မန်းကိုကို
ဘယ်သူတွေဘယ်လိုပဲဆိုဆို မကြာခင်မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရှားရှားပါးပါး ရွေးကောက်ပွဲကတော့ လုပ်ဖြစ်ဖို့နဲ့ လက်ရှိ အာဏာဆုပ်ကိုင်ထားသူတွေကနေပြီး သူတို့လိုချင်တဲ့အဖြေကိုရအောင် အစွမ်းကုန် ကြိုးစားသွားမှာကတော့ လယ်ပြင်မှာ ဂေါ်ဇီလာသွားသလို အထင်အရှားနဲ့ သေချာသလောက်ရှိနေပါပြီ။ အချိန်နီးကပ်နေပြီး ငွေ၊ အာဏာ၊ လက်နက်တွေနဲ့ ထောင့် စေ့အောင် ကြိုးစားကာကွယ်ထားတဲ့ ဒီရွေးကောက်ပွဲကို ရလဒ်ပြောင်းသွားအောင် ဘယ်လိုမှလုပ်လို့မရနိုင်တော့ ဖူးလို့ ထင်သူ တွေ ရှိနိုင်ပါတယ်။ ပြောင်းလဲလို့ရနိုင်ကောင်းမှရနိုင်မှာဖြစ်ပေမယ့် ကြိုးစားချင်သေးသူတွေ၊ နောင်အတွက် အသင့်ပြင်လိုသူ တွေအတွက်တော့ လွယ်လွယ်ကူကူ စုစည်းလို့ရနိုင်သမျှ အချို့ကို တင်ပြလိုက်ပါတယ်။
ရွေးကောက်ပွဲ
ရွေးကောက်ပွဲကိုကြည့်ရင် ဒါဟာပြည်သူ့သဘောထား ကောက်ခံချက်တစ်ရပ်၊ တနည်းအားဖြင့် ပြည်သူတွေကို ကိုယ်စားပြုသူ တွေ ရွေးချယ်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ဆိုတာ သတိပြုမိကြပါလိမ့်မယ်။ ပထမဆုံး ဥပဒေပြု ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေး ကောက်မယ်၊ အဲဒီအထဲကမှ အစိုးရဖွဲ့ပြီး နိုင်ငံကို အုပ်ချုပ်တဲ့ အာဏာပိုင်အဖွဲ့ဖြစ်လာပါမယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် လက်ရှိ အာဏာရှင်တွေဟာ မြန်မာပြည်ကို သူတို့အုပ်ချုပ်နိုင်ဖို့ ပြည်သူတွေရဲ့ သဘောတူခွင့်ပြုချက်လိုတယ်။ (သို့မဟုတ် ဟန်ဆောင် ရယူဖို့လိုတယ်)ဆိုတာကို လက်ခံတယ်လို့ ရှင်းရှင်းကြီး အဖြေထွက်နေပါတယ်။ ဒီတော့ကာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်စံဘယ်ပုံထဲဝင်နေတယ်၊ ဦးတည်ရာနဲ့ လုပ်ကိုင်လို့ရမှာတွေ စသည်ဖြင့် ချိန်ထိုးတွေးကြည့်ကြရအောင်။
အနောက်ကိုမျှော်ကြည့်ပြန်တော့
ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်ပိုင်းတစ်ခုကို အကောင်အထည်ဖေါ်တာပါ။ ဒီမိုကရေစီစနစ် ဘယ်မှာ စခဲ့သလဲ။ ရောမကနေစခဲ့တယ်လို့ အလောသုံးဆယ်ဖြေသူတွေရှိ နိုင်ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် ဂျာမဏီကနေ လှိမ့်ဝင် လာတဲ့ Goth အပါအဝင် ဂျာမန်မျိုးနွယ်စုတွေကြောင့် အမှောင်ခေတ်လို့ခေါ်တဲ့ကာလရောက်ရှိခဲ့ရပြီး ဒီစနစ်လည်း ပျောက် သွားခဲ့ရပါတယ်။ ဒီမိုကရေစီစနစ် ဒုတိယအကြိမ်ပြန်လည်အသက်ဝင်လာဖို့ရာမှာ ဥရောပကနေ အထူးသဖြင့်အဂင်္လန်မှာ Magna Carta လိုဒီမိုကရေစီဘိုးအေလို့ခေါ်နိုင်မယ့် စာတမ်းပေါ်ပေါက်လာခဲ့ပြီး အစတည်ခဲ့တယ်ဆိုတာမျိုးတော့ ကမ္ဘာ့သမိုင်း ကို တစ်ဝက်တပျက်လောက်ပဲသင်ကြားတာခံခဲ့ကြရတဲ့ မြန်မာပြည်သားအချို့အနေနဲ့ သိနိုင်ဖို့မဟုတ်ရင်လည်း သတိထားမိဖို့ အခက်အခဲ ရှိနိုင်ကြပါတယ်။
ဒီနေရာမှာ တွေးစရာပေါ်လာတာက မြန်မာပြည်စစ်အာဏာရှင်အဆက်ဆက် (မဆလ၊ နဝတ၊ နအဖ) တို့ကနေ အနောက် နိုင်ငံများရဲ့တိုးတက်မှုကိုအားကျသူနဲ့ ဆက်စပ်ပတ်သက်နေသူများကို “နယ်ချဲ့အားကိုးပုဆိန်ရိုး”လို့ဆိုထားတာလူတိုင်းအသိပါ။ ဒီတော့ အဲဒီနိုင်ငံတွေကနေတဆင့် အတုယူရတာဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုတည်ထောင်မယ်ဆိုရင် ဒီစစ်အာဏာရှင်တွေဟာ သူတို့ပြောတဲ့ ပုဆိန်ရိုးတွေများ ကိုယ်တိုင်ဖြစ်မသွားဖူးလားလို့ပါ။ လစ်ဘရယ်၊ ဆိုရှယ်လစ်၊ ရှေးရိုးစွဲစတဲ့ ကြံ့ဖွံ့အပါအဝင် နိုင်ငံ ရေးပါတီတွေနဲ့ကင်းလို့မရတဲ့ အနောက်နိုင်ငံတွေမှာသန္ဓေတည်ခဲ့တဲ့ ဝါဒတွေ အကြောင်းပါပြောရရင်တော့ ဆိုဘွယ်ရာ မရှိ တော့ပါဘူး။
ဒါတင်မကသေးပါဘူး။ အထက်တုန်းကပြောခဲ့သလို ပြည်သူ့ဆန္ဒသဘောထား ကောက်ယူတယ်ဆိုတာလည်း “လူလူချင်းတန်း တူပဲ၊ အုပ်ချုပ်သူတွေဟာ ပြည်သူတွေရဲ့ သဘောတူညီချက်နဲ့ အုပ်ချုပ်ရမယ်၊ ပြည်သူအများစုလက်ခံမှသာ အုပ်ချုပ်မှုတွေဟာ တရားဝင်တယ်၊ အုပ်ချုပ်ရေးအာဏာမှာ အကန့်အသတ်ရှိတယ်” စတဲ့ ခေတ်အဆက်ဆက်တွေးခေါ်တည်ဆောက်လာခဲ့တဲ့ အနောက် တိုင်းအတွေးအခေါ်တွေရဲ့အပေါ် အခြေခံထားတာပါ။ ဒါတွေဆက်ပြောရင် အာဏာရှင်တွေ ရှက်ရမ်းရမ်းပြီး မြန်မာ ပြည်မှာ ရှိခဲ့တဲ့အစဉ်အလာအတိုင်း ပဒေသရာဇ်စနစ်ကို ပြန်လှည့်သွားနိုင်တယ်လို့တောင် စိတ်ပူရမလို ဖြစ်နေပါတယ်။ ဒါပေ မယ့် ဒီလူတွေဒီလောက်နဲ့တော့ ရှက်မယ့်ပုံမပေါ်ပါဘူး။
လိုရင်းရည်ရွယ်ချက်
