Home ထိပ်တန်းသတင်း နအဖနှင့် ဒီ‌ကေဘီ‌အေ နှစ်ဘက် အ‌ခြေအ‌နေ ပိုမိုတင်းမာလာ

နအဖနှင့် ဒီ‌ကေဘီ‌အေ နှစ်ဘက် အ‌ခြေအ‌နေ ပိုမိုတင်းမာလာ

1502
‌အောက်တိုဘာလ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နယ်ခြား‌စောင့်တပ်ဖွဲ့‌ရေးကို ငြင်းဆန်‌နေသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့နှင့် နအဖ အာဏာပိုင် တို့ကြား နှစ်ဘက်တင်းမာမှုအ‌ခြေအ‌နေ ယခင်ထက် ပိုမိုတင်းမာလာ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့်လက စတင် တင်းမာလာသည့် ဒုဗိုလ်မှူးကြီး‌ကျော်သက်ဦးစီး‌သော ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၂)တပ်ဖွဲ့နှင့် နအဖ စစ် တပ်တို့သည် ယမန်‌နေ့က နှစ်ဘက်စစ်‌ရေးပြင်ဆင်မှုများ အကြီးအကျယ် လုပ်‌ဆောင်လာပြီး ပစ်ခတ်မှုဖြစ်လုနီးပါး ဖြစ်ပွားခဲ့သည် ဟု ဒီ‌ကေဘီ‌အေ (၉၀၂)မှ တပ်မှူးတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“လက်ရှိအ‌ခြေအ‌နေက‌တော့ မ‌နေ့တ‌နေ့ကလို အ‌ခြေအ‌နေအတိုင်းပဲ ‌ပြောလို့ရတယ်။ ပြီးခဲ့တဲ့ ၁ဝရက်‌နေ့နဲ့ မ‌နေ့က အ‌ခြေအ‌နေ ဆိုရင် သူတို့(နအဖ)က ‌ပြောတယ်။ ခင်ဗျားတို့ကို ပစ်ရလိမ့်မယ်။ ကျ‌နော်တို့လည်း ပြန်ပစ်ဖို့ ပြင်ဆင်ထားပါတယ်။ သူတို့ဘက်က ပစ်လာရင် ကျ‌နော်တို့ဘက်က ပစ်ရမှာပဲ။ မ‌နေ့ကဆိုရင် ‌ဟေမာန်ဦး ဘုန်းကြီး‌ကျောင်းဘက်မှာ နအဖက ကတုတ်ကျင်း‌တွေဘာ ‌တွေ ‌တော်‌တော်များများ လိုက်တူးထားတယ်။”ဟု ‌ပြောသည်။

ထို့အပြင် ဒုဗိုလ်မှူးကြီး‌ကျော်သက်တို့အဖွဲ့အား မြဝတီမြို့က‌နေ ထွက်ခွာသွားရန် နအဖစစ်တပ်က ဆက်တိုက် ဖိအား‌ပေးမှုများ လုပ်‌ဆောင်ခဲ့သလို နှစ်ဖက်အကြား ပစ်ခတ်မှုတစုံတရာဖြစ်ပွားလာပါက စစ်ကူအတွက် ‌ဝေါ်‌လေ‌ဒေသရှိ ၎င်းတို့ ဒီ‌ကေဘီ‌အေတပ် ဖွဲ့ဝင်များနှင့် အချိတ်အဆက် ယူထားပြီးဖြစ်‌ကြောင်း အဆိုပါတပ်မှူးက ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် နှစ်ဘက်တင်းမာမှုအ‌ခြေအ‌နေကို ညှိနှိုင်းအ‌ဖြေရှာခြင်း တစုံတရာမလုပ်ဘဲ တစ်ဘက်နှင့်တစ်ဘက် လှုပ်ရှားမှု အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေဆဲဖြစ်သလို အချိန်မ‌ရွေး တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု မြဝတီမြို့ခံများနှင့် ဒီ‌ကေဘီ‌အေ အသိုင်းအ ဝိုင်းများက ‌ပြောသည်။

