Home ထိပ်တန်းသတင်း ဖလူး‌ဒေသတွင်း တိုက်ပွဲ နအဖ တပ်သား ၃၀‌ကျော် ထိခိုက်‌သေဆုံး

ဖလူး‌ဒေသတွင်း တိုက်ပွဲ နအဖ တပ်သား ၃၀‌ကျော် ထိခိုက်‌သေဆုံး

1617
ဇန်နဝါရီလ ၂၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ဝေါ်‌လေဂွင်၊ ဖလူး‌ကျေးနယ်၊ ‌ကျောက်ခက်‌ဒေသအတွင်း ယမန်‌နေ့ မနက်က နအဖနှင့် ကရင်တပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၃၀‌ကျော် ထိခိုက်‌သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့များ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်တပ်ဖွဲ့မှ ကိုက် ၃၀ဝခန့် ‌နောက်ဆုတ်‌ပေးခဲ့ရ‌သော်လည်း စကခ (၁၂) လက်‌အောက်ခံတပ် ရင်းများဘက်မှ တပ်သား ၂၀‌ကျော်‌သေဆုံးခဲ့ပြီး ၁၀‌ကျော် ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)မှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူး ‌စောဆန်း‌အောင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “မ‌နေ့ကတိုက်ပွဲမှာ နအဖ ၃ဝ ‌ကျော်ထိခိုက်‌သေဆုံးမှု ရှိတယ်လို့ ကျ‌နော်တို့ သိရတယ်။ ကျ‌နော်တို့ဘက်က‌တော့ တ‌ယောက်မှ ထိခိုက်မှု မရှိဘူး။ တိုက်ပွဲဖြစ်တာက‌တော့ ‌ကျောက်ခက်ရဲ့ တဖက်ကမ်းမှာပါ။ ‌နောက် ကျ‌နော် တို့က လက်နက်ကြီး အလုံး ၂ဝ ‌လောက်နဲ့ လှမ်းပစ်တယ်။ ဒီ‌နေ့လည်း သူတို့တက်လာတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့က မပိုင်ရင် လုံးဝမပစ်ဘူး။ ကျ‌နော်သတ်ကွင်းထဲကို ဝင်မှ ပစ်မယ်။ အခုလည်း သူတို့ကို ကျ‌နော်တို့ တပ်ဖွဲ့‌တွေ ‌စောင့်ပစ်‌နေ တယ်။”‌ပြောသည်။

ယင်းတိုက်ပွဲ‌ကြောင့် ဖလူး‌ဒေသရှိ ‌သေ့‌ဘောဘိုး‌ကျေးရွာမှ အရပ်သား ၁,၀၀ဝခန့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ‌မော်လီချိုင်း ‌ကျေးရွာတွင် ယမန်‌နေ့က ထပ်မံထွက်‌ပြေးလာရသည်ဟု ဒုက္ခသည်များကို သွား‌ရောက် ကူညီ‌ပေးခဲ့သည့် ကရင်လူမှု ကယ်ဆယ်‌ရေးအဖွဲ့ဝင် တဦးဖြစ်သည့် ‌စောမိုးနိုင်က ‌ပြောသည်။

၎င်းက“အခု ‌ပြေးလာသူ အသစ်နဲ့ အရင်ရှိထားတဲ့ အ‌ဟောင်းတို့ ‌ပေါင်းလိုက်ရင် တ‌ထောင်‌ကျော်တယ်။ သူတို့‌တွေကို ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငါး‌သေတ္တာ စတဲ့ စားစရာ‌လေး‌တွေ ကျ‌နော်တို့ သွား‌ရောက် ကူညီ‌ပေးတယ်။”ဟု ‌ပြောပြ သည်။

လက်ရှိ ဖလူး‌ဒေသအတွင်းရှိ ‌ကျောက်ခက်‌ဒေသတွင် နအဖ စခက(၁၂) လက်‌အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ (၂၃၁)၊ ခမရ(၅၄၇)၊ (၅၄၈)၊ (၆၅၆)တပ်ရင်းတို့ လှုပ်ရှား‌နေသည်ဟု DKBA စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြော သည်။