Home သတင်း မယ်လဒုက္ခသည် အ‌တော်များများ အစာအဆိပ်သင့်မှုဖြစ်ပွား

မယ်လဒုက္ခသည် အ‌တော်များများ အစာအဆိပ်သင့်မှုဖြစ်ပွား

2030
‌အောက်တိုဘာလ ၂၂ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီတွင် ယ‌နေ့မနက်ပိုင်းက ဒုက္ခသည်အ‌တော်များများ အစာအဆိပ်သင့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ယ‌နေ့မနက် ၉နာရီ‌ကျော်ခန့်တွင် မယ်လစခန်း ဇုံဘီ၊ ရပ်ကွက်‌အေ(B1-A)တွင် ‌အောက်‌မေ့ဖွယ် အထိမ်းအမှတ် ဘုရားဝတ်ပြု ပွဲ အလှူတစ်ခု၌ ကြာရှည်ခံ ငါးဆုပ်ကို ‌ကြော်ချက်‌ကျွေး‌မွေးရာမှ စားမိသည့် ဒုက္ခသည် အများအပြားမှာ ယခုလို အစာအဆိပ် သင့်ခဲ့ကြခြင်း ဖြစ်သည်။

မယ်လစခန်းမှ ကျန်းမာ‌ရေးတာဝန်ခံ ‌နော်ရှဲ‌ဖောက “မဲ‌ဆောက်မြို့က‌နေ မှာလိုက်တဲ့ငါးဆုပ်ထုပ်ပဲ။ အဲဒီကို ချက်လည်းချက် တယ်။ ‌ကြော်လည်း‌ကြော်တယ်‌လေ။ ၈နာရီခွဲ‌ကျော်‌လောက်မှာ ဘုရားရှိခိုးတာလည်းပြီး‌ရော အားလုံး စားကြတာ‌ပေါ့။ စားပြီး သိပ်မကြာဘူး။ တချို့လူ‌တွေ စပြီး အန်‌တော့တာပဲ‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစာအဆိပ်သင့်သူဦး‌ရေကို အတိအကျ မသိရ‌သေး‌သော်လည်း အိမ်ရှင်မိသားစုနှင့် အသက် ၅နှစ်အရွယ် က‌လေး၊ လူကြီး အများအပြား ပါဝင်ပြီး ၎င်းတို့အား ‌နေ့လည် ၁၂နာရီတွင် စခန်းတွင်းရှိ AMI ‌ဆေးရုံသို့ ပို့‌ဆောင်လိုက်‌ကြောင်း ‌နော်ရှဲ ‌ဖောက ဆက်‌ပြောသည်။

၎င်းအစာအဆိပ်သင့်သူများမှာ ကြွက်တက်ခြင်း၊ ‌ခြေလက်‌ကွေး‌ကောက်လာခြင်း၊ ‌အော့အန်ခြင်း၊ ‌ခေါင်းမူး‌ခေါင်းကိုက်ခြင်းနှင့် ဝမ်းသွားခြင်း စသည့်‌ဝေဒနာများ ခံစားရပြီး အချို့မှာ မျက်လုံးများ ဖွင့်မရသလို ဝမ်းသွားလွန်းသဖြင့် ထိုင်မရသည်အထိ အဆိုး ဝါးဆုံးဖြစ်ပွားခဲ့သည်ဟု အစာအဆိပ်သင့်သူတစ်ဦးက ‌ပြောသည်။

Photo-KIC (မယ်လဒုက္ခသည်စခန်းတွင်း တစ်‌နေရာ)

‌ဆေးရုံသို့ ‌ရောက်ရှိလာသူများအား ORS ဓာတ်ဆားရည်တိုက်‌ကျွေးခြင်း၊ ‌ဆေးပုလင်းကြီးများ သွင်း‌ပေးခြင်းများကို AMI ‌ဆေး ရုံဝန်ထမ်းများကလည်း အဆက်မပြတ် ကုသ‌ပေးသည့်အတွက် ယ‌နေ့ည‌နေတွင် ‌ရောဂါအ‌ခြေအ‌နေမှာ သက်သာလာပြီဖြစ် ‌ကြောင်း သိရသည်။

လူဦး‌ရေ ငါး‌သောင်းနီးပါးရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုကဲ့သို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။