Home ထိပ်တန်းသတင်း ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒရှင်အများစု ‌ရွေး‌ကောက်ပွဲကို သပိတ်‌မှောက်မည်

ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒရှင်အများစု ‌ရွေး‌ကောက်ပွဲကို သပိတ်‌မှောက်မည်

1833
နိုဝင်ဘာလ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀‌ရွေး‌ကောက်ပွဲသည် တရားမျှတမှုမရှိ‌သော‌ကြောင့် မွန်နှင့် ကရင်နယ်စပ် ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒ ရှင်အများစုက ၎င်းတို့၏ ဆန္ဒမဲပြားများကို ပယ်မဲအဖြစ် ပြုလုပ်မည်ဖြစ်ကြသလို တချို့က မဲမထည့်ဘဲ‌နေကာ သပိတ်‌မှောက်ကြမည်ဟု ‌ပြော ဆို‌နေကြသည်။

“စစ်တပ်က အနားယူထားတဲ့လူ‌တွေ၊ ဝန်ထမ်းက အနားယူထားတဲ့လူ‌တွေ၊ အဲဒီလူ‌တွေကိုပဲ မဲထည့်ရတာ။ အဲဒါ‌ကြောင့် ပြည်သူ‌တွေက သ‌ဘောမကျဘူး‌ပေါ့။ အများစုက ပယ်မဲဖြစ်‌အောင်လုပ်မှာပဲ ‌ပြော‌နေကြတယ်။ တချို့ကျ‌တော့ သွားမထည့်ဘူးတဲ့။ ကျ‌နော်က‌တော့ သွား ထည့်မယ်။ ဒါ‌ပေမယ့် ပယ်မဲဖြစ်‌အောင် လုပ်လိုက်မယ်။”ဟု ဘုရားသုံးမြို့မှ မဲဆန္ဒရှင်တဦးက ‌ပြောသည်။

ထို့အတူ အခြားမဲဆန္ဒရှင်တဦးကလည်း “လွှတ်‌တော်သုံးရပ်အတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်‌လောင်း‌တွေ ဘယ်လိုမဲထည့်ရမယ်။ တိုင်း ရင်းသားလူမျိုးစု ကိုယ်စားလှယ်ဆိုရင် ဘယ်လိုမဲ‌ပေးရမလဲဆိုတာက‌တော့ သိထားပါတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့‌ဒေသအတွက် ဘာ‌တွေ လုပ်‌ပေးမယ်ဆိုတဲ့ သူတို့‌တွေရဲ့ မဲဆွယ်စည်းရုံးမှု‌တွေ ဘာမှမကြားရတဲ့အတွက် မဲမထည့်ဘူးလို့ပဲ ဆုံးဖြတ်လိုက်တယ်။”ဟု ‌ပြောသည်။

‌ရွေး‌ကောက်ပွဲ ကျင်းပရန် (၅)ရက်သာ ကျန်‌တော့‌သော်လည်း ဘုရားသုံးဆူမြို့နယ်တွင် ဝင်‌ရောက်အ‌ရွေးခံမည့် လွှတ်‌တော်ကိုယ်စားလှယ် ‌လောင်းများသည် ယ‌နေ့အချိန်ထိ လူကိုယ်တိုင် လာ‌ရောက်မဲဆွယ်စည်းရုံးမှုများ တစုံတရာ လုပ်‌ဆောင်မှုမရှိသဖြင့် ပြည်သူအများစုမှာ ‌ရွေး ‌ကောက်ပွဲကို လုံးဝ စိတ်မဝင်စားကြခြင်းဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

“ကိုယ်‌ရွေးချယ်ရမယ့် ကိုယ်စားလှယ်‌လောင်း‌တွေဟာ ဘယ်သူမှန်းမှ မသိတဲ့အတွက် စိတ်ကိုမဝင်စားကြတာ။ အားလုံးဟာ ပုံမှန် ‌နေ့တဓူဝ အလုပ်ကိုပဲ လုပ်‌နေကြတယ်။ ‌နောက် ငါးရက် ဘာ‌တွေဖြစ်လာမလဲဆိုတာ ထမင်းစားကြရင်း၊ လက်ဖက်ရည်‌သောက်ကြရင်း၊ စကား‌ပြောကြရင်း ဒီအ‌ကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူမှမ‌ဆွေး‌နွေးကြဘူး။ စိတ်လည်း မဝင်စားကြဘူး။”ဟု ၎င်းက ထပ်မံ ‌ပြောဆိုသည်။

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် ‌နေထိုင်ကြ‌သော ပြည်သူအများစုက ယခု ကျင်းပမည့် ‌ရွေး‌ကောက်ပွဲသည် အ ‌ပြောင်းအလဲတစုံတရာ ‌ပြောင်းလဲသွားမည်မဟုတ်သည့်အပြင် ၎င်းတို့ လက်ရှိ ရင်ဆိုင်‌နေရ‌သော စားဝတ်‌နေ‌ရေးပြဿနာကို ‌ဖြေရှင်းနိုင်မည် မဟုတ်သဖြင့် ‌ရွေး‌ကောက်ပွဲထက် ၎င်းတို့၏ စားဝတ်‌နေ‌ရေးက ပို၍ အ‌ရေးကြီး‌ကြောင်း ‌ပြောဆို‌နေကြသည်။

ဘုရားသုံးမြို့ရှိ မဲဆန္ဒရှင် ကရင်အမျိုးသားတဦးက “ကျ‌နော်တို့ ဘာမှနားမလည်ဘူး။ အဲဒီ မဲတပြားကို မထည့်လည်း ဘာ‌တွေဖြစ်သွားမှာမို့ လို့လဲ။ ‌တောင်ယာသွားရင်‌တောင်မှ အကျိုးရှိအုံးမယ်။”ဟု ‌ပြောသည်။

ဘုရားသုံးမြို့အ‌နောက်ဘက်ခြမ်း (၈)မိုင်ခန့် အကွာအ‌ဝေးရှိ ‌ချောင်းဆုံမှ မဲရုံမှူးနှင့်နီးစပ်သူတဦးက “‌ချောင်းဆုံမဲရုံမှူးက ‌ပြောပြတယ်။ သူ တို့(မဲဆန္ဒရှင်)ဆန္ဒအရဆိုရင် မဲလာထည့်ကြမှာ မဟုတ်ပါဘူးတဲ့။ စစ်တပ်က လိုက်‌ခေါ်လို့ရှိရင်‌တော့ လာထည့်မယ်ထင်ပါတယ်။”ဟု ‌ပြော သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲဖြစ်သည့် ဘုရားသုံးဆူမြို့နယ်၌ ကြံ့ဖွံ့ပါတီမှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦး‌စောထွဋ်‌ခေါင်လွင်၊ တစည ပါတီမှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦး‌စောကြည်‌အေးနှင့် ဖလုံ-စ‌ဝေါ်ပါတီမှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောထယ်ရီတို့က ဝင် ‌ရောက်အ‌ရွေးခံမည်ဖြစ်သည်ဟု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

၎င်း‌ဒေသတွင် ပြီးခဲ့သည့် ‌အောက်တိုဘာလကုန်ပိုင်းခန့်က မဲပုံးများ ‌ရောက်ရှိနှင့်ပြီးဖြစ်‌သော်လည်း မဲရုံပြုလုပ်မည့်‌နေရာကို ယ‌နေ့အချိန်ထိ မသတ်မှတ်ရ‌သေး‌ကြောင်း ဘုရားသုံးဆူမြို့ခံများက ‌ပြောသည်။