Home သတင်း ရခိုင်ပြည်နယ် အကြမ်းဖက်မှု အမြန်ဆုံး ရပ်တန့်ရန် ဦးသိန်းစိန် အစိုးရထံ WLB ‌ပြောဆို

ရခိုင်ပြည်နယ် အကြမ်းဖက်မှု အမြန်ဆုံး ရပ်တန့်ရန် ဦးသိန်းစိန် အစိုးရထံ WLB ‌ပြောဆို

1854
ဇွန်လ ၁၃ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)


ရခိုင်ပြည်နယ်အတွင်း ဖြစ်‌ပေါ်‌နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ပြည်သူလူထုဘဝ လုံခြုံ‌ရေးအတွက် ဦးသိန်းစိန်အစိုးရအ‌နေဖြင့် အမြန်ဆုံးတာဝန်ယူ‌ဆောင်ရွက်‌ပေးရန် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

လက်ရှိ ဖြစ်ပွား‌နေသည့် ပဋိပက္ခကို မ‌ဖြေရှင်းနိုင်ပါက တစ်တိုင်းပြည်လုံး အတိုင်းအတာ ကူးစက်လာနိုင်သကဲ့ သို့ နိုင်ငံတကာက ရခိုင်အပါအဝင် မြန်မာနိုင်ငံရှိ ဗုဒ္ဒဘာသာ‌တွေများက မွတ်ဆလင်များကို နှိပ်စက်အနိုင်ကျင့် ‌နေသည်ဟု မြင်သွားမည်ကို စိုးရိမ်‌ကြောင်း WLB က ‌ထောက်ပြထားသည်။

WLB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက “ရွာ‌တွေ အိမ်‌တွေမီးရှို့တာ တဖက်နဲ့ တဖက်အပြန်အလှန် သတ်ဖြတ်တာ‌တွေက တဖြည်းဖြည်းနဲ့ ပိုမိုကျယ်ပြန့်လာတဲ့အ‌ပေါ်မှာ ကျမတို့ပြည်သူ‌တွေ‌နေထိုင်ရတဲ့ဘဝမှာ လုံခြို့မှု မရှိတာ၊ ထွက်‌ပြေး‌နေရပြီး ‌နေစရာ စားစရာမရှိတာ‌တွေ ‌တွေ့ရတယ်‌လေ။ ဒါ‌ကြောင့်မို့ အမြန်ဆုံး တည် ငြိမ်‌အေးချမ်းတဲ့ ‌နေရာတခုဖြစ်သွား‌စေချင်တယ်။” ဟု ‌ပြောသည်။

တဆက်တည်း၌ပင် အခင်းဖြစ်ပွားရာ ‌နေရာအနှံ့တွင် မာရှယ်‌လော (ညမထွက်ရအမိန့်)ထုတ်ပြန်ပြီး လုံခြုံ‌ရေး တပ်များချထားရန်၊ ‌မေလ ၂၈ရက်‌နေ့က ရမ်းဗြဲမြို့နယ်၌ မသီတာ‌ထွေးကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့သည့် တရား ခံများအား အ‌ရေးယူသွားရန်၊ ဇွန်လ (၃)ရက်‌နေ့တွင် ‌တောင်ကုတ်မြို့၌ အသတ်ခံရသည့် အစ္စလာမ်ဘာသာဝင် ခရီးသည် ၁ဝ ဦး၏ အမှုကို အမြန်ဆုံး ‌ဖော်ထုတ်ရန်နှင့် ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့ ရခိုင်နှင့် ဘဂင်္လီမွတ်ဆလင် များ၏ အသက် အိုးအိမ်ပစ္စည်းများကို တရားဥပ‌ဒေနှင့်အညီ ကာကွယ်‌ပေးရန် ယမန်‌နေ့က ထုတ်ပြန်သည့် WLB ၏ ‌ကြေညာချက်တွင် အစိုးရအား တိုက်တွန်းထားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား‌နေသည့် ပဋိပက္ခကိစ္စများကို အမြန်ဆုံးရပ်တန့်သွားရန် လိုအပ်‌ကြောင်း နှင့် သမ္မတဦးသိန်းစိန်ထံသို့ တိုက်ရိုက်ပန်ကြားသည့်စာကို ‌ပေးပို့သွားရန်ရှိ‌ကြောင်း WLB က ဆိုသည်။
ရခိုင်ပြည်နယ်၌ စစ်‌တွေမြို့အပါအဝင် ‌မောင်‌တော၊ ဘူးသီး‌တောင်မြို့နယ် တို့တွင် အကြမ်းဖက်မှုနှင့် ‌နေအိမ်မီး ရှို့ခံရမှုတို့‌ကြောင့် ‌နေရပ်စွန့်ခွာထွက်‌ပြေး တိမ်း‌ရှောင်လာကြ‌သော ဒုက္ခသည် တစ်‌သောင်း‌ကျော်ရှိသည်ဟု ပြီးခဲ့ သည့် ဇွန်လ ၁၁ရက်‌နေ့က ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ(NRDP)၏ ထုတ်ပြန်ချက်အရ သိရသည်။