Home ထိပ်တန်းသတင်း မဲ‌ကော်မရှင်နှင့် မဲရုံလုပ်ငန်းတွင် ရပ်ကွက်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဓိကပါဝင်

မဲ‌ကော်မရှင်နှင့် မဲရုံလုပ်ငန်းတွင် ရပ်ကွက်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဓိကပါဝင်

1591

‌အောက်တိုဘာလ ၁၅ရက်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများသည် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်နှင့် မဲရုံတာဝန် များတွင် ကူညီလုပ်‌ဆောင်‌ပေး‌နေရ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အမည်မ‌ဖော်လိုသူ ရပ်ကွက်ရုံးဝန်ထမ်းတစ်ဦးက “ရပ်ကွက်မှူး‌တွေက ‌ကော်မရှင်အဖွဲ့ဝင်‌တွေ‌လေ။ ဥက္ကဌ‌တော့ မပါဘူး။ ‌ကော်မရှင် ဥက္ကဋ္ဌက ရပ်မိရပ်ဖ။ ရပ်ကွက်မှူး‌တွေက ‌ကော်မရှင်အဖွဲ့ဝင်။ ရယက စာ‌ရေး‌တွေက ‌ကော်မရှင်အတွင်း‌ရေးမှူး‌တွေ ‌လေ။”ဟု ဆိုသည်။

၎င်းအပြင် “မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်‌ဆေးသူနဲ့ မဲလက်မှတ်ထုတ်‌ပေးသူ‌တွေကို‌တော့ ဦးစား‌ပေးက ‌ကျောင်းဆရာ/ ဆရာမ ‌တွေ‌လေ။ ဆရာမ မရှိရင် သူနာပြု သားဖွားမရှိရင် အခြားဝန်ထမ်း။ အခြားဝန်ထမ်းမရှိရင် ဘွဲ့ရပညာတတ်။ ‌နောက်ဆုံး ဘွဲ့ရ ပညာတတ်တာ မရှိရင် စာ‌ရေးတတ်ဖတ်တတ်‌ပေါ့။”ဟု ဆက်လက်‌ပြောဆိုသည်။

သံလွင်အ‌နောက်ဘက်ကမ်းရှိ မြိုင်က‌လေး‌ကျေးရွာအုပ်စုမှ ‌ကျောင်းဆရာမတစ်ဦးက “ကျမတို့ကို မဲရုံမှူး‌တွေလုပ်ဖို့ ‌ပြောထား တာ‌တော့ ကြာလှပြီ။ မှတ်မိသ‌လောက်ဆို ဒီနှစ်စကတည်းကပဲ‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ (၁၂)ရက်က ဖားအံမြို့ရှိ အမှတ်(၂) အလယ်တန်း‌ကျောင်းတွင် အစည်းအ‌ဝေးတစ်ခု ပြုလုပ်ခဲ့ရာ ‌ကော်မရှင်အဖွဲ့၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်အားလုံး ပါဝင်တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လာမည့် ‌ရွေး‌ကောက်ပွဲ၌ အ‌ရွေးခံမည့် ပါတီ ၃၇ပါတီရှိသည့်အနက် ကရင်ပြည်နယ်တွင် ၆ပါတီဖြစ်ပြီး ဖားအံ မြို့နယ်တွင်မူ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်‌ရေးပါတီ(NUP) စသည့် ၃ပါတီသာ ဝင်‌ရောက်အ‌ရွေးခံကြမည်ဖြစ်သည်။

‌ကော်မရှင်အစည်းအ‌ဝေးကို ပုံမှန်မသတ်မှတ်‌သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အ‌ရေးကြီးလျှင်ကြီးသလို ‌ခေါ်ယူလုပ်‌ဆောင်သလို ယခုအချိန်တွင် မဲရုံ‌စောင့်မည့် ဝန်ထမ်းများ၊ မဲရုံတွင် တာဝန်ကျမည့်သူများကို ကြိုတင်မဲသ‌ဘောမျိုး ပုံစံ(၁၅)ထုတ်‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

