Home ထိပ်တန်းသတင်း ကြံ့ဖွံ့ပါတီ မဲ‌ပေးရန် ‌ကျေးရွာတာဝန် ရှိသူများ ဖိအား‌ပေးခံရ

ကြံ့ဖွံ့ပါတီ မဲ‌ပေးရန် ‌ကျေးရွာတာဝန် ရှိသူများ ဖိအား‌ပေးခံရ

1867
‌အောက်တိုဘာ ၂၁ရက်၊ နန်းထူးစံ (‌ကေအိုင်စီ)

ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်‌ရောက်အ‌ရွေးခံမည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ကိုယ် စားလှယ်များသည် စစ်တပ်နှင့်‌ပေါင်းပြီး ၎င်းတို့ပါတီကို မဲ‌ပေးရန် ရွာသူကြီးများကို ဖိအား‌ပေးမှုများ ရှိ‌နေသည်ဟု ‌ကျောက် ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရွာသူကြီးတဦးက ‌ပြောသည်။

သူက “ကျ‌နော်တို့ ‌ဒေသမှာ ပါတီတခုပဲ ရှိတယ်။ ပါတီက လူကြီး‌တွေက‌တော့ ကျ‌နော်တို့ ရွာသူကြီး‌တွေကို ‌ခေါ်‌တွေ့ပြီး မင်းတို့ မဲထည့်ရမယ်လို့ ‌ပြောတယ်။ မဲမထည့်လို့ မရဘူး။ သူတို့ စီစဉ်ထားပြီးသားပဲ။ အဓိကက‌တော့ ကျ‌နော်တို့ ရွာသူကြီး‌ပေါ့။ ရွာသူ ရွာသား‌တွေကို ‌ပြော‌ပေးရတာ‌ပေါ့။ ကျ‌နော်တို့ အဲဒီမှာ‌နေတာ လိမ္မာပါးနပ်စွာနဲ့ ‌နေထိုင်‌နေရတယ်။ အဲဒါ‌တွေဟာ မှန်ကန်တဲ့ လုပ်ရပ်‌တွေ မဟုတ်‌ပေမယ့် သူတို့‌ပြောတာကို လုပ်‌ပေး‌နေရတယ်။ ဒါ‌ပေမယ့် စိတ်‌တော့ မဝင်စားကြပါဘူး။”ဟု ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်တွင် မဲဆန္ဒနယ် နှစ်ခုရှိပြီး မဲဆန္ဒနယ်‌မြေ အမှတ်(၂)တွင် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ် ‌ရေးပါတီ(တစည)မှ ကိုယ်စားလှယ်များ ဝင်‌ရောက်အ‌ရွေးခံမည်ဖြစ်‌သော်လည်း ကြံ့ဖွံ့ပါတီတစ်ခုတည်းမှ ကိုယ်စားလှယ်များက သာ ‌ဒေသခံလူထုကို ‌ခေါ်ယူစု‌ဝေးပြီး ၎င်းတို့ပါတီကို မဲထည့်ရန် မဲဆွယ်စည်းရုံးမှုများ လုပ်‌ဆောင်ခြင်းဖြစ်သည်။

၎င်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တွင် ‌ကျေးရွာအုပ်စု(၁၀)ရှိပြီး ယင်းမှာ ပတ္တလား၊ အင်းနက်၊ လယ်ဝဲကြီး၊ ဝယ်လာ‌ဒေါ၊ ကျွဲ တလင်း၊ မမယား၊ နတ်သာကွင်း၊ ထိုးဝါးစိုက်၊ ‌ဒေါင်းမို့၊ ‌ကျောက်ဇရစ် အပါအဝင် ရွာ‌ပေါင်း (၄၅)ရွာရှိသည်ဟု သိရသည်။

အဆိုပါ မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်‌ရောက်အ‌ရွေးခံမည့် ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်များမှာ တိုင်း‌ဒေသကြီး လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် ဦးဝင်းဘို၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဦးသက်နိုင်ဦး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် အဖြစ် ဦးသိန်းစိုးတို့ဖြစ်ပြီး တစညပါတီမှ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဝင်း‌ဆွေက ဝင်‌ရောက်အ ‌ရွေးခံမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ‌ရွေး‌ကောက်ပွဲအတွက် မဲရုံများကို ‌သေ‌သေချာချာ သတ်မှတ်ထားခြင်း မရှိ‌သေး‌သော်လည်း မဲရုံမှူးနှင့် မဲရုံ ‌စောင့်ကြည့်သူများကို သက်ဆိုင်ရာ အာဏာပိုင်က စီစဉ်ထားပြီးဖြစ်‌ကြောင်း ထို‌ဒေသခံက ယခုလို ဆက်လက် ‌ပြောဆိုသည်။

သူက “‌ကျေးရွာအုပ်စုတစုစီမှာ မဲရုံတခုစီထားမယ် ထင်တယ်။ မဲရုံမှူး‌တွေကို‌တော့ ‌ရွေးထားပြီးကုန်ပြီ။ အစိုးရ ‌ကျောင်းဆရာ၊ ဆရာမ‌တွေ လုပ်ရတယ်။ မဲရုံ‌စောင့်ကြည့်တာကို‌ပေါ့။”ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့‌သော ‌အောက်တိုဘာ (၄)ရက်‌နေ့က ကြံ့ဖွံ့ပါတီမှ စည်းရုံး‌ရေး တာဝန်ရှိသူများက ‌ဒေသခံလူထုအား မဲထည့်ရ သည့် နည်းစနစ်များကို ‌ကျေးရွာအတွင်း လာ‌ရောက်ရှင်းလင်း‌ပြောပြသွားခဲ့သည်ဟုလည်း ထိုရွာသူကြီးက ‌ပြောသည်။

ယခု စစ်အစိုးရ ပြုလုပ်ကျင်းပသည့် ‌ရွေး‌ကောက်ပွဲသည် စစ်အစိုးရတို့ တရားဝင် အာဏာရရှိ‌ရေးအတွက် လုပ်‌ဆောင်ခြင်းသာ ဖြစ်‌ကြောင်း ‌ဝေဖန်‌ပြောဆို‌နေကြသည်။