Home သတင်း အပစ်ရပ်လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီ အစိုးရကိုယ်စား လှယ်နှင့် ‌တွေ့မည်

အပစ်ရပ်လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီ အစိုးရကိုယ်စား လှယ်နှင့် ‌တွေ့မည်

1491
‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ အလွတ်သတင်း‌ထောက် (‌ကေအိုင်စီ)

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်တို့ အပစ်ခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူထားချက်များကို အတည်ပြု လက် မှတ်ထိုးရန်အတွက် ယခုလ ၂၅ရက်‌နေ့တွင် ထပ်မံ ‌တွေ့ဆုံကြမည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် အစိုးရကိုယ်စားလှယ်တို့နှင့် ထပ်မံ ‌တွေ့ဆုံရန်အတွက် ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်‌နေ့မှ ၂၁ရက်‌နေ့အထိ ဗဟို‌ကော်မ တီ အစည်းအ‌ဝေး ကျင်းပအပြီး ထိုကဲ့သို့ ဆုံးဖြတ်ချက်ခဲ့ကြခြင်း ဖြစ်သည်။

“ပဏာမ သ‌ဘောတူထားတာကို ပြန်သုံးသပ်ပြီး‌တော့ အဲဒါ‌တွေကို ဒီတခါ‌တွေ့ရင် အတည်ပြု လက်မှတ်ထိုးဖို့ပဲ။ ဒီလ ၂၅ရက်‌နေ့ကျရင် ‌တွေ့ဆုံကြမယ်။”ဟု မွန်ပြည်သစ်ပါတီ‌ကော်မတီဝင်တစ်ဦးက ‌ပြောသည်။

အတည်ပြု လက်မှတ်ထိုးရန်အတွက် ယခင် ပဏာမ သ‌ဘောတူလက်မှတ်ထိုးခဲ့ကြသည့် ‌မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel ၌ပင် ပြန်လည် ‌တွေ့ဆုံကြမည်ဖြစ်သည်။

‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည့် အချက် ၅ချက်မှာ နှစ်ဦးနှစ်ဖက် အပစ်ခတ်ရပ်စဲ‌ရေးကိစ္စ၊ ပြည် ‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေးအဖွဲ့နှင့် ‌ဆွေး‌နွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင် ဖွဲ့ စည်း‌ပေးရန်၊ ‌ဆွေး‌နွေးမည့် ရက်၊ အချိန်နှင့် ‌နေရာ ညှိနှိုင်းရန်၊ ဆက်ဆံ‌ရေးရုံးကို နှစ်ဖက်သ‌ဘောတူသည့် သင့်‌တော်ရာ‌နေရာတွင် (လက်နက်မပါဘဲ) ထားရှိရန်၊ သတ်မှတ်‌နေရာမှအပ အခြား‌ဒေသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်နှင့် နှစ်ဖက် သ‌ဘောတူညီမှု ရရှိထားသည့် သတ်မှတ်‌နေရာများ တွင် ‌နေထိုင်ရန်တို့ ဖြစ်သည်။

“ငြိမ်းချမ်းဖို့ ကျ‌နော်တို့ ‌မျှော်လင့်‌နေကြတာပဲ‌လေ။ အစိုးရဘက်ကလည်း မွန်ပြည်သစ်ပါတီဘက်က ‌တောင်းဆိုချက်‌တွေကို လိုက်‌လျော ‌ပေးတာ ရှိတယ်။ နှစ်ဖက် ‌တွေ့ဆုံခဲ့တာ‌တွေလည်း အားရ‌ကျေနပ်စရာပါပဲ။”ဟု မွန်ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင် နိုင်တင်‌အောင်က ‌ပြောသည်။

အစိုးရကိုယ်စားလှယ်များနှင့် သွား‌ရောက်‌တွေ့ဆုံရန်အတွက် မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဌ နိုင်‌ရော့စ ဦး‌ဆောင်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချူပ်လယီက‌ကောင်း၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် နိုင်တလညီ အပါအဝင် အဖွဲ့ဝင် ၁၅ဦး ပါဝင်မည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့ ဦး‌အောင်မင်း ဦး‌ဆောင်‌သော အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာ ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ စံခလပူရီတွင် ပထမ အကြိမ် အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့သည်။

ထို့အပြင် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်‌ရော့စဦး‌ဆောင်သည့်အဖွဲ့နှင့် ဝန်ကြီးဦး‌အောင်မင်းတို့ မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် ဒုတိယအကြိမ် ထပ်မံ ‌တွေ့ဆုံခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်တွင် ပထမအကြိမ်အဖြစ် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲလာခဲ့ပြီး‌နောက်ပိုင်း အစိုးရ၏ နယ်ခြား ‌စောင့်တပ် အသွင်‌ပြောင်းလဲ‌ရေးကို လက်မခံသည့်အတွက် ၂၀၁ဝခုနှစ်တွင် အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြယ်လာခဲ့ကာ ယခု ဒုတိယအကြိမ် အဖြစ် အပစ်ရပ်စဲရန် လက်မှတ်ထိုးကြ‌တော့မည် ဖြစ်သည်။