Home သတင်း အစိုးရနှင့် ‌ဆွေး‌နွေးမှုများကို ဘန်‌ကောက်မြို့တွင် ‌ကေအဲန်ယူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

အစိုးရနှင့် ‌ဆွေး‌နွေးမှုများကို ဘန်‌ကောက်မြို့တွင် ‌ကေအဲန်ယူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

1766
‌မေလ ၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူအ‌နေဖြင့် မြန်မာအစိုးရနှင့် ‌ဆွေး‌နွေးခဲ့ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ဘန် ‌ကောက်မြို့ရှိ Foreign Correspondence Club of Thailand (FCCT) ၌ ‌မေလ ၃ရက်‌နေ့ည ၈နာရီတွင် ပြုလုပ်မည် ဖြစ်သည်။

ယခင် ဧပြီလ၌ ၎င်းတို့ ‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့အကြား ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည့် ကိစ္စများကို ထပ်မံ ရှင်းလင်းသွားရန် ရည်ရွယ်၍ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ‌ပြောသည်။

သူမက “မနက်ဖြန်(‌မေ ၃ရက်) ဘန်‌ကောက်မှာလုပ်မယ့် သတင်းစာရှင်းလင်းပွဲက‌တော့ အဓိက မြန်မာအစိုးရနှင့် ကျမတို့ ‌ကေအဲန်ယူတို့ အကြား ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့မှုများကို ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်နှင့်အတူ ‌ကေအဲန်ယူ ပြည်တွင်း ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီအဖွဲ့ဝင် ပဒို‌စောကွယ်ထူးဝင်း၊ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်‌မေဦးတို့က ရှင်းလင်း‌ပြောကြားမည်ဖြစ်သည်ဟု ယမန် ‌နေ့က ထုတ်ပြန်သည့် ‌ကေအဲန်ယူ သတင်းစာရှင်းလင်းပွဲ ‌ကြေညာချက်တွင် ပါရှိသည်။

၎င်းအပြင် ‌ကေအဲန်ယူသည် ယခု ‌မေလကုန်ပိုင်း၌ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများ ဆက်လုပ်သွားရန် ရှိ သည်ဟုလည်း ‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

ဧပြီလ ၆ရက်‌နေ့က ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ် အဖွဲ့ ၁၄ဦးနှင့် မြန်မာအစိုး ရ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့မှ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စုဝန်ကြီး ၇ဦး အပါအဝင် ကိုယ်စားလှယ် ၁၉ဦးတို့က ရန်ကုန်မြို့၊ စီဒိုးနားဟိုတယ်တွင် ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးကာ တနိုင်ငံလုံး အပစ်ရပ်‌ရေး ပါဝင်သည့် ဆုံးဖြတ်ချက် ၁၃ချက်ကို သ‌ဘောတူညီခဲ့ကြသည်။

၎င်းအပြင် ‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၇ရက်‌နေ့ ‌နေပြည်‌တော်တွင် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့်လည်း‌ကောင်း၊ ရန်ကုန်၌ နိုင်ငံ‌ရေးပါတီ ၂၄ဖွဲ့အပြင် ဧပြီလ ၈ရက်‌နေ့၌ ရန်ကုန်ရှိ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်လည်း ‌တွေ့ဆုံခဲ့သည်။

ထို့‌နောက် ‌ကေအဲန်ယူသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ၎င်းတို့ ထိန်းချုပ်နယ်‌မြေ တပ်မဟာ (၇)‌နေရာ၌ ထိုင်း-မြန်မာနယ်စပ်ရှိ လူ ထု ၃၀၀‌ကျော်တက်‌ရောက်သည့် လူထုရှင်းလင်းပွဲကို ဧပြီ ၁၆ရက်‌နေ့က ပြုလုပ်ခဲ့‌သေးသည်။