Home ထိပ်တန်းသတင်း ‌ဝေါ်‌လေ‌ဒေသ တိုက်ပွဲ ပြင်းထန်လာ

‌ဝေါ်‌လေ‌ဒေသ တိုက်ပွဲ ပြင်းထန်လာ

1809
ဇန်နဝါရီလ ၁၄ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ၊် မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသ၌ နအဖနှင့် ကရင်ပူး‌ပေါင်းတပ်ဖွဲ့ဝင်တို့အကြား ယ‌နေ့တ‌နေ့လုံးနီးပါး အ ပြန်အလှန်ပစ်ခတ်မှုအ‌ခြေအ‌နေသည် ယခင်ရက်များထက် မိုပိုပြင်းထန်လျှက်ရှိသည်ဟု ကရင်တပ်ဖွဲ့များ ဘက်က ‌ပြောသည်။

စစ်သည်အင်အား ၁၈၀‌ကျော်ရှိသည့် နအဖစစ်တပ်မှ စကခ (၁၂)လက်‌အောက်ခံ ခလရ (၂၉၉)နှင့် စကခ (၈)လက်‌အောက်ခံ ခမရ (၄၀၉)၊ (၄၀၃)ပူး‌ပေါင်းတပ်ရင်းတို့သည် အူးက‌လေ့ထာ့ရှိ DKBA တပ်ဖွဲ့ဝင်များး၏ ယာယီစခန်းအား ယ‌နေ့ ‌နေ့လည် ၁၂‌ကျော်မှစ၍ ည‌နေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်‌ပေါင်း ၂၀ဝနီး ပါးခန့် ပစ်ခတ်ခဲ့သည်ဟု DKBA ဘက်က ‌ပြောသည်။

DKBA တပ်မဟာ(၅) လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီး ‌စောစမင်းက “ ဒီ‌နေ့ ၁၂နာရီခွဲက‌နေ ည‌နေ ၆နာရီ ‌ကျော်အထိ နအဖဘက်က လက်နက်ကြီး၊ လက်နက်ငယ်‌တွေ မ‌ရေတွက်နိုင်‌လောက်‌အောင် ကျ‌နော်တို့စခန်းကို ပစ်ခတ်ကြတယ်။ ကျ‌နော်ဘက်ကလည်း ပြန်ပစ်တယ်။ ကျ‌နော်တို့ စခန်းကို တက်သိမ်းဖို့ သူတို့ (နအဖ) သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့‌ပေမယ့် သူ့လူ‌တွေအထိနာလို့ ပြန်ဆုတ်လိုက်ရတယ်။”ဟု ‌ပြောသည်။

ယ‌နေ့ တိုက်ပွဲတွင် နအဖဘက်က ထိခိုက်ဒဏ်ရာရှိရသူ အ‌ရေအတွက် အတိအကျ မသိရှိရ‌သော်လည်း ကရင်တပ် ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိ‌ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကရင်တပ်ဖွဲ့ဝင်များက ‌ပြောသည်။

အလားတူ ဖလူး‌ကျေးနယ်ဘက်တွင်လည်း နအဖစစ်တပ်က ဗိုလ်မှူးကြီး ‌စော‌ကျော်သက်ဦး‌ဆောင်သည့် DKBA တပ်ဖွဲ့အား မွန်းလွဲ ၁နာရီ‌ကျော်အချိန်မှစ၍ ည‌နေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် တ ဖက်သတ် ပစ်ခတ်ခဲ့သည်ဟု DKBA တပ်မဟာ(၅)မှ ဗိုလ်မှူး ‌စောဆန်း‌အောင်က ‌ပြောသည်။

ပြီးခဲ့သည့် ၁၂ရက်‌နေ့က ဖလူး‌ကျေးနယ်တွင် နအဖတပ်ဖွဲ့မှ လက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်မှု‌ကြောင့် ဗိုလ်မှူးကြီး‌စော‌ကျော်သက်ထိုင်သည့် က‌ဆောဝါး‌လေး ယာယီခံစစ်စခန်းအား ‌နေရာဖယ်‌ပေးခဲ့ရသည်ဟု သိရှိရ သည်။

လွန်ခဲ့သည့် ၂၀၁ဝခုနှစ် ‌ရွေး‌ကောက်ပွဲတရက်အလွန် နိုဝင်ဘာလ ၈ရက်‌နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဗိုလ်မှူးချုပ် ‌စောလားပွယ်ဦး‌ဆောင်သည့် DKBA တပ်မဟာ (၅) တပ်ဖွဲ့တို့ကြား ပြစ်ခတ်မှုသည် လက်ရှိအ ချိန်ထိ တိုက်ပွဲအ‌ခြေအ‌နေ ပြင်းထန်လျှက်ရှိပြီး DKBA ဘက်မှ KNLA၊ ABSDF တပ်ဖွဲ့တို့က စစ်‌ရေး ပူး‌ပေါင်းလာသလို နအဖဘက်ကလည်း နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်းထိုးစစ်ဆင် လာသည်ဟု သိရသည်။