Home ထိပ်တန်းသတင်း ဘုရားသုံးဆူ‌ဒေသခံများ ‌ထောက်ခံစာ ‌ရေးပြီးမှ အလုပ်သွားခွင့်ရ

ဘုရားသုံးဆူ‌ဒေသခံများ ‌ထောက်ခံစာ ‌ရေးပြီးမှ အလုပ်သွားခွင့်ရ

1430
ဇွန်လ ၁၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ရွာသူရွာသားများသည် ယ‌နေ့မှစ၍ အလုပ်ခွင်သို့သွားပါက သက်ဆိုင်ရာအာဏာပိုင်များထံတွင် ‌ထောက်ခံစာ‌ရေးပြီးမှ အလုပ်သွားရသည်ဟု မြို့ခံများက ‌ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်များတွင်
ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွား‌သော‌ကြောင့် ယခုလို ရွာသူု ရွာသားများ
‌ထောက်ခံစာ‌ရေးကာ သွားလာ‌နေရခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့တွင်
‌နေထိုင်သည့် ရာဘာခြံပိုင်ရှင်တစ်ဦးက ‌ပြောသည်။

၎င်းက “ဒီ‌နေ့ကစပြီး‌တော့ ဘယ်သူမဆို ကိုယ့်ခြံ၊ ကိုယ့်အလုပ်ခွင်
သွားလို့ရှိရင် ‌ထောက်ခံစာလက်မှတ် အရင်‌ရေးရတယ်။ ဗမာစစ်တပ်ဖက်လည်း ‌ရေးရတယ်။
ကရင်စစ်သားဖက်လည်း ‌ရေးရတယ်။ အခု အပြင်ထွက်လို့ သိပ်မရဲကြဘူး။”ဟု ‌ပြော
သည်။

ထို့အပြင် လက်ရှိအချိန်၌ ဘုရားသုံးဆူမြို့တွင် ပြည်သူများ၏
ဝင်ထွက်သွားလာမှုကို စစ်တပ်မှ စစ်‌ဆေးမှုများ ပိုမို လုပ်‌ဆောင်
လျှက်ရှိသည်ဟု မြို့ခံများက ‌ပြောသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင်
ယခုနှစ်အတွင်း ဗုံး‌ပေါက်ကွဲမှုများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ပစ်ခတ်
မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

ဘုရားသုံးဆူ‌ဒေသတွင် အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၉)
လက်‌အောက်ခံ ခမရ(၅၆၃)တပ်ရင်းနှင့် တိုင်းတပ် ခလရ(၂၈၄)တို့ လှုပ်ရှားသလို
ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)နှင့် တိုးတက်‌သောဗုဒ္ဓ
ဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တို့ လှုပ်ရှားလျှက်ရှိသည်။