ထိုကဲ့သို့ တင်းမာလာမှု အ‌ခြေအ‌နေနှင့် ပတ်သက်ပြီး မြဝတီမြို့ခံတဦးက “မ‌နေ့တုန်းက အစိုးရတပ်‌တွေက သူတို့(ဗိုလ်‌ကျော် သက်)တို့ဘက် ချီတက်သွားတယ်။ ဒီမနက်လည်း တပ်အင်အား‌တွေ တက်သွားတာ ‌တွေ့ရတယ်။ ‌နောက် သူတို့စခန်း‌တွေ အ ကုန်လုံးကို ပြင်ဆင်ဖို့အတွက်လည်း ဗျူဟာက‌နေပြီး‌တော့ အဆင်သင့် ‌နေရာယူထားဖို့က မှာကြားထားတယ်။”ဟု ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြဝတီခရိုင် ‌ထောက်လှမ်း‌ရေးမှူး ဗိုလ်ကြီးညီညီလွင်အား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာတွင် “မ ဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အားလုံး ‌အေး‌ဆေးပါပဲ။”ဟု တုန့်ပြန်‌ဖြေကြားသည်။

ယင်းသို့ နှစ်ဘက်တင်းမာမှု အ‌ခြေအ‌နေမှ တိုက်ပွဲ တစုံတရာ ဖြစ်ပွားမည်ဆိုပါက လက်ရှိ နအဖဘက်က ပိတ်ထားဆဲဖြစ်သည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်အ‌ပေါ် များစွာ သက်‌ရောက်နိုင်‌ကြောင်း မြဝတီမြို့မှ ကုန်သည်တဦးက ယခုလို ‌ပြောသည်။

၎င်းက “‌ပြေလည်ရာ ‌ပြေလည်‌ကြောင်း ညှိနှိုင်းမယ်ဆိုရင်‌တော့ ပို‌ကောင်းတာ‌ပေါ့။ ဖြစ်သွားပြီးဆိုရင် မဆိုင်တဲ့ ပြည်သူလူထု‌တွေ ကို ကြားထဲက‌နေပြီး‌တော့ ဖမ်းဆီးတာတို့၊ အသွားအလာ အ‌နှောက်အယှက်ဖြစ်တာတို့အပြင် ပိတ်‌နေတဲ့နယ်စပ်ဂိတ်‌တွေလည်း ‌တော်‌တော်နဲ့ ပြန်ဖွင့်ဖို့‌တော့ မလွယ်ဘူး ထင်ပါတယ်။ ဆက်ပိတ်ထားမယ်ဆိုရင် မြဝတီနယ်ခံလူ‌တွေအ‌နေနဲ့က လုပ်ကိုင်စား ‌သောက်ဖို့အတွက်က‌တော့ ပိုပြီးကြပ်တည်းလာမယ်။”ဟု ‌ပြောသည်။

ယခုတင်းမာမှုသည် ပြီးခဲ့သည့် စက်တင်ဘာလ၂၁ရက်‌နေ့က မြဝတီမြို့ အမှတ်(၄)ရဲစခန်း၌ ဒီ‌ကေဘီ‌အေ (၉၀၂)တပ်ရင်းနှင့် ရဲ၊ နအဖ စစ်တပ်တို့အကြား ဖြစ်ပွားခဲ့‌သော တင်းမာမှု၏ ‌နောက်ဆက်တွဲ ပြဿနာဖြစ်‌သော်လည်း အဆိုပါ ဒီ‌ကေဘီ‌အေတပ်ဖွဲ့အ ‌နေဖြင့် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကို လက်မခံ‌သော‌ကြောင့် ယခုလို အ‌ခြေအ‌နေ ပိုမို ပြင်းထန်လာခြင်းဖြစ်သည်ဟု (၉၀၂)တပ်ရင်းမှ တခြားတပ်မှူးတဦးက ‌ပြောသည်။