Home ထိပ်တန်းသတင်း နအဖ၏ ဖြတ်‌လေးဖြတ် စစ်ဆင်‌ရေး ဖြစ်နိုင်‌ချေနည်းဟု တိုင်းရင်းသား လက်နက်ကိုင်များ သုံးသပ်

နအဖ၏ ဖြတ်‌လေးဖြတ် စစ်ဆင်‌ရေး ဖြစ်နိုင်‌ချေနည်းဟု တိုင်းရင်းသား လက်နက်ကိုင်များ သုံးသပ်

4539
မတ်လ ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယခုနှစ်ဆန်းပိုင်းအတွင်း နအဖက တိုင်းရင်းသားလက်နက်ကိုင်‌ဒေသများကို ဖြတ်‌လေးဖြတ်ပုံစံဖြင့် ထိုးစစ်ဆင်ရန် သတင်း ထွက်‌ပေါ်‌နေ‌သော်လည်း လက်‌တွေ့တွင် ဖြစ်နိုင်‌ချေနည်း‌သေး‌ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သုံးသပ် ‌ပြောဆို‌နေကြသည်။

အာဏာရှင်‌ဟောင်း ဦး‌နေဝင်း(ကွယ်လွန်)လက်ထက် ၁၉၆၅မှ ၈၃ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသားအ စည်းအရုံး(KNU)အ‌ပေါ် ရိက္ခာဖြတ်၊ ဘဏ္ဍာ‌ငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်နှင့် လူထုနှင့်အဆက်အသွယ်ဖြတ် စသည့် ထိုးစစ်ဖြတ်‌တောက်မှု ၄ခုကို ပြန်လည် အသက်သွင်းသည့်အ‌နေဖြင့် နအဖ စစ်အစိုးရတပ်က ပြုလုပ်လာပါက အုံကြွမှုများ ဖြစ် ‌ပေါ်လာနိုင်သည်ဟု ‌ကေအဲန်ယူ ဒု-ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက ယခုလို ‌ပြောသည်။

“ဖြတ်‌လေးဖြတ်က‌တော့ ကရင်ပြည်နယ်ထဲမှာ အခုထိလို့ ‌ပြောလို့ရတယ်။ သျှမ်း၊ ကချင်၊ ဝ စတဲ့ နယ်‌မြေကို ထပ်လုပ်မယ်ဆို ရင် သူ(နအဖ)အခက်‌တွေ့နိုင်တယ်။ အခု သူတို့တပ်တွင်းမှာလည်း အကွဲအပြဲများလာချိန်မှာ ထိုးစစ်လုပ်မယ်ဆိုရင် လူ‌ရော ‌ငွေပါ အရင်းအနှီးအများကြီး ‌ပေးရမယ်။ တိုက်ပွဲ‌ကြောင့် လူထုလည်း ဒုက္ခ‌ရောက်မယ်။ ၈၈တုန်းကလို‌တောင် လူထုအုံကြွမှု ဖြစ်‌ပေါ်လာနိုင်ပြီး စစ်တပ်ကလည်း လူထုဘက်ကို ရပ်တည်လာနိုင်တယ်။ ဘာဖြစ်လဲဆို‌တော့ ‌ရွေး‌ကောက်ပွဲမှာ လူထုအပြင် စစ်တပ်ထဲက မ‌ကျေနပ်တဲ့သူ‌တွေ အများကြီးပဲ။ စစ်တပ်ကို ‌ရှေ့တန်းနယ်‌မြေမှာ ထပ်‌မောင်းမယ်ဆိုရင် စစ်တပ်ကလည်း အ ကြပ်အတည်း ဖြစ်မယ်။ ဒါ‌ကြောင့် ဒီထိုးစစ်ဟာ ဖြစ်နိုင်‌ချေနည်းပါတယ်။”ဟု သူက ‌ပြောသည်။

မတ်လ ၁၃ရက်‌နေ့က သျှမ်းပြည်နယ်အလယ်ပိုင်း SSPP/SSA မိုင်းရှူးမြို့အဝင် မိုင်း‌အောက်အုပ်စု နယ်‌မြေအတွင်း အင်အား ထပ်ဖြည့်လာသည့် နအဖ စကခ(၂)လက်‌အောက်ခံ တပ်ရင်း(၃)ရင်းကို နယ်‌မြေခံ သျှမ်းစစ်တပ်က တိုက်ခိုက်ခဲ့‌သော်လည်း ၎င်းမှာ နအဖစစ်တပ်၏ ခြိမ်း‌ခြောက်မှုတခုသာဖြစ်‌ကြောင်း သျှမ်းပြည်တပ်မ‌တော်က ‌ပြောသည်။

