Home သတင်း KNUအတွင်း‌ရေးမှူးချုပ်‌နော်စီဖိုးရာ စိန် နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်‌တွေ့ဆုံ

KNUအတွင်း‌ရေးမှူးချုပ်‌နော်စီဖိုးရာ စိန် နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်‌တွေ့ဆုံ

2031
ဧပြီလ ၈ရက်၊ ၂၀၁၂။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)


ရန်ကုန်မြို့သို့ ‌ရောက်ရှိ‌နေသည့် ကရင်အမျိုးသားအစည်းအရုံး-KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ငြိမ်း ချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ယ‌နေ့ ‌နေ့လည် ၁ဝနာရီခွဲတွင် ‌တွေ့ဆုံခဲ့သည်။

‌ဆွေး‌နွေးချိန် ၂နာရီကြာမြင့်သည့် အဆိုပါ ‌တွေ့ဆုံမှုကို ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ‌နေအိမ်၌ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ‌နေ့လည် ၁၂နာရီခွဲတွင် သူမ၏ ‌နေအိမ်ခြံဝင်း၌ပင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၁၅မိနစ်ကြာ ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် KNU အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ၎င်းတို့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ကြောင်းကို ရှင်းပြပြီး NLD နှင့် အပြုသ‌ဘောအဖြစ် ပထမဆုံးအကြိမ် ‌တွေ့ဆုံရခြင်းဖြစ်‌ကြောင်း တက်‌ရောက်လာသည့် မြန်မာသတင်း‌ထောက်များနှင့် နိုင်ငံတကာ သတင်း‌ထောက်များအား ‌ပြောကြားခဲ့သည်။

“ဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေးနဲ့ ဖွဲ့စည်းပုံအ‌ခြေခံ ‌ပြောင်းလဲ‌ရေး ဒီလုပ်ငန်းကြီးသုံးခုကို ပူးတွဲပြီး‌တော့ အမျိုးသား ပြန်လည်ရင် ကြား‌စေ့‌ရေး အ‌ခြေခံ‌ပေါ်မှာ မားမားမတ်မတ်နဲ့ ကျမတို့ ဆက်သွားမှာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါ်စုနှင့် သွား‌ရောက်‌တွေ့ဆုံသည့် ‌ကေအဲန်ယူ ကိုယ်စားလှယ်များမှာ ‌နော်စီဖိုးရာစိန်၊ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စောအားတိုး၊ ပဒို ‌စော ကွယ်ထူးဝင်း၊ ‌နော်‌မေဦး၊ ‌နော်ဘလူးမင်းနိုက်ဇန်နှင့် ရုံးမှတ်တမ်းယူသူများ စုစု‌ပေါင်း ၉ဦး ပါဝင်ခဲ့ကြသည်။

“သူ့(‌ဒေါ်စု)အ‌နေနဲ့က အခုဆိုရင် ‌ကေအဲန်ယူ ကိုယ်စားလှယ်‌တွေနဲ့ ‌တွေ့ဆုံခြင်းအားဖြင့် တိုင်းရင်းသား‌တွေအ‌ရေးကို အရင်ကထက် ပို သိနားလည်လာတယ်လို့ ကျမ ယုံကြည်ပါတယ်။”ဟု ဆိုသည်။

‌နေ့လည်ဘက်တွင် အင်းစိန်မြို့နယ်၊ ‌တောင်သူကုန်းရပ်ကွက်ရှိ ခရစ်ယာန်ဘုရား‌ကျောင်း၌ ‌နေ့လည်စာ သုံး‌ဆောင်ခဲ့သည်။ ထို့အပြင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ‌ဒေါက်တာ‌စောစိုင်မွန်သာ၏ “ကွယ်က‌ဘော”‌ဆေးခန်းသို့ သွား‌ရောက်လည်ပတ်ကာ အနည်းငယ် ‌ဆွေး‌နွေးခဲ့ကြသည်။