ယခုအချိန်တွင် မဲရုံ‌ဆောက်လုပ်ရန် ပြင်ဆင်‌နေ‌သော်လည်း သီတင်းကျွတ်‌ကျောင်းပိတ်ရက်မှသာ ‌ဆောက်လုပ်သွားမည်ဖြစ်ပြီး စာသင်‌ကျောင်းများကို မဲရုံအဖြစ် အသုံးပြုသွားမည်ဟုလည်း မဲ‌ကော်မရှင် အတွင်း‌ရေးမှူးတစ်ဦးက “မဲထည့်ရမယ်ဆိုရင် စာ သင်‌ကျောင်းတို့ တခြားအ‌ဆောက်အအုံတို့‌ပေါ့။ သီးသန့်မဲရုံ မ‌ဆောက်ပါဘူး။ အများအားဖြင့် စာသင်‌ကျောင်းမှာ လုပ်မှာပါ။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဌ ဦး‌စော‌အောင်ပွင့်က “မဲပုံး‌တွေက ‌ရောက်‌နေတာ ကြာပါပြီ။ တလ‌ကျော် ‌လောက်‌တောင် ရှိပြီထင်တယ်။ ကျ‌နော်တို့ မြို့နယ်‌တွေကို‌တောင် ပို့လိုက်ပြီးပြီ။”ဟု ဆိုသည်။

၎င်းအပြင် မဲစာရင်းနှင့် ‌ရွေး‌ကောက်ပွဲတွင် အ‌ရွေးခံမည့် ပုဂ္ဂိုလ်များကိုလည်း ရပ်ကွက်ရုံးတွင် ‌ကြော်ငြာအ‌နေဖြင့် ကပ်ထား သည့်အပြင် လက်ရှိအချိန်တွင် ရပ်ကွက်ရုံးမှ ဝန်ထမ်းများက မဲစာရင်းများ စစ်‌ဆေးခြင်းနှင့် A4 ကို သုံးပုံတစ်ပုံ ချိုးထားသည့် စာအုပ်ပုံစံ မဲလက်မှတ် တုံကင်ပြားများကို ‌ရေး‌နေရသည်ဟု မြင်‌တွေ့သူတစ်ဦးက ‌ပြောသည်။

“မဲလက်မှတ် ‌ရေး‌နေရပြီး တုံကင်ပြား‌တွေ‌ပေါ့။ မဲလက်မှတ်အရွယ်အစားက A4 ကို 3ပုံ1ပုံ ချိုးထားတယ်။ စာအုပ်ပုံစံ‌ပေါ့။ အလှူခံဖြတ်ပိုင်းလိုမျိုးလုပ်မယ်။ တစ်အုပ်ကို အရွက် ၅ဝပါမယ်။ တစ်ခြမ်းက နာမည်တို့၊ နံပါတ်တို့‌ရေးပြီး လက်ခံမှာ‌ပေါ့။ မဲ လက်မှတ်ထုတ်‌ပေးရင် ဖြတ်ပြီး‌ပေးမှာ လက်ခံက ကျန်ခဲ့မယ်‌လေ။”ဟု ‌ပြောသည်။

အဆိုပါ မဲလက်မှတ်ထဲတွင် အ‌ရွေးခံမည့် ကိုယ်စားလှယ်အမည်၊ ပါတီတံဆိပ်နှင့် ညာဖက်‌ဘေးတွင် မဲဆန္ဒကို အမှတ်ခြစ်ရန် ‌နေရာလွတ်အကွက်တကွက် ပါမည်ဟု သိရသည်။

ယခုလ ၂ရက်‌နေ့က ကရင်ပြည်နယ်မှ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ဝင် ဦး‌စောဘလှိုင်က ပြည်နယ်အတွင်းရှိ ‌ကော်မရှင်အဖွဲ့ဝင်များနှင့် ပယကရုံးခန်းတွင် ‌ခေါ်ယူစည်း‌ဝေးရာ ‌ကော်မရှင် ဥက္ကဌနှင့် အတွင်း‌ရေးမှူးများ တက်‌ရောက်ခဲ့ကြ ‌ကြောင်း သိရသည်။