Home ထိပ်တန်းသတင်း ထိုင်းနယ်စပ် အုန်းဖန်မြို့နယ်ရှိ စစ်‌ပြေးရွာသားတချို့ ‌နေရပ်ပြန်

ထိုင်းနယ်စပ် အုန်းဖန်မြို့နယ်ရှိ စစ်‌ပြေးရွာသားတချို့ ‌နေရပ်ပြန်

1579
‌မေလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ဖြစ်ပွား‌နေသည့် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့ကြား တိုက်ပွဲများ‌ကြောင့် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်‌ပြေး‌ရောက်ရှိလာခဲ့သည့် ရွာသားတချို့သည် ယမန်‌နေ့က ‌နေရပ်ပြန်သွားကြပြီဖြစ်‌ကြောင်း နယ်စပ်သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ခိုလှုံ‌နေကြသည့် စစ်‌ပြေးဒုက္ခသည် ၃ဝဦး‌ကျော်မှာ ယမန်‌နေ့မွန်းလွဲပိုင်း ၁နာရီအချိန်တွင် ‌ဒေသခံထိုင်းအာဏာပိုင်များ၏ စီစဉ်မှုဖြင့် ‌နေရပ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု နို့ဖိုးဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

၎င်းက “မ‌နေ့က မွန်းလွဲ (၁)နာရီအချိန်မှာ လူသစ် ၃၉‌ယောက်ကို ထာ့ဟမ်ဖန်း၊ ‌တော‌ချော‌ဒေါနဲ့ ‌အော‌ဆော်တို့က ကားနဲ့ လာ ကြိုပြီး‌တော့ ပိုင်ခလန်‌ကျေးရွာအထိ ပြန်ပို့တယ်။”ဟု အတည်ပြု ‌ပြောဆိုခဲ့သည်။

အဆိုပါ ‌နေရပ်ပြန် စစ်‌ပြေးဒုက္ခသည်များမှာ ကျိုက်ဒုံမြို့နယ်မှဖြစ်ကြပြီး တိုက်ပွဲများ ပြီးဆုံးပြီဖြစ်၍ ၎င်းတို့ ဆန္ဒအ‌လျှောက် ပြန် သွားခဲ့ခြင်းဖြစ်‌ကြောင်း ထိုင်းနယ်ခြား‌စောင့် တပ်မှူးတစ်ဦးက ‌ဒေသခံ သတင်း‌ထောက်များကို ယ‌နေ့ ‌ပြောကြားလိုက်သည်။

ယင်းသို့ ပြန်သွားသည့် စစ်‌ပြေးဒုက္ခသည်များမှာ ထွက်‌ပြေး‌ရောက်ရှိလာသည့် လူဦး‌ရေ၏ ထက်ဝက်ခန့်ရှိသလို ၎င်းတို့မှာ ‌နေ ရပ်ရင်းသို့ အပြီးပြန်လည်‌ရောက်ရှိသွားခြင်းမဟုတ်ဘဲ နယ်စပ်‌တောတွင်း‌နေရာများ၌သာ ပုန်း‌အောင်းခိုလှုံ‌နေကြခြင်းဖြစ်သည် ဟု နယ်စပ်သတင်းရပ်ကွက်က ‌ပြောဆိုသည်။

သို့‌သော် ကျိုက်ဒုံမြို့နယ်ခွဲအတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တု့ိအကြား ပစ်ခတ်မှုမှာ ယ‌နေ့အထိ ‌နေ့စဉ်လိုလို ဖြစ်‌နေဆဲ ဖြစ်‌ကြောင်း အဆိုပါပစ်ခတ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှ တပ်မှူးတစ်ဦးက ‌ကေအိုင်စီကို ‌ပြော သည်။

၎င်းက “ပစ်ခတ်မှုက‌တော့ ‌နေ့တိုင်းပဲ ဖြစ်တယ်။ အဖိုးနှုတ်ခမ်း‌မွှေး ကိုယ်တိုင်ပါတယ်။ ဒီအတွက် ထိုင်းဘက်ကို ထွက်‌ပြေး တိမ်း‌ရှောင်သွားတဲ့ ရွာသား‌တွေ ပြန်လာတာ‌တော့ ကျ‌နော် မသိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ကျိုက်ဒုံမြို့နယ်ခွဲတွင် ဧပြီလ ၂၃ရက်‌နေ့က အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားရာ မိနန်းအပ်၊ အဇင်း စသည့်‌ကျေးရွာများမှ ‌ဒေသခံရွာသား ၇,၀၀‌ကျော် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်‌ပြေးခိုလှုံခဲ့သည်ဟု ထိုင်း သတင်းဌာနများတွင် ‌ကြေညာထားသည်။