Home ထိပ်တန်းသတင်း နအဖ ဒုက္ခိတစစ်သည်များ အ‌ဆောင်အတွက် ‌ကျေးရွာအုပ်စု ၁ဝစုမှ ကျပ်‌ငွေသိန်း(၄၀)‌ပေး ‌ဆောင်ရ

နအဖ ဒုက္ခိတစစ်သည်များ အ‌ဆောင်အတွက် ‌ကျေးရွာအုပ်စု ၁ဝစုမှ ကျပ်‌ငွေသိန်း(၄၀)‌ပေး ‌ဆောင်ရ

1815
‌အောက်တိုဘာ ၂၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်တွင် နအဖ ဒုက္ခိတစစ်သည်များအ‌ဆောင် ‌ဆောက်လုပ် ‌ပေးရန်အတွက် ‌ကျေးရွာအုပ်စု (၁၀)စုမှ ကျပ်‌ငွေ(၄၀)သိန်း ‌ပေး‌ဆောင်ရန် ‌ကျောက်ကြီးမြို့နယ်ဥက္ကဌက ညွှန်ကြားခဲ့သည်ဟု သိရသည်။

ယခုလ ‌အောက်တိုဘာလ ၁၇ရက်‌နေ့တွင် ‌ကျောက်ကြီးမြို့နယ် ဥက္ကဌ ဦး‌ဇော်မျိုးညွန့်က ‌ကျောက်ကြီးမြို့၌ ‌ဆောက်လုပ်မည့် ဒုက္ခိတစစ်သည်များအ‌ဆောင်အတွက်ဟုဆိုကာ ‌ကျောက်ကြီးမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၁ဝစုမှ ကျပ်‌ငွေ(၄၀)သိန်းကို ‌အောက် တိုဘာလ ၂ဝ ရက်‌နေ့ ‌နောက်ဆုံးထားပြီး ‌ပေးပို့ရမည်ဟု အဆိုပါ ‌ကျေးရွာအုပ်စုများထဲမှ ရွာသူကြီးတဦးက ‌ပြောသည်။

၎င်းက “မြို့နယ်ဥက္ကဌ ‌ပြောတာက‌တော့ ဒုက္ခိတစစ်သည်အတွက် အ‌ဆောင် (၄)‌ဆောင် ‌ဆောက်လုပ်‌ပေးမယ်လို့‌ပြောတယ်။ ကျ‌နော်တို့ရွာ အပါအဝင် ‌ကျေးရွာအုပ်စု (၁၀)စုက ကျပ်‌ငွေသိန်း(၄၀) ‌တောင်းတယ်။ ရွာသူကြီးက တဆင့်‌တောင်းတာ‌ပေါ့ ‌နော်။ ဒီလ ၂ဝရက်‌နေ့မှာ ‌နောက်ဆုံးထားပြီး အ‌ရောက်ပို့ရမယ်လို့‌ပြောတယ်။ ရတဲ့‌ငွေ တချို့ကို‌တော့ ပို့ပြီးပြီ။ တချို့ရွာ‌တွေက ‌တော့ လိုက်စု‌နေတုန်းပဲ မပို့ရ‌သေးဘူး။”ဟု ‌ပြောသည်။

အဆိုပါ ‌ပေး‌ဆောင်ရမည့် ‌ငွေ‌ကြေးပမာဏ များလွန်း‌သော‌ကြောင့် လယ်ယာ‌မြေ၊ ဥယျာဉ်ခြံပိုင်ဆိုင်ကြ‌သော ရွာသားတချို့မှာ ပိုင်ဆိုင်မှုတချို့ကို ‌ရောင်းချပြီး ‌ပေးနိုင်ကြ‌သော်လည်း တ‌နေ့လုပ် တ‌နေ့စားရသည့် ရွာသူရွာသူတချို့မှာမူ အလွန် ဒုက္ခ‌ရောက် ကြပြီး ‌တောင်းသည့်အတိုင်း ရွာသားများ မ‌ပေး‌ဆောင်နိုင်ပါက အမျိုးမျိုး‌သော ခြိမ်း‌ခြောက်အကြပ်ကိုင်မှုများ လုပ်‌ဆောင်လျှက် ရှိသည်ဟု ၎င်းရွာသူကြီးက ဆက်‌ပြောသည်။

