Home သတင်း KNU နှင့် မြန်မာအစိုးရ ပြည်‌ထောင်စု အဆင့် ‌ဆွေး‌နွေးပွဲတွင် ကရင်လူထုအ‌ရေး ဦးစား‌ပေးခဲ့

KNU နှင့် မြန်မာအစိုးရ ပြည်‌ထောင်စု အဆင့် ‌ဆွေး‌နွေးပွဲတွင် ကရင်လူထုအ‌ရေး ဦးစား‌ပေးခဲ့

1773
ဧပြီလ ၇ရက်၊ ၂၀၁၂။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ကရင်ပြည်သူများ၏ ဘဝရပ်တည်နိုင်‌ရေး အာမခံနိုင်ရန်အတွက် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧပြီလ ၆ရက်‌နေ့ကရန်ကုန်မြို့တွင် ပြည်‌ထောင်စု အဆင့် ‌တွေ့ဆုံ ‌ဆွေး‌နွေးနိုင်ခဲ့သည်။

ထို‌နေ့ မနက် ၉နာရီမှ ည‌နေ ၅နာရီ‌ကျော်အထိ စီဒိုးနား(Sedona) ဟိုတယ်ရှိ ရန်ကင်းခမ်းမတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ‌တွေ့ဆုံမှုတွင် အချက် ၆ချက်ကို အဓိကထား ‌ဆွေး‌နွေးခဲ့ကြပြီး ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သ‌ဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ် ဗိုလ်မှူးထူးထူး‌လေးက “ကျ‌နော်တို့က အပစ်အခတ်ရပ်ဆိုင်း‌ရေး၊ ရပ်စဲ‌ရေးက‌နေ ချုပ်ငြိမ်းဖို့အထိ ‌မျှော်လင့်တား ‌တော့ ပထမဆုံးအ‌နေနဲ့ စစ်မျက်နှာပြင်နယ်‌မြေက ပြည်သူလူထုအပိုင်းကို ကျ‌နော်တို့ ဦးစား‌ပေး ‌ဆွေး‌နွေးရခြင်းပဲ ဖြစ်ပါတယ်။”ဟု ဆို သည်။

ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် အဖွဲ့‌ခေါင်း‌ဆောင် ‌နော်စီဖိုးရာစိန်က “မြန်မာစစ်တပ်ရဲ့ ‌ခြေကုပ်စခန်း‌တွေ‌ကြောင့် လူထုဟာ စိုးတထိတ်ထိတ် ‌နေထိုင်‌နေရတယ်။ စစ်‌ကြောင့် လူထု‌တွေ ခံစားလာရ‌တော့ ဘဝရပ်တည်လုံခြုံမှုကို သူတို့ ခံစားလိုကြပါတယ်”ဟု အစိုးရကို ‌ပြောသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးချက်များသည် ‌ကေအဲန်ယူမှ ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးလိုသည့် ‌တောင်းဆိုချက် ၁၁ချက်ထဲမှ အချက်များသာဖြစ် ပြီး တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်အပြင် ပြည်သူများဘဝ ‌ကြောက်ရွံ့ခြင်းကင်းစွာ ရပ်တည်‌ရေး အာမခံနိုင်ရန်နှင့် ယုံကြည်မှု အ‌ခြေအ‌နေ တည်‌ဆောက်ရန်၊ လူထုဘဝ ပြန်လည်ထူ‌ထောင်‌ရေးနှင့် လူထု၏ ‌မြေယာကိစ္စများ ‌ဖြေရှင်း‌ပေးရန်၊ အဓမ္မလုပ် အားခိုင်း‌စေခြင်း၊ ‌ငွေ‌ကြေး‌ကောက်ခံမှုများ မပြုလုပ်ရန်တို့ ပါဝင်သည်။

ဦး‌အောင်မင်းက “ကျ‌နော်တို့ အရင်က တိုက်ခိုက်‌နေခဲ့တာ ကြားက လူထု‌တွေပဲ ခံခဲ့ရတယ်။ ကျွဲနှစ်‌ကောင် ‌ဝှေ့‌တော့ ‌မြေဇာပင်‌တွေပဲ ခံရ တယ်။ ဒါ‌ပေမဲ့ အဲဒီ‌ဝှေ့‌နေတဲ့ ကျွဲ‌တွေလည်း ပင်ပမ်းကုန်ကြပြီ။ ကျ‌နော်တို့ သမ္မတကြီးကလည်း နှစ်ဦးနှစ်ဖက် ပူး‌ပေါင်းပြီး ကျယ်ကျယ်ပြန့် ပြန့် ‌ဆောင်ရွက်မယ်လို့ ‌ပြောထား‌တော့ လူထုအ‌ရေးကိစ္စ အားလုံးကို ကျ‌နော်တို့ အတူ ပူး‌ပေါင်းလုပ်‌ဆောင်သွားမယ်”ဟု အစည်းအ‌ဝေး တွင် ‌ပြောဆိုခဲ့သည်။

