိုင်အိုဘက်က ပစ်ခတ်မှုမှာ စစ်အုပ်စုတပ်အချို့ကို သေကြေ ထိခိုက်စေခဲ့သော်လည်း စစ်အုပ်စု တပ်၏ လက်နက်ကြီးတွေကတော့ ကေအိုင်အိုကို ထိခိုက်မှုမရှိခဲ့ကြောင်း ကြားသိရသည်။
အခါများစွာ အလိမ်ခံခဲ့ရပြီးဖြစ်သော စစ်အုပ်စုနှင့် တွေ့ဆုံ ဆွေးနွေးပွဲအပေါ် အလေးအနက် မထားကြောင်းနှင့်၊ မှန်မှန် ကန်ကန် မဆွေးနွေးပါက တိုက်ပွဲများကို ဆက်လက်ရင်ဆိုင်ရန် အဆင်သင့် ရှိနေကြောင်း ကေအိုင်အေက ထုတ်ဖော်ပြသလိုက် ခြင်းပင် ဖြစ်သည်။ တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့်လည်း ဖုတ်ပူမီးတိုက် တွေ့ဆုံကာ ဒရောသောပါးနှင့် စကားတွေ စွတ် ကျွံပြီး ရန်သူအဖို့ အားရကျေနပ်စေမည့် ဆွေးနွေးပွဲမျိုးမဖြစ်ရန် ဂရုစိုက်ကြရမည် ဖြစ်သည်။
(၇)
ပြီးခဲ့သည့်အခေါက် နိုင်ငံခြားကို မိမိတို့ကိုယ်စီ အကျိုးအမြတ်အတွက် အသီးသီးအဿက ထွက်ခွာကြစဉ် ဒေါ်အောင် ဆန်းစုကြည်က စန်ရှင်တွေ ရုတ်သိမ်းမယ်ဆိုရင် ထောက်ခံကြောင်း ပြောခဲ့လိုက်သည်နှင့် မရှေးမနှောင်းမှာပင် အရေခြုံ သမ္မတ သိန်းစိန်ကလည်း ဒေါ်စုကို လူထုလက်ခံရင် သမ္မတ ဖြစ်နိုင်ကြောင်း ပြောလိုက်သည်။ အခြေခံဥပဒေအရ မဖြစ်နိုင်မှန်းသိလျက်၊ စန်ရှင် ရုတ်သိမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုအပေါ် တုန့်ပြန်သည့်အနေဖြင့် လောကွတ်ချော် ပြောဆိုလိုက် သော အနှစ်မဲ့စကားသာ ဖြစ်သည်။
ထိုစကားကို ကြားသည်နှင့် စစ်အုပ်စုလက်အောက် လွှတ်တော်မှနေ၍ အခြေခံဥပဒေကို် ပြင်ဖို့ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ကြောင်း မကြာသေးမီကမှ အနည်းငယ် ရိပ်မိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိ်သာ သမ္မတအာ ဏာကိုရလျှင် လူထုအကျိုးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နိုင်ကောင်းရဲ့ဟူသောအကြံဖြင့် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌအဖြစ် ကော သမ္မတအဖြစ်ပါ လုပ်ဆောင်ရဲကြောင်း ပြောလိုက်ပြန်လေသည်။ သို့ရာတွင် ပြောဆိုပုံ နည်းလမ်းမကျသောကြောင့် သူ့ကို အမှီပြုလျက် အမြတ်ထုတ်ရန် ကပ်ရပ်ချီးပင့် နေကြသူအချို့ထံမှအပ လူထုထံကမူ စိတ်ဝင်တစား လှိုက်လှဲထောက်ခံမှု မရှိသော မလိုလားဖွယ် အသံများကို ပြန်၍ ကြားသိခဲ့ရလေသည်။
စစ်အုပ်စုနှင့် မည်မျှပင် အလွမ်းသင့်သည်ဖြစ်စေ စစ်တပ်ကို မချုပ်ကိုင်နိုင်ပဲ သမ္မတလုပ်မည်ဆိုလျှင် ကြိုးဆွဲခံ သမ္မတ သာ ဖြစ်နိုင်ပေလိမ့်မည်။ ထိုအတွင်း ယခင်ပြည်ပခရီးစဉ်တုန်းက သမ္မတသက်တမ်း တစ်ကြိမ်သာလုပ်မည်ဟု ဆိုခဲ့သော အရေ ခြုံသမ္မတသိန်းစိန်ကလည်း လူထုလက်ခံလျှင်နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် စဉ်းစားမည်ဖြစ်ကြောင်း ဆိုလိုက်ပြန် သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကားကော၊ အရေခြုံသမ္မတ၏စကားပါ ရှုံ့ချည်နှပ်ချည် ကလေးကလားစကားများပင် ဖြစ်၏။
ဗမာပြည်၏လက်ရှိအနေအထားမှာ သန်းခေါင်ထက်နက်သော ညဉ့်များကို ကျော်ဖြတ်ပြီး ရောင်နီပျို့လုဆဲဆဲ အချိန်အ ခါသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြည်သူလူထုသည် ပုပ်ဟောင်နံစော်နေသော တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတ နအဖခေတ်များကို အလူးလူးအလိမ့်လိမ့် ကျော်ဖြတ်လာခဲ့ပြီးနောက် အရေခြုံသမ္မတခေတ်မှနေ၍ ရုန်းထွက်လွတ်မြောက် နိုင်ရန် အံခဲကြိုးပမ်းလျက်ရှိနေ၏။ လက်ပန်တောင်းတောင်ကိစ္စ လှုပ်ရှားကြွေးကြော်သံများလို၊ ရန်ကုန် မန္တလေး စက်ရုံအလုပ်ရုံ တို့မှ အလုပ်သမား ဆန္ဒပြပွဲများလို၊ လယ်သိမ်းခံ မြေသိမ်းခံတို့၏ မကျေနပ်ချက်များလို၊ ကျူးကျော်စော်ကားခံ တိုင်းရင်းသား ဒေသများရှိ ဒုက္ခသည်စခန်းများမှ တက်ခေါက်သံများလို၊ အဆင့်ဆင့် ဖိနှိပ်မှုများ ခံနေရသည့် တပ်မတော်အတွင်းမှ အောက်ခြေ အရာခံအကြပ်တပ်သားများ၏ အံကြိတ်သံများလို၊ လူထုအကြား မာန်သွင်းသံများ ညံလာခဲ့ပြီဆိုလျှင် ဗမာပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသားရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကိစ္စအဝဝသည်လည်း ပွင့်လင်းသော နေရောင်ခြည်အောက် တောက်ပ လာနိုင်တော့မည် ဖြစ်လေသည်။