Home သတင်း ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးဉာဏ်ထွန်း ဒုသမ္မတ တင်‌မြှောက်ခံရ

ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးဉာဏ်ထွန်း ဒုသမ္မတ တင်‌မြှောက်ခံရ

2013
ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


မြန်မာနိုင်ငံ၏ လစ်လပ်‌နေ‌သော ဒုတိယသမ္မတ ‌နေရာအတွက် အငြိမ်းစားဗိုလ်ချုပ်ကြီး (ကာကွယ်‌ရေးဦးစီးချုပ်-‌ရေ) ဦးဉာဏ်ထွန်းအား ယ‌နေ့မနက် ၁ဝနာရီ‌ကျော်တွင် ‌ရွေးချယ်တင်‌မြှောက် လိုက်ပြီဖြစ်သည်။

‌နေပြည်‌တော်၌ ကျင်းပသည့် ပြည်‌ထောင်စု လွှတ်‌တော်အစည်းအ‌ဝေးတွင် နာယက ဦးခင်‌မောင်မြင့်က တပ်မ‌တော်သား လွှတ်‌တော်အစု အဖွဲ့မှ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းအား ဒုတိယသမ္မတအဖြစ် ‌ရွေးချယ်လိုက်‌ကြောင်း ‌ကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာ စာမျက်နှာ များတွင် ‌ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းသည် ဒုသမ္မတအဖြစ် ‌ရွေးချယ်တင်‌မြောက်ခဲ့ခြင်းဖြစ်ပြီး‌နောက် ပြည်‌ထောင်စုလွှတ်‌တော် နာယက‌ရှေ့‌မှောက်တွင် ယ‌နေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးဖြစ်‌ကြောင်းလည်း သိရသည်။

ယခင် ဒုတိယသမ္မတ(၁) တာဝန်ကို ထမ်း‌ဆောင်ခဲ့သူ သီဟသူရဦးတင်‌အောင်မြင့်ဦးသည် ကျန်းမာ‌ရေး အ‌ကြောင်းပြချက်ဖြင့် ဇူလိုင်လ ၁ရက်‌နေ့တွင် နှုတ်ထွက်စာတင်ခဲ့ရာ လွှတ်‌တော်မှ ဇူလိုင်လ ၄ရက်‌နေ့တွင် လက်ခံခဲ့ပြီး လစ်လပ်သွား‌သော ၎င်း‌နေရာတွင် ယ‌နေ့ ‌ရွေး ချယ်လိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ ဒုတိယသမ္မတ(၁)အဖြစ် လက်ရှိ ဒုတိယသမ္မတ(၂) ဖြစ်သူ ‌ဒေါက်တာစိုင်း‌မောက်ခမ်းက တာဝန်ယူရ မည်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းက ဒုသမ္မတ(၂) တာဝန်ထမ်း‌ဆောင်ရမည်ဟုလည်း ‌နေပြည်‌တော်တွင် သတင်းသွား‌ရောက်ယူ‌နေ သည့် ပြည်တွင်းသတင်း‌ထောက်များ၏ ‌ပြောပြချက်အရ သိရသည်။

ဇူလိုင်လမှစ၍ လွှတ်‌တော်တွင် ဒုသမ္မတအ‌နေဖြင့် အမည်စာရင်းတင်သွင်းခံရသူများမှာ ဦးထွန်းထွန်းဦး (ဒုတိယ ‌ရှေ့‌နေချုပ်)၊ ဗိုလ်ချုပ် ကြီးဉာဏ်ထွန်း (တပ်မ‌တော်‌ရေ)၊ ဗိုလ်ချုပ်ကြီးလှ‌ဌေးဝင်း (ကာကွယ်‌ရေးဝန်ကြီးဌာန)၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်‌ဆွေနှင့် ‌ရွေး ‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးတင်‌အေးတို့ကို ဒုတိယသမ္မတအဖြစ် လွှတ်‌တော်ထဲတွင် အဆိုပြုခဲ့ကြသည်။

လက်ရှိ ဒုတိယ သမ္မတ ‌ရွေးချယ်တင်‌မြှောက်ခြင်းခံရသည့် ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းသည် အသက် ၅၉နှစ်အရွယ်ရှိ တပ်မ‌တော်‌ရေ ကာကွယ်‌ရေးဦးစီးချုပ်‌ဟောင်းဖြစ်ပြီး စစ်တက္ကသိုလ်ဗိုလ်‌လောင်းသင်တန်း-DSA ( Defence Services Academy)အပတ်စဉ် ၁၆၊ ‌အောင် ‌ဇေယျတပ်ခွဲဆင်း တနသင်္ာရီ ‌ရေတပ်စခန်း၊ ဧရာဝတီ ‌ရေတပ်စခန်းတို့တွင် ဒုဗိုလ်မှ ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်း‌ဆောင်ခဲ့သူ ဖြစ်သည်။