Home ထိပ်တန်းသတင်း ဗိုလ်မှူးကြီးချစ်သူ ကုမ္ပဏီပိုင်ရှင်အ‌နေဖြင့်သာ ဆက်လက်ရပ်တည်သွားဖွယ်ရှိ

ဗိုလ်မှူးကြီးချစ်သူ ကုမ္ပဏီပိုင်ရှင်အ‌နေဖြင့်သာ ဆက်လက်ရပ်တည်သွားဖွယ်ရှိ

2289
စက်တင်ဘာလ ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)က နယ်ခြား‌စောင့်တပ်အဖြစ်သို့ ဩဂုတ်လအတွင်း အသွင်‌ပြောင်းလဲခဲ့ပြီး‌နောက်ပိုင်း ယခင် (၉၉၉)တပ်မဟာမှ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး‌စောချစ်သူသည် စီးပွား‌ရေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တဦးအ‌နေဖြင့်သာ ဆက်လက် ရပ်တည်‌တော့မည်ဖြစ်‌ကြောင်း ‌ဝေဖန်‌ပြောဆို‌နေကြသည်။

နယ်ခြား‌စောင့်တပ်နှင့် နီးစပ်သူတဦးက “ဗိုလ်ချစ်သူက နယ်ခြား‌စောင့်တပ်လည်း မလုပ်ဘူး။ သူက ကုမ္ပဏီပိုင်ရှင်လိုလို လုပ် ‌နေတယ်။ အခုဆို ကမ်းနားမှာရှိတဲ့ ကိုးသုံးလုံးဂိတ်ဟာ ကုမ္ပဏီဂိတ်ပုံစံမျိုးနဲ့ ‌ပြောင်းသွားပြီ။ ဒီကုမ္ပဏီက ဗိုလ်ချစ်သူနဲ့ ဆက် စပ်တယ်‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ ကုမ္ပဏီကို “ချစ်လင်းမြိုင်ကုမ္ပဏီ”ဟု အမည်‌ပေးထားပြီး မည်သည့်ကုမ္ပဏီ အမျိုးအစားဖြစ်သည်ကိုမူ အတိအကျ မသိရှိရ‌သေး‌ပေ။

သို့‌သော် လာမည့် ‌ရွေး‌ကောက်ပွဲလွန်ကာလတွင် ဥပ‌ဒေ‌ဘောင်အတွင်းမှ လုပ်ကိုင်နိုင်ရန်အတွက် ကြိုတင်စီစဉ်ကာ တည် ‌ထောင်ထားခြင်းဖြစ်နိုင်သည်ဟု ‌ဝေဖန်‌နေသူများရှိသလို ယင်းကုမ္ပဏီသည် နယ်ခြား‌စောင့်တပ် အမည်ခံထားသည့် ကုမ္ပဏီ တခုဖြစ်‌သော‌ကြောင့် ဗိုလ်ချစ်သူအ‌နေဖြင့် ၎င်း၏ တပ်မှူးတပ်သားများကို စွန့်လွှတ်လိမ့်မည် မဟုတ်‌ကြောင်း သုံးသပ်မှုများ ရှိ သည်။

နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးက “ကုမ္ပဏီပိုင်ရှင်တစ်ဦးအ‌နေနဲ့ ရပ်တည် သွားမယ်ဆို‌ပေမယ့် သူ့လူ‌တွေကို‌တော့ ချန်ထားမယ် မထင်ပါဘူး။ သူ့လူမျိုး‌တွေကိုလည်း လုံးဝ ချန်ထားလို့မရပါဘူး။ သူ့ တပည့်‌တွေကို ကွပ်ကဲလမ်းညွှန်မှု‌တွေ လုပ်‌ဆောင်သွားအုံးမှာပါ။”ဟု သုံးသပ်‌ပြောဆိုသည်။

