Home ထိပ်တန်းသတင်း အစိုးရစစ်တပ်တွင် က‌လေးစစ်သားရှိ‌နေဆဲ

အစိုးရစစ်တပ်တွင် က‌လေးစစ်သားရှိ‌နေဆဲ

1988
ဩဂုတ်လ ၂၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

အစိုးရသစ် တက်လာ‌သော်လည်း မြန်မာစစ်တပ်အတွင်း၌ က‌လေးစစ်သားများကို ‌ခေါ်ယူ အသုံးပြုလျှက်ရှိ‌နေ‌သေး‌ကြောင်း ဩဂုတ်လ ၂၃ရက်‌နေ့က ‌ကေအဲန်ယူနယ်‌မြေသို့ ထွက်‌ပြေး‌ရောက်ရှိလာသည့် အသက် ၁၇နှစ်အရွယ် မြန်မာတပ်သားက ထုတ်‌ဖော်‌ပြောဆိုသည်။

မြဝတီမြို့နယ်၊ ‌မော်ခီး‌ကျေးရွာတွင် တပ်စွဲလှုပ်ရှား‌နေသည့် မြန်မာစစ်တပ် အမှတ်(၅) စစ်ကွပ်ကဲ‌ရေးဌာနချုပ် လက်‌အောက်ခံ ခလရ(၃၇၂)တပ်ရင်းမှ တပ်သား ‌မောင်ရဲထက်သည် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)တပ်ဖွဲ့ဝင်များထံ ဩဂုတ်လ ၂၃ ရက်‌နေ့က ထွက်‌ပြေး‌ရောက်ရှိလာပြီး ယခုလို ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တပ်ထဲမှာ ကျ‌နော်က အငယ်ဆုံးပဲ။ ကျန်တာက အသက် ၂ဝနဲ့အထက်‌တွေ။ ဒါ‌ပေမဲ့ ကျ‌နော် စစ်အ‌ခြေခံသင်တန်း တက်ခဲ့ တုန်းက ကျ‌နော်တို့တပ်ခွဲမှာ ၂၅၂‌ယောက်ရှိတာ က‌လေးစစ်သားက ၁၀‌ယောက်‌လောက်ရှိတယ်။ ကျ‌နော့်ထက် ငယ်တာချည်း ပဲ။”ဟု တပ်သား‌မောင်ရဲထက်က ‌ပြောသည်။

သူက တပ်ရင်းမှ ထွက်‌ပြေးလာရသည့် အ‌ကြောင်းကိုလည်း ယခုလို ‌ပြောပြခဲ့သည်။ “ကျ‌နော် ငှက်ဖျားမိပြီး‌တော့ ‌ခြေ‌ထောက် ချိသွားတာ။ အဲဒါ ဗိုလ်ကြီးရဲ‌လေးဝင်းက ကျ‌နော့်ကို ဖိနပ်စီးခိုင်းတယ်။ လယ်ဒိုစီးခိုင်းတာ ၃မိနစ်ပဲ အချိန်‌ပေးတာကို ၅မိနစ်ဖြစ် သွားလို့ ကျ‌နော့်ကို အပြစ်‌ပေးတာ။ ‌ခြေ‌ထောက်ချိ‌နေတာကို ဂျွမ်းထိုးခိုင်း‌တော့ စိတ်ပျက်ပြီး ထွက်လာတာပဲ။”ဟု ‌ပြောသည်။

ယမန်နှစ် ‌မေလက ရန်ကုန်ဘူတာကြီးတွင် သူငယ်ချင်းတဦးနှင့်အတူ စစ်သားနှစ်ဦး၏ ခြိမ်း‌ခြောက်‌ခေါ်‌ဆောင်မှု‌ကြောင့် ၂၀၁ဝ ခုနှစ်၊ ဇွန်လ ၁၆ရက်‌နေ့တွင် စစ်သင်တန်းတက်‌ရောက်ကာ တပ်ထဲ ဝင်‌ရောက်ခဲ့ရပြီး ယခုလ ၂ဝရက်‌နေ့က လက်နက်ခဲယမ်း မပါဘဲ တပ်ထဲမှ ထွက်‌ပြေးလာခြင်းဖြစ်သည်ဟု က‌လေးစစ်သား ‌မောင်ရဲထက်က ‌ပြောသည်။