ရှမ်းပြည်တပ်မ‌တော်မှ အရာရှိတဦးက “ဒီနအဖတပ်‌တွေဟာ ကျ‌နော်တို့ အ‌နောက်ဘက်လမ်း‌ကြောင်းကို ဖြတ်‌တောက်ဖို့ လာ တာပဲ။ ထိုးစစ်လို့‌တော့ ‌ပြောလို့မရဘူး။ လက်ရှိအ‌ခြေအ‌နေက‌တော့ ထိုးစစ်ဆင်တဲ့ ပုံစံတာမျိုးလည်း မ‌တွေ့ရဘူး။ အင်အားပြ ခြိမ်း‌ခြောက်တာမျိုးပဲ။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက နအဖ၏ ‌လေးလပတ် အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ ရန်သူနယ်‌မြေအတွင်း လူနှင့် စားသုံးကုန် ပစ္စည်းများ မဝင်‌ရောက်‌စေ‌ရေး တားဆီးခြင်း၊ ရန်သူအဖွဲ့အစည်းနယ်‌မြေနှင့် ကွပ်ကဲမှုနယ်‌မြေများအလိုက် ဝင်ထွက်လမ်းများ ကို တပ်၊ ရဲ၊ ပထစ၊ ပူး‌ပေါင်းအဖွဲ့များနှင့် ပိတ်ဆို့တားဆီး‌စေခြင်း၊ ရန်သူအဖွဲ့အစည်းအချင်းချင်း ဆက်သွယ်နိုင်မည့် လမ်း ‌ကြောင်းများ‌နေရာတွင် လှုပ်ရှားစစ်‌ကြောင်းများနှင့် နယ်‌မြေစိုးမိုး‌စေခြင်း စသည်တို့ဖြင့် သက်ဆိုင်ရာ တိုင်းမှူးဆီသို့ ညွှန်ကြား ထားမှုများရှိ‌ကြောင်း သတင်းထွက်‌ပေါ်ခဲ့သည်။

ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၏ ဒု-နိုင်ငံခြား‌ရေးဝန်ကြီး ဗိုလ်မှူးဂျိမ်းစ်လွန်း‌ဒေါင်က “နအဖက ဖြတ်‌လေးဖြတ် မကလို့ ဆယ်ဖြတ်ပဲလုပ်လုပ် လုပ်လာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ဘက်က တန်ပြန်တုံ့ပြန်သွားမယ်။ ဒီလက်နက်ကိုင် တိုက်ခိုက်မှုမျိုးနဲ့ ဘယ်‌တော့မှ သူ ‌အောင်နိုင်မှာ မဟုတ်ဘူး။ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးသာလျှင် ငြိမ်းချမ်းရဲ့အ‌ဖြေ ဖြစ်တယ်။ တကယ်ဆိုရင် ဖြတ် ‌တောက်မှု‌တွေ သူတို့လုပ်လာတာ ခုထိပဲ။ ထူးခြားတဲ့ ‌အောင်မြင်မှု‌တွေ မ‌တွေ့ရဘူး။ ဒါ‌ကြောင့် ဒီထိုးစစ်က နအဖ အ‌ပေါ်မှာပဲ မူတည်တယ်။”ဟု ‌ပြောဆိုသည်။

နအဖ စစ်အစိုးရသည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်ခင်ကတည်းက ကရင်ပြည်နယ်အတွင်းရှိ KNU ထိန်းချုပ်နယ်‌မြေများတွင် လူထုများအ‌ပေါ် လူသတ်မှု၊ မုဒိမ်းမှုနှင့် လုပ်အား‌ပေးခိုင်း‌စေမှု စသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုအမျိုးမျိုး ကျူးလွန်ခဲ့သည့်အ ပြင် KNU အား ဖြတ်‌လေးဖြတ်ပုံစံမျိုးဖြင့် နှစ်စဉ် ထိုးစစ်ဆင်မှုများ ရှိခဲ့‌သော်လည်း အပြတ်‌ချေမှုန်းသည့် အတိုင်းအတာထိ မပြု လုပ်နိုင်ခဲ့‌ကြောင်း KNU က ‌ထောက်ပြထားသည်။