Home သတင်း ပဒိုမန်းငြိမ်း‌မောင် စီရင်ချက်အ‌ပေါ် ကရင့်အသိုင်းအဝိုင်းက ‌ဝေဖန်တုံ့ပြန်

ပဒိုမန်းငြိမ်း‌မောင် စီရင်ချက်အ‌ပေါ် ကရင့်အသိုင်းအဝိုင်းက ‌ဝေဖန်တုံ့ပြန်

1847
မတ်လ ၁၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ဆောင်ရွက်‌နေစဉ်အတွင်း KNU ဗဟို‌ကော်မတီဝင် ပဒိုမန်း ငြိမ်း‌မောင်အား ‌ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း‌ကြောင့် အစိုးရအ‌ပေါ် ယုံကြည်ချက် ‌လျော့နည်းလာ‌ကြောင်း ကရင်လူ မှု‌ရေးအသိုင်းအဝိုင်းတွင် ‌ပြောဆို‌နေကြသည်။

ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံး (KYO) ဥက္ကဌ ‌စောအယ်ထီး‌ကော်က “ဒါက‌တော့ အစိုးရက ကလိမ်ကကျစ်ဆင်တဲ့ ကစားကွက် တစ်ခုပဲ။ တိုင်းရင်းသား‌တွေအ‌ပေါ်မှာ အမြဲတမ်း ‌ကောက်ကျစ်တဲ့စိတ် ရှိ‌နေတယ်ဆိုတာ ဒီလို တိုင်းရင်းသား‌ခေါင်း‌ဆောင်တစ်‌ယောက်ကို ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအားဖြင့် သူတို့အ‌ပေါ်မှာ ယုံကြည်မှု တည်‌ဆောက်လို့ မရဘူးဆိုတာ ‌ပေါ်လွင်သွားတာ‌ပေါ့။”ဟု ‌ပြောသည်။

လက်ရှိ ဦးသိန်းစိန်အစိုးရသည် KNU နှင့် အပစ်ခတ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌နေဆဲအချိန်တွင်ပင် ပဒိုမန်းငြိမ်း‌မောင်အား လွှတ်‌ပေးမည်ဟု နှစ်ဖက် အပစ်ခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးစဉ်က ‌ပြောကြားခဲ့‌သော်လည်း လက်‌တွေ့တွင် ကြီးမားသည့်ပြစ်ဒဏ်ကို ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ပဒိုမန်းငြိမ်း‌မောင်အ‌ပေါ် နိုင်ငံ‌ရေးအမှုများဖြင့် တရားစွဲခဲ့ပြီး‌နောက် ယခုလို တစ်သက်တစ်ကျွန်းချမှတ်လိုက်ခြင်းသည် အစိုးရက KNU အ ‌ပေါ် မတရားအသင်း သတ်မှတ်ထားချက်ကို ပယ်ဖျက်ချင်ပုံ မရ‌သေး‌ကြောင်းနှင့် ‌ရှေ့ဆက်မည့် ငြိမ်းချမ်း‌ရေးခရီးစဉ်အတွက် အဟန့်အ တား ဖြစ်နိုင်သည်ဟုလည်း ‌ကော်လားဖလင်သတင်းဌာနမှ အယ်ဒီတာချုပ် ‌စောအယ်ဒို့ဝါးက ဆိုသည်။

၎င်းက “သူတို့(အစိုးရ)က တကယ်ပဲ ပြည်တွင်းငြိမ်းချမ်း‌ရေးကို လိုချင်တယ်၊ ယုံကြည်မှုကို တည်‌ဆောက်ချင်တယ် ဆိုရင်‌တော့ သူ့(မန်း ငြိမ်း‌မောင်)ကို လွှတ်‌ပေးရမှာပဲ။ မလွှတ်‌ပေးဘူးဆိုရင်‌တော့ သူတို့က စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို မလိုချင်လို့ပဲ။”ဟု ‌ပြောသည်။

မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက် (SYCB)က အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်ဆန်းက ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရာတွင် ယုံကြည်မှုအတွက် အ‌ပြောမဟုတ်ဘဲ လက်‌တွေ့အ‌နေအထားအရ တိုင်းရင်းသားလူမျိုးစုများ၏ ယုံကြည်မှုရရှိ‌အောင် လုပ်‌ဆောင်သင့် သည်ဟု ‌ပြောသည်။

“အစိုးရအ‌နေနဲ့ အခုလုပ်‌နေတာက တစ်မျိုး ‌ပြောတာကတစ်မျိုး ‌တော်‌တော်‌လေးကို ကွာ‌နေတယ်။ ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌နေတဲ့ အချိန်မျိုးမှာ ပဒိုမန်းငြိမ်း‌မောင်ကို ဒီလိုမျိုး ချလိုက်တာဟာ သူ့ရဲ့ဂုဏ်သိက္ခာအပြင် ကျ‌နော်တို့ ကရင်တမျိုးသားလုံးအ‌ပေါ် ချိုးနှိမ်ထားသ လိုမျိုး ဖြစ်တယ်”ဟု ၎င်းက ‌ပြောသည်။

အ‌မေရိကန်‌ရောက်ကရင်လူမျိုး တစ်‌ယောက်ဖြစ်သည့် ‌စောအယ်မူးကလည်း “ကရင်လူမျိုး‌တွေ ‌လေးစားတဲ့‌ခေါင်း‌ဆောင်တ‌ယောက်ကို အခုလို တသက်တကျွန်းချမှတ်လိုက်တာကို ကြည့်ရင် ကျ‌နော့်အ‌နေနဲ့‌ပြောရရင်‌တော့ မတရားဘူးလို့ သတ်မှတ်ပါတယ်”ဟု ဆိုသည်။

ဩစ‌တြေးလျားနိုင်ငံ၊ ပါ့သ်မြို့မှ နမ့်ဝါဝါစိုးသိန်းက “ကိုယ့်‌ခေါင်း‌ဆောင်တစ်‌ယောက်ကို အဲလို စီရင်ချက်လိုက်မှ‌တော့ ‌ကေအဲန်ယူအ‌နေနဲ့ ဆက်‌ဆွေး‌နွေးစရာလည်း မလို‌တော့ဘူး ထင်တယ်။”ဟု ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်အား အင်းစိန်အကျဉ်း‌ထောင်ရှိ အင်းစိန်‌မြောက်ပိုင်းခရိုင် အထူးတရားရုံးတွင် နိုင်ငံ‌တော် ပုန်ကန်မှု ဥပ‌ဒေ-ပုဒ်မ ၁၂၂(၁) အရ ‌ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် မတရားအသင်း ပုဒ်မ (၁၇) အရ ‌ထောင်ဒဏ် သုံးနှစ်တို့ကို တစ်‌ပေါင်းတည်း ကျခံရန် တရားသူ ကြီးမှ ယ‌နေ့ အမိန့်ချမှတ်ခဲ့သည်။

ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုနှင့် လုပ်ငန်းများအား KNUနှင့် အခြားတိုင်းရင်းသားအဖွဲ့များအ‌နေဖြင့် အမြဲ သတိဝီရိယ ထား၍ လုပ်‌ဆောင်ကြရန် လိုအပ်‌ကြောင်း ကရင်လူမှု‌ရေးအသိုင်းအဝိုင်းတွင် ‌ပြောဆို‌နေကြသည်။

ယခုနှစ် ဇန်နဝါရီလ (၁၂)ရက်‌နေ့ကတည်းက ကရင်အမျိုးသားအစည်းအရုံး(KNU)သည် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲ ထားပြီး ဖြစ်သည်။