ထို့အပြင် ဌာနမဲ့ ပြည်သူများ မိမိ‌နေရပ်တွင် လုံခြုံစွာ ပြန်လည်‌နေထိုင်နိုင်‌ရေးအတွက် မိုင်းရှင်းလင်း‌ရေးလုပ်ငန်းများကို နှစ်ဖက် လုပ် ‌ဆောင်သွားမည်ဖြစ်သလို ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များနှင့် အိမ်နီးချင်းနိုင်ငံများမှ ‌ရွှေ့‌ပြောင်းအလုပ်သမားများကိစ္စကိုလည်း အချိန်ယူ ‌ဆောင်ရွက်သွားမည်ဟု သူက ဆက်လက် ‌ပြောဆိုသည်။

“ကျ‌နော်က‌တော့ ဒုက္ခသည်စခန်းထဲကို သွားပြီး လူထုနဲ့‌တွေ့ချင်တဲ့ ဆန္ဒရှိတယ်။ သူတို့မပြန်ချင်ဘဲ ကျ‌နော် မ‌ခေါ်ပါဘူး။ သူတို့နဲ့ ‌တွေ့ မယ်၊ ရှင်းပြမယ်၊ ဆန္ဒ‌မေးမယ်။ အဲလို အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားဖို့ စီစဉ်ထားပါတယ်။”ဟု ဦး‌အောင်မင်းက ‌ပြောသည်။

ထို့အပြင် အကျဉ်းသားများ လွှတ်‌ပေးရန် ‌ကေအဲန်ယူ၏ တင်ပြချက်ကို လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီက ၎င်းတို့အ‌နေဖြင့် စိစစ်နိုင် ရန် ‌ကေအဲန်ယူဘက်မှ လွှတ်‌ပေး‌စေလိုသည့် အကျဉ်းသားများစာရင်းကို ‌ပေးပို့လာရန်နှင့် နိုင်ငံ‌တော်သမ္မတထံသို့ တင်ပြသွားမည် ဖြစ် သည်။

ယခု‌ဆွေး‌နွေးမှုတွင် ပါဝင်သူ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က “အခုဟာ ငြိမ်းချမ်း‌ရေးကို လုပ် ‌ဆောင်ဖို့ အချိန်တန်ပါပြီ။ နှစ်ဖက်စလုံးက တဆင့်ပြီးတဆင့် ‌နောက်မဆုတ်တမ်း ဆက်လုပ်သွားရင် အ‌ကောင်းဆုံးပါ။”ဟု ဆိုသည်။

‌နောက်ဆုံး‌ဆွေး‌နွေးချက်ဖြစ်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ‌စောင့်ကြပ်စစ်‌ဆေးခြင်း ပြုလုပ်ရာ၌ နှစ်ဖက် လက်ခံ‌သော ပုဂ္ဂိုလ်များ (Local monitoring), တဆင့်တိုး၍ နိုင်ငံတကာ‌စောင့်ကြည့်မှု (International monitoring) နှင့် ပွင့်လင်းမြင်သာ‌သော ‌စောင့်ကြည့်မှု( Open monitoring) တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

ပြည်‌ထောင်စုအဆင့် နှစ်ဖက် ‌ဆွေး‌နွေးပွဲ၌ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တစ်‌လျှောက် အမျိုးသမီးများ၏ ပါဝင်မှုကို သ‌ဘောတူထားရာ နိုင်ငံ‌ရေး၊ စီးပွား‌ရေးကဏ္ဍများတွင် ထည့်သွင်းပါဝင်သွားမည်ဟု သ‌ဘောတူခဲ့ကြသည်။

ယခု ‌ဆွေး‌နွေးမှုတွင် အစိုးရဘက်မှ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်၍ ပြည်‌ထောင်စုဝန်ကြီး ၇ဦး အပါအဝင် ကိုယ်စား လှယ် ၁၉ဦးနှင့် KNU မှ ‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော အဖွဲ့ဝင် ၁၄ဦးတို့ ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် ပြည်တွင်းကရင်လူမှုအသိုင်းအဝိုင်းမှ ‌လေ့လာသူများလည်း ပါဝင်ခဲ့ကြသည်။

ည ၇နာရီခန့်တွင် စီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာန‌ပေါင်း ၈ဝခန့် တက်‌ရောက်ခဲ့ကြပြီး ‌ပြော‌ရေးဆို ခွင့်ရှိသူများအဖြစ် ‌ကေအဲန်ယူဘက်မှ ‌နော်စီဖိုးရာစိန်၊ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ‌နော်‌မေဦး၊ ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စောကွယ်ထူးဝင်းနှင့် အစိုးရဘက်မှ ပြည်‌ထောင်စုဝန်ကြီးများဖြစ်ကြသည့် စက်မှုဝန်ကြီး ဦးစိုးသိမ်းနှင့် ဝန်ကြီး ဦး‌အောင်မင်း အပါအဝင် ဝန်ကြီး ၆ဦးက တာဝန် ယူခဲ့သည်။