Home ထိပ်တန်းသတင်း မိုးရွာသွန်းမှုများလာခြင်း‌ကြောင့် ဖာပွန်ပြည်သူများ စပါးရိတ်ရန် အခက်ကြုံ

မိုးရွာသွန်းမှုများလာခြင်း‌ကြောင့် ဖာပွန်ပြည်သူများ စပါးရိတ်ရန် အခက်ကြုံ

1188
‌အောက်တိုဘာလ ၂၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းတွင် ပြီးခဲ့‌သောအပတ်မှစ၍ ယခုအချိန်ထိ မိုးဆက်တိုက် ရွာသွန်းမှု‌ကြောင့် ရိတ်ချိန်တန် သည့် ‌တောင်ယာစပါးနှင့် လယ်ယာစပါးများမှာ မရိတ်နိုင်ဘဲ အခက်ကြုံ‌နေရသည်ဟု ဖာပွန်ခရိုင် ‌ဒေသခံများက ‌ပြောသည်။

ဖာပွန်ခရိုင် ဘူးသိုမြို့နယ်၊ ‌ဒေးပူနိုရွာသားတဦးက “ကျ‌နော့် ‌တောင်ယာစပါးက ရိတ်ချိန်‌ရောက်ပြီ။ ရိတ်ဖို့အတွက် မိုးက ရွာလို့ ဒီအတိုင်းပဲ ထားရတယ်။ မိုးရပ်တဲ့အထိ ‌စောင့်ရမှာ‌ပေါ့။ လယ်လုပ်တဲ့သူ‌တွေလည်း ရိတ်ချိန်တန်တဲ့ သူတို့ရဲ့ စပါး‌တွေ မရိတ် နိုင်ကြဘူး။ ဒီလဆန်းပိုင်းမှာ ‌တောင်ယာစပါးအချို့ စရိတ်တဲ့သူ‌တွေ ရှိခဲ့‌ပေမဲ့ ဆက်ရိတ်ဖို့လည်း မဖြစ်နိုင်‌တော့ ခုထိ ဒီအတိုင်း ပဲ ထားပစ်ရတာ။ သူတို့က ပိုပြီး ဒုက္ခ‌ရောက်ကြတာ‌ပေါ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဖာပွန်ခရိုင်ရှိ မြို့နယ်သုံးခုစလုံးအတွင်း ‌တောင်ယာစပါးခင်းအားလုံးနီးပါးသည် ရိတ်ချိန်တန်‌နေပြီး လယ်ယာစပါးမှာမူ လူ‌သော မြို့နယ်တွင် ရိတ်ချိန်တန်သည့် လယ်ယာစပါးခင်း ၃ပုံ ၁ပုံ၊ ဒွယ်လိုးနှင့် ဘူးသိုမြို့နယ်နှစ်ခု‌ပေါင်းတွင် ရိတ်ချိန်တန်သည့် လယ် ယာစပါးခင်း ၅ပုံ ၁ပုံ ရှိ‌ကြောင်း ခန့်မှန်းသိရှိရသည်။

သူက “အခု အထိနာတာက ‌တောင်ယာစပါး‌တွေပါ။ အားလုံးလိုလို ရိတ်ရမယ့်အချိန်ပဲ။ လယ်ယာစပါးကျ‌တော့ အထွက်‌စော တဲ့ စပါးမျိုးနဲ့ အထွက်‌နောက်ကျတဲ့ စပါးမျိုးရှိ‌တော့ အထွက်‌နောက်ကျတဲ့ စပါး‌တွေအတွက် ‌လော‌လောဆယ် ပြဿနာ မရှိနိုင် ‌သေးဘူး။ ဒါ‌ကြောင့် ‌တောင်ယာလုပ်တဲ့ ပြည်သူ‌တွေ‌တော့ ‌တော်‌တော်ညီးညူ‌နေကြတယ်။ သဘာဝ‌ဘေးဒဏ်‌ကြောင့်မို့ ကျ‌နော်တို့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ လူမှု‌ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး လာမယ့်နှစ် သူတို့အတွက် ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲဆို တာပဲ နည်းလမ်းရှာရမယ်။”ဟု ‌ပြောဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံ၌ မိုးဦးရာသီအချိန်တွင် မိုးရွာသွန်းမှုနည်းခဲ့ပြီး ယခုလို မိုး‌နှောင်းကာလ ကုန်ဆုံးချိန်တွင်မူ မိုးရွာမှု ပိုများ လာသည့်အတွက် ‌တောင်ယာနှင့် လယ်ယာစပါးများ မရိတ်သိမ်းနိုင် ဖြစ်ရသည့်အပြင် စပါးဖျက်ပိုးနှင့် ကြွက်ငယ်‌လေးများ ကျ သည့်အတွက်‌ကြောင့် ဖာပွန်ခရိုင်ပြည်သူများ ပို၍ အခက်ကြုံ‌နေရသည်ဟု သိရသည်။

‌ကေအဲန်ယူ ထိန်းချုပ်ထားရာ အဆိုပါ ဖာပွန်ခရိုင်မှ မြို့နယ်သုံးခုတွင် လယ်ဧက ၇,၀၀၀‌ကျော်နှင့် ယခုနှစ် ‌တောင်ယာစပါးခင်း ၃,၀၀၀‌ကျော်ရှိသည့်အနက် ‌တောင်ယာခင်းနှင့် လယ်ယာဧက‌ပေါင်း ၅,၀၀၀‌ကျော်မှာ ပျက်စီးဆုံးရှုံး‌နေရသည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင် မှတ်တမ်းများအရ သိရသည်။