ဒီမိုကရေစီနိုင်ငံတွေအားလုံးလိုလိုမှာ အဂင်္ါရပ်တစ်ခုအနေနဲ့ တွေ့နိုင်တာကတော့ တစ်ကဏ္ဍနဲ့ တစ်ကဏ္ဍ ချိန်ခွင်လျှာတွေအ နေနဲ့ ထိန်းညှိပေးထားတဲ့ အာဏာပိုင် ၃ ရပ်ဖြစ်ကြတဲ့ –
(၁) အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးကိုကိုင်တွယ်တဲ့ အစိုးရအဖွဲ့
(၂) ဆွေးနွေးအဆိုပြုဥပဒေပြဋ္ဌာန်းမဲ့ လွှတ်တော်တွေ
(၃) ဥပဒေစိုးမိုးရေးကိုအာမခံမယ့် တရားရေးကဏ္ဍတို့ပဲ ဖြစ်ကြပါတယ်။
ဒါ့အပြင် ပြည်သူလူထုရဲ့ သဘောထားအပေါ် ဩဇာညောင်းနိုင်မယ့် သတင်းနဲ့စာနယ်ဇင်းကဏ္ဍကိုတော့ ဒီမိုကရေစီစနစ်ရဲ့ စတုတ္ထအုတ်မြစ်ရယ်လို့ ဒီဘက်ခေတ်မှာ အဆိုပြု လှုပ်ရှားနေစေကြပါပြီ။ ဒါ့ပြင် ဒီကနေ့ အိနိ္ဒယလိုနိုင်ငံမှာဆိုရင် လာဘ်စားမှု ကင်းဝေးရေးကို ဒီမိုကရေစီစနစ်ရဲ့ ပဉ်စမအုတ်မြစ်ဆိုပြီး ဆော်ဩလာကြတဲ့အနေအထားအထိ ရောက်နေတာကို တွေ့ရပါ တယ်။ စနစ်တိုင်း၊ ဝါဒတိုင်းဟာ ခေတ်နဲ့အညီ တိုးတက်ဖြစ်ထွန်းနေကြတဲ့ ပြယုဂ်တွေဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအတွေး အခေါ်နဲ့ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်သမိုင်း မရှိသလောက်ဖြစ်တဲ့ မြန်မာပြည်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီရယ်လို့ တီထွင်သွတ်သွင်းဖို့ ကြိုးစားတာကတော့ အရင် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်”လိုပဲ လိုရာဆွဲလုပ်ရပ်တစ်ခုပါ။ (နောင်မှပဲ အာဏာရှင်တွေ တီထွင်ခဲ့တဲ့ ဟန်ပြဒီမို ကရေစီစနစ်အချို့ကို တင်ပြပါအုံးမယ်။)
နောက်ဆုံး အရေးကြီးတဲ့ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဋ္ဌာနအဖုံဖုံပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရားပဲ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့မဆိုင်သလို ဖြစ်တည်ရှိနေပေမယ့် ဒီယန္တရားကြီးကနေ နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကို အများကြီး လမ်း ကြောင်းပေးနိုင်တဲ့ စွမ်းအားတွေရှိနေပါတယ်။ (ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံများမှာတော့ ဝန်ထမ်းတွေဟာ အစိုးရအုပ်ချုပ်မှု အောက်မှာ လုပ်ကိုင်နေကြရပေမယ့် သူတို့ကိုယ်ကိုပြည်သူကြားက ပြည်သူ့ဝန်ထမ်းတွေဆိုတာ နားလည်ကြပါတယ်။ ပြည်သူ လူထုအကျိုးကို ရှေ့ရှုလုပ်ကိုင်ကြပါတယ်။)
