Home ထိပ်တန်းသတင်း အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ

အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ

1810
‌မေလ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အ‌ခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA)ထံသို့ လာ‌ရောက်လက် နက်ချခဲ့သည်ဟု KNLAက ‌ပြောသည်။

KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌ဖောဒိုက “မ‌နေ့က ‌ကော့ကရိတ်အ‌ခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ဝင် ၂ဦး ကျ‌နော်တို့ KNLA တပ်ရင်း(၁၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်‌ယောက်နဲ့ တပ်သားတစ်‌ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊ MA-4 ၁လက်။ စုစု‌ပေါင်း လက်နက် ၄လက်နဲ့ လမ်း‌လျှောက် စကား‌ပြော စက်တစ်လုံး ပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း(၂၀၁) ထိန်းချုပ်ရာ နယ်‌မြေတ‌နေ ရာတွင် လက်ခံထားခဲ့ပြီး ‌ရှေ့ဆက် ၎င်းစစ်သည်များ၏ဆန္ဒအတိုင်း စီစဉ်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ဒုဗိုလ်မှူးကြီး‌စော ‌ဖောဒိုက ‌ပြောသည်။

ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၂၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏ ထွက်‌ပြေး‌ရောက်ရှိလာ‌သော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ ‌မေလထဲတွင် ဦးဆုံးထွက်‌ပြေး‌ရောက်ရှိလာသည့် အစိုးရစစ်သည်များဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ‌ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ‌ဝေါ်‌လေ‌ဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအဝင် စစ်သည် ၂၀‌ကျော်သည် လစာဖြတ်‌တောက်ခံရမှုနှင့် ‌ဝေါ်‌လေ‌ဒေသတွင် ဆက် လက် မလှုပ်ရှားလို‌တော့သည့်အတွက် တပ်တွင်းမှ ထွက်‌ပြေးခဲ့‌ကြောင်း ‌ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရသည်။