Home သတင်း ဆစ်ဒနီကရင်လူမှုအဖွဲ့အစည်းမှ ၂၇၅၁ခု၊ ကရင့်နှစ်သစ်ကူးပွဲ‌တော် ကျင်းပပြီးစီး

ဆစ်ဒနီကရင်လူမှုအဖွဲ့အစည်းမှ ၂၇၅၁ခု၊ ကရင့်နှစ်သစ်ကူးပွဲ‌တော် ကျင်းပပြီးစီး

1546
ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၁။ (‌ကေအိုင်စီ)

ဆစ်ဒနီ ကရင်ကွန်မြူနတီမှ ကြီးမှုးကျင်းပ‌သော၂၇၅၁ခုနှစ်‌မြောက် ကရင့်နှစ်သစ်ကူးပွဲ‌တော် အခမ်းအနား ဩစ‌တြေးလျားနိုင်ငံ ဆစ်ဒနီမြို့ Granville Town Hall တွင် ဒီဇင်ဘာ ၂၄ရက်(စ‌နေ‌နေ့) ‌နေ့လည် ၁၁နာရီမှ ည‌နေ ၄နာရီအထိ ကျင်းပပြီးစီးခဲ့ သည်။

ဩစ‌တြေးလျလွှတ်‌တော်အမတ်များ၊ ဒုက္ခသည်များဆိုင်ရာ UNHCR ကိုယ်စားလှယ်၊ ဘားမားကမ်ပိန်းကိုယ်စားလှယ်များ၊ မဲလ်ဘုမ်းမှ ကရင်များ၊ ABSDF ‌ကျောင်းသားရဲ‌ဘော်များ၊ JACDB ကိုယ်စားလှယ်များ၊ နိုင်ငံခြားသားဧည့်သည်များ၊ အ‌ဝေး ‌ရောက် ကရင်မျိုးနွယ်စုများနှင့် ‌ဒေသခံ ဌာ‌နေပြည်သူများ စုစု‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်အား‌ပေးခဲ့ကြသည်။

ဆစ်ဒနီ ကရင်နှစ်သစ်ကူးပွဲကို ဆစ်ဒနီကရင်လူမှုအဖွဲ့အစည်းက စု‌ပေါင်းကျင်းပပြုလုပ်ကြခြင်းဖြစ်ပြီး နန်းလဲ့လဲ့ဝင်း ဦး‌ဆောင် သည့် မဲလ်ဘုမ်းမှ ကရင့်ရိုးရာ အနုပညာရှင်များကိုပါ ယခုနှစ်ပွဲအတွက် ဖိတ်ကြားခဲ့သည်။

၎င်း‌နောက် “‌အောဟု‌အော‌ဟောင်” သီချင်းကို ကရင့်ရိုးရာတူရိယာများဖြစ်သည့် ‌စောင်း‌ကောက်၊ မယ်ဒလင်တို့နှင့် တီးမှုတ်သီ ဆိုခဲ့သဖြင့် ပွဲလာ‌ရောက်သူ နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်ဟုလည်း နှစ်သစ်ကူး အခမ်းအနား တက်‌ရောက်ခဲ့ သူ ‌စော‌ကျော်ခွီးက ယခုလို ‌ပြောသည်။

“‌အောဟု‌အော‌ဟောင် သီချင်းက အရင်နှစ်‌တွေကဆို ကာရာအို‌ကေ စီဒီနဲ့ပဲ ဖွင့်ဆိုခဲ့ကြတယ်‌လေ။ ဒီနှစ်ကျ‌တော့ ကရင်တူရိ ယာ‌တွေနဲ့အတူ တီးဆိုရ‌တော့ မြင်ရတဲ့သူအဖို့ အသစ်အဆန်း ဖြစ်တာ‌ပေါ့။ နိုင်ငံခြားသား‌တွေလည်း ‌စောင်း‌ကောက်တီးတာ ကို အ‌တော် စိတ်ဝင်စားကြတယ်။”ဟု ၎င်းက ‌ပြောသည်။

ကရင်ကွန်မြူနတီ၏ နာယကဖြစ်သူ မန်း‌ရော်စတန်ဖိုးက နှစ်သစ်ကူး‌နေ့၏ အနှစ်သာရကို အခမ်းအနားမိန့်ခွန်း ‌ပြောဆိုရာတွင် “‌နောင်လာမဲ့ မျိုးဆက်‌တွေ နှစ်သစ်ကူးရဲ့ အနှစ်သာရကို သိရှိနားလည်ကြပြီး ဆက်လက် ထိန်းသိမ်းသွားရမယ်။”ဟု ထည့် သွင်း‌ပြောဆိုခဲ့သည်။

ထိုပွဲတွင် ဆစ်ဒနီမှ ကရင်လူငယ်များက စ‌ကောကရင်ဘာသာဖြင့် နှစ်သစ်ကူးသီချင်းသီဆိုခြင်း၊ ‌တောင်ယာစူးထိုးအက၊ ဒုံး အကများဖြင့် တင်ဆက်ခဲ့ကြပြီး မဲလ်ဘုမ်း ကရင့်အနုပညာအဖွဲ့ ရိုးရာတူရိယာများဖြင့် ရိုးရာသံစဉ်သီချင်းများကို သီဆိုခဲ့ ‌ကြောင်း သိရသည်။

၎င်းအပြင် ပိုက်‌ကျော်ခြင်း၊ ‌ဘောလုံး၊ ‌ဘောလီ‌ဘော အားကစားပြိုင်ပွဲများ ကျင်းပကာ အခမ်းအနားတွင် ဆုရရှိသူများကို ချီး မြှင့်ခဲ့ကြသည်။

ကရင်လူမျိုး တစ်‌ထောင်ဝန်းကျင်ရှိသည့် ဆစ်ဒနီ(Sydney)တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပလာခဲ့သည်မှာ ၃ကြိမ်‌မြောက်ရှိပြီ ဖြစ်သည်။ အလားတူ Brisbane နှင့် Canberra မြို့များတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များက ကရင်နှစ်သစ် ကူးပွဲကို ကျင်းပခဲ့ပြီး မဲလ်ဘုမ်း (Melbourne)တွင် ဒီဇင်ဘာ ၂၆ရက်‌နေ့၌ ကျင်းပသွားမည်ဟု သိရသည်။

ဩစ‌တြေးလျားနိုင်ငံတွင် ကရင်လူဦး‌ရေ ခန့်မှန်း‌ခြေ ၅,၀၀၀‌ကျော်ရှိပြီး ၎င်းတို့သည် ဆစ်ဒနီ၊ ကန်ဘာရာ၊ ဒါဝင်၊ ဘရစ်စဘန်း၊ ပါ့သ်၊ မဲလ်ဘုမ်း၊ (တက်စ်‌မေးနီးယားကျွန်း) ဟိုဘာ့မြို့နှင့် နယ်အချို့တွင် ‌ရောက်ရှိ‌နေထိုင်လျှက်ရှိသည်။