အထက်က ကဏ္ဍတွေကို ကြည့်လိုက်မယ်ဆိုရင် လက်ရှိ စစ်အာဏာရှင်များကနေ အစိုးရအဖွဲ့၊ တရားရေး၊ သတင်းစာနယ် ဇင်းကဏ္ဍနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ချုပ်ကိုင်လွှမ်းမိုးထားတာ တွေ့ကြရပါမယ်။ ဒီတော့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ဥပ ဒေပြုကဏ္ဍ (လွတ်တော်တွေ)ကို လက်ဝါးကြီးအုပ်ပြီး လက်ရှိရထားတဲ့ အုပ်ချုပ်ရေးအာဏာကို တရားဝင်ဖြစ်အောင်၊ ကမ္ဘာက လည်း လက်ခံလာအောင် တည်ဆောက်ဖို့ ကြိုးစားနေတာ အထင်အရှားပါပဲ။ ပြည်သူတွေအတွက်တော့ တစ်ခုတည်းကျန်တဲ့ ခံတပ်ကို အသိမ်းခံရမယ့်အရေးပါ။ နိုင်ငံအဝှမ်းနဲ့ဆိုင်တဲ့ အရေးကိစ္စ၊ ပြည်သူတစ်ရပ်လုံးရဲ့ ဘဝတွေနဲ့ သမိုင်းလမ်းကြောင်းကြီး တစ်ခုလုံး ပြောင်းလဲသွားစေနိုင်တဲ့ ဒီလုပ်ရပ်ကို အလွယ်တကူ အလျှော့ပေးလိုက်မလားဆိုတာ လေးလေးနက်နက် တွေးတော ဆုံးဖြတ်သင့်တဲ့ အနေအထားမှာ ရောက်နေပါတယ်။
ဘယ်သူတွေ ဘာလုပ်ကြမလဲ
ရွေးကောက်ပွဲလုပ်မယ်ဆိုပြန်တော့ တရားတယ်ဆိုပြီးပြောနိုင်အောင် အခြေခံဥပဒေကောက်ရေး၊ စိတ်ကြိုက်ဥပဒေတွေထုတ်၊ နောက်ဆုံးတော့ ရွေးကောက်ပွဲကော်မရှင်ပါဖွဲ့ပြီး လုပ်နေကြပြန်ပါတယ်။ အနီးဆုံး ကရင်ပြည်နယ်ကို ကြည့်လိုက်ပါ။ အထင် ရှားဆုံး နမူနာတစ်ခုကိုကြည့်ရင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ အရင်က ရင်ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးစောအောင်ပွင့်ပါ။ ပုဂ္ဂိုလ်ရေးအရ ပြောစရာမရှိပေမယ့် တချိန်က စစ်အာဏာရှင်စနစ်တဖြစ်လဲ မဆလလက်ထက်မှာ ကျိုးကျိုးနွံနွံနဲ့ ကျရာတာဝန် ထမ်းဆောင်ခဲ့တဲ့ သူ့လိုလူတွေကို စင်ပြန်တင်ထားတာထောက်ရင် အာဏာရှင်တွေဟာ လက်ညှိုးထောင် ခေါင်းညိတ်မယ့်သူ မျိုးတွေကိုပြန်လှည့်သုံး၊ ဒီမိုကရေစီရယ်လို့ကြွေးကြော်ပြီး ဒီမိုကရေစီကို ကိုယ်တွေ့မကြုံဖူး၊ မခံစားဖူးတဲ့ သူလိုကိုယ်လိုလူများ ကို ဒိုင်လူကြီးလုပ်ခိုင်း၊ စစ်ဗိုလ်တွေချည်းလိုလို ခေါင်းဆောင်တဲ့ ကြံ့ဖွံ့လိုအဖွဲ့ကို