Home သတင်း ‌ဒေါ်‌အောင်ဆန်းစုကြည်၏ (၆၇)နှစ်ပြည့်‌မွေး‌နေ့ အထိမ်းအမှတ်အခမ်းအနား ဆစ်ဒနီတွင် ကျင်းပပြီးစီး

‌ဒေါ်‌အောင်ဆန်းစုကြည်၏ (၆၇)နှစ်ပြည့်‌မွေး‌နေ့ အထိမ်းအမှတ်အခမ်းအနား ဆစ်ဒနီတွင် ကျင်းပပြီးစီး

1706
ဇွန်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ကမ္ဘာ့နိုဘယ်ငြိမ်းချမ်း‌ရေးဆုရှင် ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ (၆၇)နှစ်‌မြောက် ‌မွေး‌နေ့ပွဲ အခမ်းအနားတခု ဩစ‌တြေးလျနိုင်ငံ၊ နယူး‌ဆောက်‌ဝေးပြည်နယ်၊ ဆစ်ဒနီမြို့တွင်ရှိ Granville Town Hall ၌ ယ‌နေ့ ည‌နေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခု ဇွန်လ ၁၆ရက်‌နေ့ ည‌နေ ၅နာရီမှ ၈နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့သည့် ‌ဒေါ်စု၏ ‌မွေး‌နေ့ပွဲ အခမ်းအနားကို JACDBမှ ဦးစီး ကျင်းပခဲ့ခြင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊မွန်၊ ရခိုင်၊ ရှမ်း၊ မြန်မာ တိုင်းရင်းသားများအပြင် ဂျပန်နှင့် နိုင်ငံခြားသားများ စုစု‌ပေါင်း လူဦး‌ရေ ၁၀ဝနီးပါး တက်‌ရောက် အား‌ပေးခဲ့ ကြသည်။

ထိုအခမ်းအနားကို တက်‌ရောက်ခဲ့သည့် Australia Karen Organisation (AKO) ဥက္ကဌ ‌စောလွင်ဦးက “ကျ‌နော်တို့နိုင်ငံမှာ ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင်‌တွေ ‌ပေါ်ထွန်းလာတာကို ‌တွေ့ရတာ တိုင်းရင်းသား‌တွေအား လုံးကလည်း အားရကြည်နူးမိပါတယ်။ အဲန်အယ်လ်ဒီနဲ့ ကျ‌နော်တို့ရဲ့တိုင်းရင်းသား ‌တော်လှန်‌ရေးဟာ လည်း တထပ်တည်းဖြစ်တယ်။ မြန်မာပြည်မှာ ဒီမိုက‌ရေစီအ‌ရေး တခုထဲသွားလို့မရပါဘူး။ တိုင်းရင်းသား တန်းတူညီတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အ‌ရေး၊ တရားမျှတ‌ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံစတဲ့အချက်‌တွေနဲ့အတူ ဖက်ဒရယ်ပြည်‌ထောင်စုကို သွားရမှာဖြစ်ပါတယ်။ ‌ဒေါ်စုလည်း သက်‌တော်ရာ‌ကျော်ရှည်ပါ‌စေ‌ကြောင်း ဆု‌တောင်းလို်က်ပါတယ်။ ”ဟု ‌ဒေါ်စု‌မွေး‌နေ့အခန်းနားတွွှင် ‌ပြောကြားခဲ့ပါသည်။

ထို‌မွေး‌နေ့အခန်းအနား၌ ရံပုံ‌ငွေရှာ‌ဖွေ‌ရေး ‌ဈေး‌ရောင်းခြင်း၊ ‌ဒေါ်စုအမှတ်တရ ပို့စကဒ်များ‌ရောင်းချခြင်း၊ ဂျပန်အမျိုး သမီး‌လေးတဦး၏ မြန်မာရိုးရာ ပတ္တလားနှင့် ‌ဇေရတုသဗ္ဗမဂ္ဂလာသီချင်း သီဆို‌ဖျော် ‌ဖြေခြင်း၊ မွန်ရိုးရာအက၊ ရခိုင်ရိုးရာ ဆီမီးခွက်အကတို့နှင့် ပရိတ်ဿများကို ‌ဖျော်‌ဖြေခဲ့ကြသည်ဟု သိရသည်။

“(၆၇)နှစ်‌မြောက် ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့‌မွေး‌နေ့မှာ ကူညီပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ် ယူမိပါတယ်။ ဘယ်‌နေရာ ဘယ်‌ဒေသပဲ‌ရောက်‌နေ‌နေ အ‌မေ့ရဲ့ သားသမီးတ‌ယောက်အ‌နေနဲ့ အ‌မေ့လိုမျိုး မြန်မာနိုင်ငံရဲ့ အကျိုးကို သယ်ပိုးထမ်း‌ဆောင်သွားပါမယ်။”ဟု ယ‌နေ့ ‌ဒေါ်စု‌မွေး‌နေ့အခန်းအနားသို့ ကူညီ ‌ဆောင်ရွက်‌ပေးသူ နန်းသုသုခင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင် ဘ‌လော်ဂါ (bloger) တဦးကလည်း “‌ဒေါ်စုအ‌နေနဲ့လည်း အနှစ်(၂၀)အကျယ်ချုပ်က‌နေ လွတ်‌မြောက်ပြီး အခုဆို လွတ်လွတ်လပ်လပ် နိုင်ငံ‌ရေး လုပ်လာနိုင်‌နေတာ ‌တွေ့ရ‌တော့ အရမ်းကိုဝမ်းသာမိ ပါတယ်။ တိုင်းရင်းသားတိုင်း တန်းတူညီတူရရှိမယ့်အ‌ရေး၊ ဌာ‌နေမဲ့ ‌မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့‌နေတဲ့ ဒုက္ခသည်‌တွေရဲ့အ‌ရေးကိုလည်း သူမအ‌နေနဲ့ ‌ဆောင်ရွက်‌ပေးနိုင်လိမ့်မယ်လို့ ‌မျှော်လင့်မိပါတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည် ကျန်းမာပါ‌စေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

(၆၇)နှစ်‌မြောက် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ‌မွေး‌နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြုလုပ်သည့် ရံပုံ‌ငွေရှာ‌ဖွေ‌ရေး ‌ဈေး‌ရောင်းပွဲ‌တော်မှ ရရှိလာသည့် ‌ငွေများကို ဆစ်ဒနီ ကချင်အဖွဲ့အစည်းမှတဆင့် လက်ရှိ ကချင်စစ်‌ပြေးဒုက္ခသည်များထံ ပို့‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရှိရပါသည်။