Home ထိပ်တန်းသတင်း ငြိမ်းချမ်း‌ရေးဖိတ်‌ခေါ်‌နေ‌သော်လည်း အစိုးရက လူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေဆဲ

ငြိမ်းချမ်း‌ရေးဖိတ်‌ခေါ်‌နေ‌သော်လည်း အစိုးရက လူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေဆဲ

1722
ဒီဇင်ဘာလ ၈ရက်၊ ၂၀၁၁ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ

မြန်မာအစိုးရက အပစ်အခတ်ရပ်စဲ‌ရေးအတွက် ကရင်အမျိုးသားအစည်း (‌ကေအဲန်ယူ)အား ငြိမ်းချမ်း‌ရေး ကမ်းလှမ်း‌ဆွေး‌နွေးမှု များ လုပ်‌ဆောင်‌နေ‌သော်လည်း ယခုတ‌လော ကရင်ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဖြစ်ပွား‌နေဆဲ ဖြစ်သည် ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် အစိုးရနှင့် ‌ကေအဲန်ယူ နှစ်ဖက်ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ပြောဆိုခဲ့ကြ ‌သော်လည်း ကရင်ပြည်နယ်၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲနှင့် ‌တောင်ငူမြို့နယ်များတွင် အစိုးရစစ်တပ်မှ ကရင်လူထုကို သတ်ဖြတ် ခြင်း၊ လူ‌နေအိမ်များဖျက်ဆီးခြင်းနှင့် လုပ်အားခိုင်း‌စေခြင်းများ လုပ်‌ဆောင်ဆဲဖြစ်‌ကြောင်း ‌ကေအဲန်ယူက ဆိုသည်။

‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “အခု အစိုးရက အပစ်အခတ်ရပ်စဲ‌ရေး ဖိတ်‌ခေါ်တယ်။ တပ်အင် အားလည်း မ‌လျှော့ဘူး။ စစ်‌မြေပြင်မှာ တိုက်ပွဲသံက မစဲဘူး။ လူသတ်မှု‌တွေနဲ့ လူ‌နေအိမ်‌တွေ မီးရှို့ဖျက်ဆီးမှု‌တွေ ရှိ‌နေတုန်းပါ ပဲ”ဟု ‌ပြောသည်။
‌ကော့ကရိတ်အ‌ခြေစိုက် မြန်မာအစိုးရ စစ်တပ် စကခ(၁၂) လက်‌အောက်ခံ ခမရ(၂၃၀)တပ်ရင်းသည် ပြီးခဲ့သည့် ‌အောက်တို ဘာလ ၂၉ရက်‌နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ထီးမကျုခီး‌ကျေးရွာသို့ ဝင်‌ရောက်ကာ အသက် ၃၆နှစ်အရွယ် ရွာသူကြီးဖြစ်သူ ‌စော ဖား‌ကော့ဆဲအား ပစ်သတ်ပြီး နားကပ်၊ လက်စွပ်နှင့် ထိုင်းဘတ်‌ငွေအချို့ကို သိမ်းယူခဲ့သည်ဟု ရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၂ရက်‌နေ့ကလည်း ‌တောင်ငူခရိုင် သံ‌တောင်မြို့တွင် လှုပ်ရှားသည့် အစိုးရစစ်တပ် ခမရ(၉၀၃) နှင့် ခလရ(၉၂)တပ်ရင်းတို့သည် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)နှင့် မိနစ် ၃၀‌ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ရွာတရွာသို့ ဝင်‌ရောက်ကာ လူ‌နေအိမ်နှင့် ဘုရားဝတ်ပြု‌ကျောင်းများကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့‌ကြောင်းလည်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ KHRG က နိုဝင်ဘာလ ၂၅ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းအစိုးရစစ်တပ်များသည် ရွာသားများပိုင်ဆိုင်‌သော ပစ္စည်း၊ စားနပ်ရိက္ခာ၊ အိုးခွက်ပန်းကန်များကိုလည်း ဖျက်ဆီးပစ်ခဲ့သလို ရွာသားများမှာလည်း လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ KHRG က ဆိုသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့မှ ‌စောအဲလ်ဘတ်က “အစိုးရနဲ့ ‌ကေအဲန်ယူ အပစ်အခတ်ရပ်စဲ‌ရေးအတွက် ‌တွေ့ဆုံတာ ငြိမ်းချမ်း ‌ရေးအတွက်ပဲဆို‌တော့ ‌ကောင်းပါတယ်။ ‌တွေ့ဆုံကြ‌ပေမယ့်လို့ လူ့အခွင့်အ‌ရေးရှု‌ထောင့်ဘက်မှာ ကြည့်မယ်ဆိုရင် လူ့အခွင့်အ ‌ရေးချိုး‌ဖောက်မှု‌တွေ အကုန်လုံး ရပ်မသွား‌သေးပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အစိုးရနှင့် ‌ကေအဲန်ယူ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီသွားပါက လက်နက်ကိုင်ပဋိပက္ခမှ ဖြစ်‌ပေါ်လာသည့် လူ့ အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ‌လျော့သွားနိုင်‌သော်လည်း ဖွံ့ဖြိုး‌ရေးလုပ်ငန်းများဖြစ်ကြသည့် ‌ရေကာတာတည်‌ဆောက်မှု၊ လမ်း ‌ဖောက်လုပ်မှု၊ ‌ရွှေတူး‌ဖော်မှုများမှ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ဆက်လက် ဖြစ်ပွား‌နေဦးမည်ဖြစ်‌ကြောင်း KHRG က‌ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌နောင်ကိုင်း‌ကျေးရွာတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ် လက် ‌အောက်ခံ နယ်ခြား‌စောင့်တပ် (၁၀၁၇)တပ်ရင်းသည် ‌ကေအဲန်ယူနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး ‌ဒေသခံရွာသူရွာသား ၁ဝဦးစီအား ၃ရက်တကြိမ် အလှည့်ကျစနစ်ဖြင့် အဓမ္မလုပ်အား‌ပေး‌ခေါ်ယူလျှက်ရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

အလားတူ ယခုရက်ပိုင်းအတွင်း ‌ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၄)နယ်‌မြေများတွင်လည်း အစိုးရစစ်တပ်နှင့် ‌ကေ အဲန်ယူ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွား‌နေသည်ဟု သိရသည်။