Home ထိပ်တန်းသတင်း အပစ်ရပ် မွန်ပြည်သစ်ပါတီက ‌ရွေး‌ကောက်ပွဲကို လုံးဝ လက်မခံဟု ‌ကြေညာ

အပစ်ရပ် မွန်ပြည်သစ်ပါတီက ‌ရွေး‌ကောက်ပွဲကို လုံးဝ လက်မခံဟု ‌ကြေညာ

1505
‌အောက်တိုဘာလ ၂၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ဆယ်ရက်‌ကျော်သာ လို‌တော့သည့်အချိန်ကာလတွင် အပစ်ခတ်ရပ်စဲ‌ရေး ယူထား‌သော မွန်ပြည်သစ်ပါ တီ(NMSP)က နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မည့် ‌ရွေး‌ကောက်ပွဲသည် တရားမျှမှု မရှိသည့်အတွက် လုံးဝ လက်မခံနိုင် ‌ကြောင်း ‌အောက်တိုဘာလ ၁၈ရက်‌နေ့တွင် သ‌ဘောထား‌ကြေညာချက်တ‌စောင် ထုတ်ပြန်ခဲ့သည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်‌ရေးအတွက် စစ်အစိုးရက ပြည်သူလူထုအား နည်းမျိုးစုံသုံးကာ ၎င်းတို့ စိတ်ကြိုက်‌ရွေးဆွဲ ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အတည်ပြု၍ လာမည့် နိုင်ဝင်ဘာလ (၇)ရက်‌နေ့တွင် ကျင်းပမည့်‌ရွေး‌ကောက်ပွဲ သည် ဒီမိုက‌ရေစီအခွင့်အ‌ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေး အနည်းအကျဉ်းသာ ပါရှိသည့်အတွက် စစ်မှန်‌သော ပြည်‌ထောင်စုစနစ် ‌ပေါ်ထွန်းလာနိုင်မည် မဟုတ်‌ကြောင်း ‌ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)၏ ဗဟိုနိုင်ငံခြားဆက်ဆံ‌ရေးတာဝန်ခံ နိုင်ဟံသာဗွန်းခိုင်းက “‌ရွေး‌ကောက်ပွဲကလည်း နီးလာပြီဆို ‌တော့ ကျ‌နော်တို့ မွန်ပြည်သစ်ပါတီရဲ့ သ‌ဘောထားအစစ်အမှန်ကို မွန်လူထု‌တွေ‌ရော၊ တခြား‌သော တိုင်းရင်းသားလူထု‌တွေကို ‌ရော သိ‌အောင် ကျ‌နော်တို့ ဒီထုတ်ပြန်ချက်ကို ထုတ်ရတာပါ။ အကယ်လို့ နအဖက ကျ‌နော်တို့ကို တစုံတရာ ဖိအား‌ပေးလာရင် လည်း ကျ‌နော်တို့ သ‌ဘောထားက မ‌ပြောင်းလဲနိုင်ဘူး။ ကျ‌နော်တို့ရဲ့ နိုင်ငံ‌ရေးရပ်တည်ချက်‌ရော၊ ‌ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ် ‌ရော ဒါလူထု‌တွေကို ရှင်းပြချပြတဲ့အ‌နေနဲ့ပါ။”ဟု ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

၎င်းတို့အ‌နေဖြင့် အခြား‌တော်လှန်‌ရေး အတိုက်အခံအင်အားစုများနှင့် တစုံတရာ လက်တွဲ‌ဆောင်ရွက်မှုများ ရှိထား‌ကြောင်း၊ နအဖ စစ်အစိုးရနှင့် အဆက်အသွယ်ပြတ်‌နေသလို မွန်ပြည်သစ်ပါတီကို တိုက်ခိုက်လာမည်ဆိုပါက မိမိကိုယ်ကို ကာကွယ် သည့်အ‌နေဖြင့် အသင့်ပြင်ဆင်ထား‌ကြောင်းလည်း သူက ရှင်းပြသည်။

စစ်အစိုးရသည် ‌ရွေး‌ကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပါတီများထဲတွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (USDP)ကိုသာ ဘဏ္ဍာ‌ငွေ‌ကြေး၊ စည်းရုံး‌ရေးဆိုင်ရာ အခွင့်ထူးများ လိုအပ်သမျှ ရယူနိုင်ခြင်းကိုကြည့်၍ ‌ရွေး‌ကောက်ပွဲသည် တရားမျှတမှုမရှိ ဖြစ်‌နေသည့်အပြင် ၁၉၉၁ခုနှစ် ‌ရွေး‌ကောက်ပွဲရလာဒ်ကို ‌ချေဖျက်ရန်နှင့် စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်လာ ‌ရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု (NMSP)၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ‌တောင်းဆိုထားသည့် ပါဝင်သင့်သူများ မပါဝင်ခြင်း၊ နိုင်ငံတကာ ‌စောင့်ကြည့်‌လေ့လာမှုကို လစ်လျူရှု ငြင်းပယ်ခဲ့ခြင်းအ‌ပေါ် ‌ရွေး‌ကောက်ပွဲမှာ ပွင့်လင်းမြင်သာ ရိုးသားမှုမရှိ‌ကြောင်း ‌ပေါ်လွင်‌နေ သည်ဟုလည်း ‌ထောက်ပြထားသည်။

NMSP ၏ သ‌ဘောထားထုတ်ပြန်ချက်တွင် မတရား‌သော ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ပြီး မဲရုံသို့ သွား‌ရောက်မဲ‌ပေးမှု မပြု ခြင်းနှင့် မဲကို ပယ်မဲဖြစ်‌အောင်လုပ်ရန် ပြည်သူလူထုအား တိုက်တွန်းထားပြီး မလွဲမ‌ရှောင်သာ မဲရုံသို့ ပြည်သူများ သွား‌ရောက် မဲ‌ပေး‌နေခြင်းကို (NMSP)အ‌နေဖြင့် ကန့်ကွက်မည် မဟုတ်‌ကြောင်းလည်း ထည့်သွင်း‌ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ၏ သ‌ဘောထားကို မွန်ပြည်နယ်ရှိ လူထုအ‌နေဖြင့် လက်ခံသူများရှိသလို မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီကို အား‌ပေး‌ထောက်ခံသူများလည်း ရှိသည့်အတွက် မဲ‌ပေးမည့်သူများမှာ အများစုဖြစ်နိုင်‌ကြောင်း ‌ဝေဖန်မှုများလည်း ရှိ သည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် ၁၉၉၅ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ပြီး ယခုနှစ် ဩ ဂုတ်လ (၅)ရက်‌နေ့က ကျ‌ရောက်သည့် မွန်အမျိုးသား‌နေ့တွင် နအဖ ကျင်းပမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲနှင့် နယ်ခြား‌စောင့် တပ် အသွင်‌ပြောင်း‌ရေးတို့ကို လက်မခံနိုင်‌ကြောင်း တရားဝင် သ‌ဘောထားထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။