Home ထိပ်တန်းသတင်း ‘အစိုးရက မုန်းတီး‌ရေး စကားသာ ‌ပြော‌နေ’ ဟု KIO ‌ဝေဖန်

‘အစိုးရက မုန်းတီး‌ရေး စကားသာ ‌ပြော‌နေ’ ဟု KIO ‌ဝေဖန်

1625
ဩဂုတ်လ ၁၈ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

မြန်မာအစိုးရက ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲအတွက် တံခါးဖွင့်ထား‌ကြောင်း တစ်ဘက်မှ ‌ပြော‌သော်လည်း အခြားတစ်ဘက်တွင် မုန်း တီး‌ရေးစကားများသာ ‌ပြော‌နေသည်ဟု ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO က ‌ဝေဖန်လိုက်သည်။

ယမန်‌နေ့က ‌နေပြည်‌တော်တွင် ပြုလုပ်‌သော စီးပွား‌ရေး လုပ်ငန်းရှင်များ၊ လူမှု‌ရေး အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံပွဲ တွင် မြန်မာအစိုးရသစ် သမ္မတ ဦးသိန်းစိန်က KIO သည် အကြမ်းဖက် ‌သောင်းကျန်းသူအဖွဲ့အစည်းဖြစ်သည်ဟု ‌ပြောကြားခဲ့ သည်။

ထို့အပြင် ဦးသိန်းစိန်က ‌ကေအိုင်အိုသည် ကချင်လူထုကို ကိုယ်စားမပြု‌ကြောင်းနှင့် လူသတ် မိုင်းခွဲ၊ ‌ပေါ်တာဆွဲ တို့သာ လုပ်ကိုင် လျက်ရှိသည့် လက်နက်ကိုင်အဖွဲ့သာ ဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။

KIO ၏ ဒု-နိုင်ငံခြား‌ရေးရာတာဝန်ခံ ဂျိမ်းလွန်း‌ဒေါင်က “မြန်မာအစိုးရက ကျ‌နော်တို့နဲ့ နိုင်ငံ‌ရေး‌ပြောမယ်ဆိုပြီး မုန်းတီး‌ရေးပဲ ‌ပြော ‌နေတယ်။ နိုင်ငံ‌ရေး‌ပြောတဲ့‌နေရာမှာ မုန်းတီး‌ရေး ‌ပြော‌နေမယ်ဆိုရင် လုံးဝ ငြိမ်းချမ်း‌ရေး ဖြစ်မလာနိုင်ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ဩဂုတ်လ ၁၂ရက်‌နေ့ ‌နေပြည်‌တော်၌ ပထမဆုံးအကြိမ် ပြုလုပ်‌သော အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြား‌ရေးဝန်ကြီး ဦး‌ကျော်ဆန်းကလည်း အစိုးရ၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များထက် ‌ကေအိုင်အိုအဖွဲ့ကို ရှုတ်ချသည့် ‌ပြောဆိုချက်များသာ ‌ပြော ဆိုခဲ့သည်။

KIO သည် လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးခြင်း၊ ကားမိုင်း‌ထောင်ခြင်း စသည့် အကြမ်းဖက်မှုများ ပြုလုပ်သည်သာမက ငြိမ်းချမ်း ‌ရေး သ‌ဘောတူညီချက်များ ချိုး‌ဖောက်ပြီး ‌ဒေသခံပြည်သူများကို စစ်‌ပြေးဒုက္ခသည်များအဖြစ် ဝါဒဖြန့်ခဲ့သည်ဟု အဆိုပါရှင်းလင်းပွဲ ၌ ဦး‌ကျော်ဆန်းက စွပ်စွဲ‌ပြောဆိုခဲ့သည်။

KIO ဦး‌ကျော်ဆန်း၏ စွပ်စွဲ‌ပြောဆိုချက်များအား တုံ့ပြန်သည့်အ‌နေဖြင့် KIO ဘက်မှ ဩဂုတ်လ ၁၇ရက် ‌နေ့စွဲဖြင့် ‌ကြေညာချက်တစ် ‌စောင် ထုတ်ပြန်ခဲ့သည်။ ထို‌ကြေညာချက်တွင် မြန်မာအစိုးရသည် ပြည်တွင်းစစ်နှင့် တိုင်းရင်းသားအ‌ရေးကို အ‌လေးမထားရုံမျှမက နိုင်ငံသားများ၏ ရပိုင်ခွင့်၊ လူ့အခွင့်အ‌ရေးနှင့် တိုင်းရင်းသားအ‌ရေးတို့ကိုလည်း ‌ဖြေရှင်းရှင်းလိုသည့် ဆန္ဒမရှိ‌ကြောင်း ‌ဖော်ပြထား သည်။

အဖွဲ့အ‌နေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကာ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ပြီး စစ်မှန်‌သော ဖက်ဒရယ် ပြည်‌ထောင်စုနိုင်ငံ‌တော်ကြီး တည်‌ဆောက်သွားလို‌ကြောင်းကိုလည်း ‌ဖော်ပြထားသည်။

ထို့အပြင် အစိုးရ၏ ‌ရှေ့လုပ်ငန်းစဉ်၊ မူနှင့် သ‌ဘောထားများကို ‌ဆွေး‌နွေး‌မေးမြန်းလိုသည်ဟုလည်း ထည့်သွင်း‌ဖော်ပြထားသလို ၁၉၉၄ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့က ချုပ်ဆိုခဲ့သည့် KIO နှင့် နဝတ အစိုးရတို့၏ နှစ်ဖက်သ‌ဘောတူညီချက် စာချုပ်ကို တနိုင် ငံလုံး သိရှိနိုင်ရန်အတွက် အစိုးရအဖွဲ့မှ ထုတ်ပြန်‌ဖော်ပြရန် လိုအပ်သည်ဟုလည်း ‌ထောက်ပြထားသည်။

KIO နှင့် မြန်မာအစိုးရသည် ၁၉၉၄ခုနှစ်တွင် ငြိမ်းချမ်း‌ရေးသ‌ဘောတူညီမှု ရရှိခဲ့ပြီး‌နောက် ၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်မှစ၍ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ‌ကြောင့် ‌ဒေသခံ ကချင်ပြည်သူ နှစ်‌သောင်းခန့်သည် စစ်‌ဘေးဒုက္ခသည်အဖြစ် လိုင်ဇာ၊ ဝိုင်း‌မော်နှင့် မိုး‌မောက်မြို့နယ်များရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံ‌နေထိုင်လျှက်ရှိသည်ဟု သိရသည်။