၎င်းက “အရင်က ကြုံခဲ့ရဖူးပါတယ်။ သူတို့ ‌တောင်းတဲ့အတိုင်း ကျ‌နော်တို့ ရွာသား‌တွေ မ‌ပေးနိုင်လို့ရှိရင် သွား‌ရေးလာ‌ရေး ပိတ် ပင်တားဆီးတာတို့၊ ခြိမ်း‌ခြောက်အကြပ်ကိုင်တာတို့၊ ‌တောထဲအလုပ်ထွက်လုပ်ရင်လည်း အခန့်မသင့်ရင် ‌ကေအဲန်ယူနဲ့ သွား ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ဒဏ်‌ငွေရိုက်တာတို့ကြုံခဲ့ရ‌တော့ ရွာသား‌တွေလည်း ရတဲ့နည်းနဲ့ ကြံဖန်ပြီး ‌တောင်းတိုင်း ‌ပေးရတာ ‌ပေါ့။”ဟု ‌ပြောသည်။

အဆိုပါ ‌ငွေ‌ပေး‌ဆောင်ရသည့် ‌ကျေးရွာအုပ်စုများမှာ ပတ္တလား၊ အင်းနက်၊ လယ်ဝဲကြီး၊ ဝယ်လာ‌ဒေါ၊ ကျွဲတလင်း၊ မမယား၊ နတ် သာကွင်း၊ ထိုးဝါးစိုက်၊ ‌ဒေါင်းမို့၊ ‌ကျောက်စရိတ် စသည့်‌ကျေးရွာအုပ်စုများဖြစ်ကြပြီး ၎င်း‌ကျေးရွာအုပ်စု (၁၀)စုမှ ‌ကျေးရွာ‌ပေါင်း ၄၅ရွာရှိသည်ဟု သိရသည်။

ဌာ‌နေမဲ့ ကရင်ပြည်သူများ ကူညီ‌စောင့်‌ရှောက်‌ရေး‌ကော်မတီ (စီအိုင်ဒီ‌ကေပီ)၏ ‌ညောင်‌လေးပင်ခရိုင်တာဝန်ခံ ‌စောဘယ်ထူးက “နအဖစစ်တပ် အုပ်ချုပ်မှု‌အောက်မှာ‌နေတဲ့ ပြည်သူ‌တွေဟာ အဲဒီ‌ငွေ‌ကြေး‌ကောက်ခံမှုနဲ့ပတ်သက်ပြီး ‌တော်‌တော်ဒုက္ခ‌ရောက် ကြတယ်။ တချို့အိမ်‌ထောင်စု‌တွေဟာ ‌ပေးရမယ့်‌ငွေ မရှိတဲ့အတွက် လက်ဝတ်ရတနာပစ္စည်း‌တွေ၊ လယ်‌မြေ၊ ခြံ‌တွေ ‌ရောင်း ထုတ်ပြီး ‌ပေးရတဲ့အခါကျ‌တော့ ဘာမှ မကျန်‌တော့ဘူး။ ‌နောက်ဆုံး ‌နေ့စားအလုပ်နဲ့ပဲ လုပ်ကိုင်စား‌သောက်‌နေကြရတယ်။”ဟု ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်တွင် မြို့နယ်ဥက္ကဌအပြင် ထို‌ဒေသတွင် လှုပ်ရှားလျှက်ရှိ‌သော နအဖ စစ်တပ်များသည်လည်း အ‌ကြောင်း အမျိုးမျိုးပြကာ ‌ဒေသခံရွာသားများထံ အဓမ္မ‌ငွေ‌ကြေး‌တောင်းယူမှု၊ အတင်းအဓမ္မ ‌ပေါ်တာဆွဲမှုနှင့် အဓမ္မလုပ်အား‌ပေး ခိုင်း‌စေမှု များ အဆက်မပြတ် လုပ်‌ဆောင်လျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။