“ကျ‌နော် လက်နက်မယူလာဘူး။ ယူလာရင် သူတို့‌တွေ လိုက်လာမှာစိုးလို့။ ယူနီ‌ဖောင်းရယ်၊ ပုဆိုးတစ်ထည်ရယ်ပဲ ပါတယ်။ ကျ‌နော် မလုပ်ချင်တာက နဂိုကတည်းကကို မလုပ်ချင်တာ။ တပ်ထဲမှာက ထွက်‌ပြေးချင်သူ‌တွေချည်းပဲ။”ဟု ၎င်းက ဆိုသည်။

သူသည် ‌ဖောင်ကြီးရှိ စစ်‌လေ့ကျင့်‌ရေးစခန်းတွင် ၄လခွဲ သင်တန်းတက်ခဲ့ပြီး ခလရ(၃၇၂)နဲ့အတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တွင် ၄လကြာ တာဝန်ယူပြီး ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂၁ရက်‌နေ့တွင် ကရင်ပြည်နယ်ဘက် ‌ရောက်ရှိလာခြင်းဖြစ်သည်။

“ကျ‌နော်တို့စစ်‌ကြောင်းမှာ‌တော့ အကျဉ်းသား‌ပေါ်တာ ၆‌ယောက်ပါတယ်။ တ‌ယောက်က ထွက်‌ပြေးသွားပြီး ‌နောက်တ‌ယောက် က ‌ပျောက်သွားတယ်။ စစ်‌ကြောင်း(၂)မှာ‌တော့ အကျဉ်းသား‌တွေ ‌တော်‌တော်များများပါတယ်။ တပ်ထဲမှာ‌တော့ လုပ်ရတာ အများကြီးပဲ။ ဝါးခုတ်ရတယ်။ တဲ‌ဆောက်ရတယ်။ ‌နောက်ပြီး‌တော့ ခိုင်းတာ‌တွေ အကုန်လုပ်ရတာ‌ပေါ့။ တပ်ထဲမှာ က‌လေးစစ် သားဆိုတာ မရှိသင့်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ မိဘနဲ့လည်း မ‌နေရဘူး။ အ‌ဝေးကြီးမှာ။ ပညာ‌ရေးကလည်း မစုံဘူး။ ‌နောက်ပြီး ‌တော့ ခွင့်ယူလို့လည်း မရဘူး။”ဟု သူ၏အမြင်ကို ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀၊ နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် တပ်တွင်းရှိ တပ်သားများကိုယ်စား တပ်ရင်းမှူးများသာ မဲ ထည့်‌ပေးခဲ့‌ကြောင်းနှင့် စစ်တပ်ထဲတွင် က‌လေးစစ်သားများ ဆက်လက် ရှိ‌နေ‌သေးသည့်အတွက် မရှိသင့်‌တော့‌ကြောင်းလည်း ကိုယ်ပိုင်နံပါတ် တ-၄၃၈၅၆၇နှင့် ‌မောင်ရဲထက်က ‌ပြောသည်။

ယခု ထွက်‌ပြေး‌ရောက်ရှိလာသည့် က‌လေးစစ်သားကို ၎င်း၏ဆန္ဒအ‌လျောက် အ‌ကောင်းဆုံးဖြစ်‌အောင် စီစဉ်‌ပေးသွားမည်ဟု ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

မြဝတီမြို့နယ်၊ ‌မော်ခီး‌ဒေသတွင် ဒုဗိုလ်မှူးကြီးမြတ်ထွန်းနိုင် ဦးစီးသည့် ခလရ(၃၇၂)တပ်ဖွဲ့အပြင် ခလရ(၃၇၁)၊ (၃၇၃)တပ် ရင်းများလည်း လှုပ်ရှားတပ်စွဲထားလျှက်ရှိသည်ဟု သိရသည်။