ပါတီထောင် ဝင်ပြိုင်ခိုင်း၊ အတိုက်အခံ ယှဉ် ပြိုင်ဖို့ဆိုပြီး သစ္စာခံတိုင်းရင်းသားစစ်ထွက်တွေကိုတွန်းထည့်နဲ့ စိတ်ကြိုက်လုပ်နေတာလည်း ထင်ရှားပါတယ်။ ဒါ့ပြင် ဒီမိုကရေ စီစနစ်ခိုင်မြဲပြီး ဖြစ်တဲ့နိုင်ငံတွေကနေ အကူအညီ အကြံဉာဏ်မပြောနဲ့။ လေ့လာသူတွေတောင်မပါတဲ့ ဒီရွေးကောက်ပွဲကြီးကို ဘယ်လိုများဝေဖန်ရမလဲဆိုတာ စကားလုံးများလည်း မရှိတော့လောက်အောင်ပါပဲ။ အနီးစပ်ဆုံးအနေနဲ့ကတော့ ယုံကြည်နိုင် လောက်စရာမရှိတဲ့ (ဆင်လုံး) မတရားရွေးကောက်ပွဲလို့သာ ခေါ်ဆိုလို့ရနိုင်ပါမယ်။
ကြောက်ရင် မဲမပေးပါနဲ့
အချို့သူတွေက ပြောလာပါမယ်။ ကြောက်လို့မဲပေးရတယ်တဲ့။ ဒါကိုတွေးကြည့်ရအောင်။
မဲထည့်ထည့် မထည့်ထည့် ရှိခဲ့ဖူးတဲ့သခင်္န်းစာတွေအရ ကိုယ်ရည်ရွယ်တဲ့အတိုင်း၊ မဲထည့်တဲ့အ တိုင်းဖြစ်လာဖို့ အာမခံချက်မရှိ တာ (တနည်းအားဖြင့် မဲလိမ်နိုင်တာ)က ပထမတစ်ချက်။ နောက်တစ်ချက်က မဲထည့်တာရဲ့ နောက်ဆုံးပန်းတိုင်ဟာ ကိုယ့်ကို အုပ်ချုပ်မယ့်အစိုးရကို ရွေးတာပါ။ ကိုယ်ရွေးရမယ့်သူတွေထဲမှာ ကြံ့ဖွံ့နဲ့ စစ်တပ်လူထွက်နိုင်ငံရေးသမားဆိုသူတွေအပြင် စစ် တပ်လုပ်သမျှကို ခေါင်းငုံ့ခံမယ့်(ခံရမယ့်)သူတွေကပဲ တမိုးလုံးဖျောက်ဆိတ်ဆိုသလို နေရာတိုင်းမှာ အများစုဖြစ်နေတာမို့ ဘယ်သူ့ကို မဲသွားပေးမှာလဲ။ ရှေ့ကပြောတဲ့သူတွေကို ရွေးမိတာဆိုရင်တော့ ကိုယ့်ကိုဒုက္ခ ပေးမယ့်သူတွေကို နောက်နာမည် တစ်မျိုးနဲ့အုပ်ချုပ်ဖို့ ကိုယ့်ရဲ့သဘောတူညီချက်ပေးလိုက်သလိုသာ ဖြစ်သွားပါမယ်။ ဒီတော့ ကြောက်ရင်လည်း အရမ်းသာ ကြောက်လိုက်ကြပါ၊ မဲသွားမထည့်ဖြစ်အောင် ကြောက်လိုက်ကြပါလို့ အကြံပေးလိုပါတယ်။
ဒါဆိုရင်
လူထုထဲမှာ အထူးသဖြင့် ကျနော်တို့ ကရင်တိုင်းရင်းသားတွေဟာ နိုင်ငံရေးမှာ မလည်ပတ်ဖူး၊ နားမလည်ဖူးလို့ အပြောများကြ ပါတယ်။ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလူတွေအားလုံးကို နိုင်ငံရေးအသိတွေ လက်ဆင့်ကမ်းပြီး ကို်ယ်ပိုင်အ တွေးအခေါ်တွေကို ထုတ်နှုတ်အသုံးချနိုင်ဖို့ အခွင့်အရေးတွေရအောင်လုပ်ပေး၊ ကြိုးစားပေးခဲ့ကြည့်ကြပြီးပြီလားလို့ မေးလိုပါ တယ်။ လက်ရှိ အာဏာရှင်တွေမလုပ်ချင်တဲ့ ဒီတာဝန်ဝတ္တရားဟာ အဖွဲ့အစည်းအားလုံးနဲ့ ရွေးကောက်ပွဲမှာ ဝင်နွှဲလိုတယ်ဆို တဲ့ ပါတီတွေအပေါ်မှာ ကျရောက်တင်ရှိနေတယ်ဆိုတာကိုတော့ ပြောစရာတောင်လိုလိမ့်မယ်မထင်ပါဘူး။ အဆိုးအကောင်းနဲ့ သွေးချင်းသားရင်းပြည်သူတွေအပေါ် စိတ်စေတနာဘယ်သူက ဘယ်လောက်ရှိခဲ့ကြတယ်ဆိုတာတွေကို သမိုင်းက သက်သေ ထူပါလိမ့်မယ်။ ကျနော်တို့အားလုံး လူရယ်လို့ဖြစ်လာကြရာမှာ အဟိတ်တိရိစာ္ဆန်တွေထက် သာလွန်ဖို့ရာ အတ္တကော ပရအ တွက်ပါ ကျရာတာဝန် ဝတ္တရားကိုယ်စီကို ကျေပွန်စရာတော့ လိုကြပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ အနှစ်ချုပ်စရာ အဖြေတစ်ခုပဲရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်လို့ အရာရာကို အပြီးအပြတ် အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးပွဲမဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာလုပ်ကြပါ။ ဆွေးနွေးဖလှယ် ပြင်ဆင်ကြပါ။ ရွေးကောက်ပွဲကို သပိတ်မှောက်တာ အောင်မြင်လို့ဖြစ်စေ၊ နိုင်ငံတကာက အသိအမှတ်မပြုလို့ဖြစ်စေ၊ နအဖ အလိုကျ အဖြေထွက်မလာလို့ဖြစ်စေ၊ အပစ်ရပ်ထားတဲ့အဖွဲ့တွေနဲ့ တိုက်ခိုက်ကြလို့ဖြစ်စေ၊ ဒီတစ်ကြိမ်အရွေးခံရတယ်လို့ အသိ အမှတ်ပြုပေးလိုက်သူတွေရဲ့ သက်တမ်းပြည့်သွားလို့ဖြစ်စေ နောက်ထပ်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို မလွဲမသွေ ကြုံတွေ့နေကြရအုံးမှာပါ။ အဲဒီအချိန်အတွက် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားသင့်ကြပါတယ်။ ဒါပေမယ့် အခြေအနေ ထပ်ပေးလာလို့မှ ထပ်ပြီး အဆင်သင့် မဖြစ်သေးပြန်ပါဘူးဆိုရင်တော့ ပြောစရာစကားများများ မရှိတော့ပါဘူး။ ကြားဖူးထားတဲ့ စကားစု တစ်စုကတော့ “သေသော်မှတည့် အော်ကောင်း၏” တဲ့။
မန်းကိုကို
၂၀၊ ဝ၉၊ ၂၀၁၀
– ဒီစာစုဟာ ကရင်တိုင်းရင်းသားများအတွက် တွေးစရာတစွန်းတစအဖြစ် မတည်ဆွေးနွေးပေးတယ်လို့သာ သဘော ထားစေလိုပါတယ်။ ကိုယ်တိုင်တွေ့ကြုံနေရတဲ့ဘဝမှာ ဉာဏ်နဲ့ယှဉ်ပြီး ဆုံးဖြတ်ချက်ချ လုပ်ကိုင်ဖို့ရာကတော့ စာဖတ် သူများရဲ့ အပိုင်းဖြစ်တာမို့ ပြည့်စုံအောင်မြင်ပါစေလို့သာ ဆန္ဒပြုလိုက်ပါတယ်။