Home ထိပ်တန်းသတင်း စစ်‌ပြေးရွာသားများ၏ ‌နေအိမ်၊ ခြံဝင်းသိမ်းဆည်းခံရမည်ဟု သတင်းများ ထွက်‌ပေါ်‌နေ

စစ်‌ပြေးရွာသားများ၏ ‌နေအိမ်၊ ခြံဝင်းသိမ်းဆည်းခံရမည်ဟု သတင်းများ ထွက်‌ပေါ်‌နေ

1660
ဧပြီ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာအစိုးရတပ်နှင့် ကရင်တပ်ဖွဲ့တို့ကြားပစ်ခတ်မှု‌ကြောင့် ထိုင်းနိုင်ငံသို့ ထွက်‌ပြေးခိုလှုံ‌နေကြသည့် ကရင်စစ်‌ပြေးဒုက္ခသည်များ သည် ‌နေရပ်မပြန်ပါက ၎င်းတို့ ‌နေအိမ်၊ ခြံဝင်းများကို အစိုးရစစ်တပ်မှ သိမ်းဆည်းမည်ဟု ရွာသားများ ‌ပြောဆိုကြသည်။

ထို‌ဒေသတွင် အ‌ခြေစိုက်သည့် အစိုးရစစ်တပ်တို့က ယခုလ သကြင်္န်ပြီးလျှင် မိမိ‌ကျေးရွာသို့ ပြန်လည်မ‌နေထိုင်သည့် ရွာသားများ၏ ‌နေအိမ်၊ ခြံဝင်းများကို သိမ်းဆည်းမည်ဟု ခြိမ်း‌ခြောက်‌ပြောဆိုခဲ့‌ကြောင်း ထိုင်းနိုင်ငံ ဖို့ဖရမြို့နယ်တ‌နေရာတွင် ခိုလှုံ‌နေရသည့် ရွာ သူတစ်ဦးက ‌ပြောသည်။

“ကျမတို့ကြားတာက ဒီသကြင်္န်ပြီးအထိ ‌စောင့်ကြည့်မယ်တဲ့။ သကြင်္န်ပြီးလို့ ရွာသား‌တွေ ပြန်မ‌နေလို့ရှိရင် ‌နေအိမ်၊ ခြံ‌မြေ‌တွေကို သိမ်းပစ်မယ်။ အခြားနယ်က လာ‌နေတဲ့သူ‌တွေကို ‌နေခွင့်‌ပေးလိုက်မယ်လို့ စစ်တပ်က ‌ပြောတယ်။ တချို့ရွာသား‌တွေက အိမ်‌တွေ၊ ခြံဝင်း‌တွေ အသိမ်းခံရမှာကို စိုးရိမ်ကြတဲ့အတွက် ပြန်‌နေထိုင်ကြတာလည်းရှိတယ်။”ဟု ‌ပြောသည်။

ယင်းသို့ ပြန်‌နေထိုင်ကြသူများမှာ အနည်းစုသာဖြစ်ပြီး စစ်‌ပြေးဒုက္ခသည် ရွာသူရွာသားအများစုမှာ ‌နေရပ်ရင်းသို့ ပြန်‌နေထိုင်လိုကြ ‌သော်လည်း အစိုးရစစ်တပ်မှ ‌မြေမြှုပ်မိုင်းများ တာဝန်ယူ ရှင်းလင်း‌ပေးခြင်း မရှိသည့်အတွက် မပြန်ရဲကြ‌ကြောင်း ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် လူမှုကယ်ဆယ်အဖွဲ့မှ တာဝန်ရှိသူတဦးက ‌ပြောသည်။

၎င်းက “သူတို့ရဲ့ စားဝတ်‌နေ‌ရေးအတွက် ဘယ်လိုမှ ရပ်တည်လို့ မရ‌သေးတဲ့အပြင် ‌မြေမြှုပ်မိုင်းအန္တရာယ်လည်း ‌ကြောက်ရ‌သေး တယ်။ ရွာသား‌တွေအားလုံးဟာ ပြန်ချင်ကြ‌ပေမယ့်။ အခုချိန်မှာ‌တော့ သူတို့ရဲ့ ‌နေအိမ်၊ ခြံ‌မြေ‌တွေကို ခဏတဖြုတ် ပြန်ကြည့်တယ်။ ပြီးရင် ထိုင်းဘက်ခြမ်း ပြန်ကူးလာကြတယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်‌နေ့က ‌ဝေါ်‌လေ‌ကျေးရွာသူကြီးများနှင့် စကခ(၅)၊ ဗျူဟာ(၁)မှ အာဏာပိုင်တချို့သည် ‌ဝေါ်‌လေ‌ဒေသရှိ ‌ကျေးရွာသူကြီးတချို့မှ ရွာသူကြီးများကို ‌ဝေါ်‌လေ‌ကျေးရွာတွင် ‌ခေါ်ယူ‌တွေ့ဆုံခဲ့စဉ် ရွာသားများ ‌နေရပ်သို့ ပြန်မ‌နေထိုင်ပါက ၎င်း တို့ခြံ‌မြေများကို သိမ်းဆည်းပြီး အခြားနယ်ခံများ ‌ခေါ်ယူကာ လုပ်ကိုင်ခိုင်းမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း ကိုယ်တိုင်‌တွေ့ဆုံခဲ့သည့် သူကြီးတစ်ဦးက ‌ပြောသည်။

ဖလူး‌ကျေးနယ်တွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်က ရွာသားများ မိမိ‌နေရပ်သို့ ပြန်လည်‌နေထိုင်ကြရန် ရွာသူကြီးမှတဆင့် ‌ပြော ဆိုခဲ့‌သော်လည်း အတင်းအကြပ် ဖိအား‌ပေးမှုမရှိ‌ကြောင်း ပြန်လည်‌နေထိုင်သည့် ရွာသားတဦးက ‌ပြောသည်။

၂၀၁ဝခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် ကရင်တပ်ဖွဲ့ကြား တိုက်ပွဲ‌ကြောင့် ‌ဝေါ်‌လေနှင့် ဖလူး‌ကျေးနယ်မှ ရွာသူရွာသားများသည် ထိုင်းနယ်စပ်သို့ ထွက်‌ပြေးခိုလှုံခဲ့ရပြီး ပြီးခဲ့သည့် လအနည်းငယ်က ရွာသားတချို့ ‌နေရပ်သို့ ပြန်လည်‌နေ ထိုင်ခဲ့‌သော်လည်း ထိုင်းနယ်စပ်တွင် လူဦး‌ရေ ၁‌သောင်းခန့် ကျန်ရှိ‌နေ‌သေး‌ကြောင်း လူမှုကယ်ဆယ်‌ရေးအဖွဲ့များက ‌ပြောသည်။