Home သတင်း လှိုင်းဘွဲမြို့နယ် နယ်စပ်‌နေရာတွင် စု‌ပေါင်း‌ကျောင်းသားပွဲ‌တော် ကျင်းပ

လှိုင်းဘွဲမြို့နယ် နယ်စပ်‌နေရာတွင် စု‌ပေါင်း‌ကျောင်းသားပွဲ‌တော် ကျင်းပ

1577
နိုဝင်ဘာလ ၂၂ရက်။ ‌စောဖိုးမူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌စေဖိုးခီး‌ကျေးရွာတွင် က‌လေးများ၏ အ‌တွေ့အကြုံနှင့် လူမှုဆက်ဆံ‌ရေး ပိုမို အား ‌ကောင်းလာ‌စေရန် ရည်ရွယ်၍ ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်း ၁၃‌ကျောင်း ပူး‌ပေါင်းကာ ‌ကျောင်းသားပွဲ‌တော်ကို ယ‌နေ့ နိုဝင်ဘာလ ၂၂ရက်‌နေ့မှ ၂၄ရက်‌နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

‌စေဖိုးခီးရွာ အပါအဝင် က‌လေ့မို့ခီး၊ က‌လေ့ဖိုးကလိုး၊ မဲ့ကဲခီး၊ ‌ဝေါ့‌ကျော့၊ ‌ဘွေ့ပ‌ရော်‌လေး၊ မဲ့လာအားထာ့၊ မဲ့လာအားခီး၊ ထီးက ‌ဟော၊ ဝါ့မီကလား၊ ‌ကျော်‌ကေ့ထာ့၊ ‌သေ့‌မော်ကုနှင့် ကားထာ့ရွာများမှ မူလတန်း‌ကျောင်းများက အဆိုပါစု‌ပေါင်း ‌ကျောင်းသားပွဲ ‌တော်ကို ပူး‌ပေါင်းပါဝင် ဆင်နွှဲကြခြင်းဖြစ်သည်။

ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သူ ဆရာ‌စောရိန်းဘိုးက ‌ကျောင်းသားပွဲ‌တော်မှာ က‌လေးများအတွက် ရည်ရွယ်ချက် အ‌ကြောင်းအရာ ၃ခုအ‌ပေါ် အဓိကထား ပြုလုပ်‌ပေးခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“က‌လေး‌တွေကို အ‌ကြောင်းအရာ ၃ခု ကျ‌နော်တို့ စီစဉ်ထားတယ်။ တစ်အချက်က က‌လေး‌တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လက်တမ်းသီချင်းဆိုပြိုင်ပွဲ၊ နှစ်အချက်က ရိုးရာအစဉ်အလာ ထိန်းသိမ်းဖို့အတွက် ရိုးရာပုံပြင်‌ပြောတာ၊ အတီးအက၊ ရက်ကန်း ယက်၊ ကြက်ခြင်းယက်ပြိုင်ပွဲနဲ့ သုံးအချက်က‌တော့ လူမှုဆက်ဆံ‌ရေးအတွက် ရည်ရွယ်ပြီး ‌ဘောလုံးနဲ့ အ‌ပြေးပြိုင်ပွဲ စတာ‌တွေ လုပ်‌ပေးမှာ ဖြစ်တယ်။”ဟု ‌ပြောသည်။

အဆိုပါ‌ကျောင်းသားပွဲ‌တော် ကျင်းပနိုင်‌ရေးအတွက် လိုအပ်သည့် ကုန်ကျစရိတ်များကို ‌စေတနာရှိသူ ‌ဒေသခံ ရွာသူရွာသား များထံမှ အလှူ‌ကောက်ခံခဲ့ခြင်းဖြစ်ပြီး ပွဲ‌တော်၌ ‌ကျောင်း ၁၃‌ကျောင်းမှ ‌ကျောင်းဆရာ ဆရာမများ၊ ‌ကျောင်းသား‌ကျောင်းသူ အပါအဝင် ‌စေဖိုးခီး အနီးတဝိုက်ရှိ ‌ဒေသခံများ စုစု‌ပေါင်း ၂၀၀‌ကျော် ယ‌နေ့ လာ‌ရောက်ခဲ့ကြသည်ဟုလည်း သူက ဆက်‌ပြော သည်။

‌ကျောင်းသားပွဲ‌တော်၌ ပါဝင်သူ စတုတ္ထတန်း‌ကျောင်းသား ‌စောဘလယ့်ဖိုးက “တခြား‌ကျောင်းက ‌ကျောင်းသူ‌ကျောင်းသား‌တွေ နဲ့ ဆုံဆည်းခွင့်ရပြီး သူငယ်ချင်းဖြစ်ခွင့်တဲ့အတွက် အရမ်းပဲ ဝမ်းသာတယ်။ အခုလို ပွဲ‌တော်မျိုးကို ကျင်းပ‌ပေးတဲ့ ဆရာ၊ ဆရာမ ‌တွေကိုလည်း အထူးပဲ ‌ကျေးဇူးတင်တယ်”ဟု ‌ပြောသည်။

အစီအစဉ်အရ မနက်ပိုင်း ၆နာရီမှ ည ၉နာရီအထိ အားကစား၊ အဆိုအတီး၊ ပုံ‌ပြော စသည့် ပွဲယှဉ်ပြိုင်မှုများဖြင့် လုပ်‌ဆောင် သွားမည်ဖြစ်ပြီး ‌နောက်ဆုံး‌နေ့တွင် ဆုများကို ‌ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

‌စေဖိုးခီးစာသင်‌ကျောင်းသည် ပြီးခဲ့သည့် ၂၀၀၁ခုနှစ် ‌မေလတွင် ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းအဖြစ် စတင် တည်‌ထောင်ခဲ့ ပြီး ထိုနှစ် နိုဝင်ဘာလမှစ၍ ယခုနှစ်အထိ ‌ကျောင်းသားပွဲ‌တော်ကို ကျင်းပလာခဲ့ရာ ၁ဝကြိမ်‌မြောက်ရှိပြီဖြစ်သည်ဟု သိရသည်။

‌စေဖိုးခီး ကိုယ်ထူကိုယ်ထ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများသည် ၂၀၀၉ခုနှစ်၊ ဇွန်လအတွင်းက တိုးတက်‌သောဗုဒ္ဓဘာ သာ ကရင်အမျိုးသားတပ်မ‌တော်-DKBA နှင့် စစ်အစိုးရတပ်တို့ ပူး‌ပေါင်းကာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၇)ကို ထိုးစစ်ဆင်ခဲ့စဉ်က ထိုင်းနိုင်ငံသို့ စစ်‌ပြေးဒုက္ခသည်အဖြစ် တနှစ်ဝန်းကျင် ထွက်‌ပြေးခိုလှုံခဲ့ရသည်။