ဗိုလ်ချစ်သူသည် ယမန်နှစ် စက်တင်ဘာလက ‌ကေအဲန်ယူ ဖာပွန်ခရိုင်အတွင်း ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း သွား‌ရောက်လုပ်ကိုင် ရာတွင်လည်း ‘ချစ်လင်းမြိုင်’ကုမ္ပဏီအမည်ဖြင့်ပင် လုပ်ကိုင်ခဲ့ပြီး ‌ကေအဲန်ယူမှ ဗိုလ်မှူးချုပ်‌စော‌ဘော‌ကျော်ဟဲ ဦး‌ဆောင်သည့် တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်း‌နောက် ယခုနှစ် ဩဂုတ်လမှစ၍ ‌ရွှေတူး‌ဖော်‌ရေးကို ပြန်လည် စတင် လုပ်ကိုင်ခဲ့ရာ ရာနှင့်ချီသည့် ‌ဒေသခံ ရွာသားများ ‌နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ဝရက်‌နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မဲပလဲ့‌ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)မှ နယ်ခြား‌စောင့်တပ် တပ်ဖွင့်ပွဲတွင် ဗိုလ်ချစ်သူသည် နယ်ခြား‌စောင့်အဖြစ် ပါဝင်ခြင်းမရှိဘဲ နဂို ဒီ‌ကေဘီ‌အေ ‌ပြောက် ကျားဝတ်စုံဖြင့်သာ အခမ်းအနားကို တက်‌ရောက်ခဲ့သည်။

‌စောချစ်သူ၏ ချစ်သူမြိုင်စံအိမ် (ဓါတ်ပုံ - KIC)

ဒီ‌ကေဘီ‌အေ ‌ခေါင်း‌ဆောင်များထဲမှ နယ်ခြား‌စောင့်တပ်တွင် မပါဝင်ဘဲ အကြံ‌ပေးအရာရှိ ၇ဦးထဲ၌ ပါဝင်သူများမှာ (၁)‌စောသာ ထူး‌ကျော်၊ (၂)‌စော‌ကျော်သန်း၊ (၃)‌စောထွန်းလှိုင်၊ (၄)‌စောဖားနွီး၊ (၅)‌စော‌မောင်ကြည်၊ (၆)‌စောပြားပြားနှင့် (၇)‌စောချစ်သူတို့ ဖြစ်‌ကြောင်း သိရသည်။

‌စောချစ်သူသည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် ဇွန်လဆန်းပိုင်းတုန်းက ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ ရာတွင် ကြီးကြပ်ဦး‌ဆောင်သူတစ်ဦးဖြစ်ပြီး ၎င်းထိုးစစ်ဆင်မှု‌ကြောင့် ဒီ‌ကေဘီ‌အေ တပ်မှူးတပ်သား(၂၀၀)‌ကျော် ထိခိုက်‌သေ ဆုံးခဲ့သလို ပိုင်ကျုံနှင့် လှိုင်းဘွဲမြို့နယ်မှ ‌ဒေသခံ ကရင်ပြည်သူ ၄,၀၀၀‌ကျော် ထိုင်းနိုင်ငံသို့ ၁နှစ်‌ကျော်ကြာ ထွက်‌ပြေးခိုလှုံခဲ့ရ သည်။

ပြီးခဲ့သည့် မတ်လ ၂၄ရက်‌နေ့က ဗိုလ်ချစ်သူသည် ၎င်း၏ ‘ချစ်သူမြိုင်’ စံအိမ်‌တော်ကြီးကို ‌ငွေကျပ်သန်း ၁၀၀‌ကျော် အကုန်အ ကျခံကာ ‌ဆောက်လုပ်ပြီးစီးခဲ့ပြီး အိမ်သစ်တက်မဂင်္လာပွဲကို ပွဲလမ်းသဘင်များဖြင့် သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့တွင် ‌ငွေ‌ကြေးဥစ္စာအပြင် လူအင်အား၊ လက်နက်အင်အား အ‌တောင့်တင်းဆုံး ‌ခေါင်း‌ဆောင်တစ်ဦးအဖြစ် လူသိများခဲ့သူ ဗိုလ်မှူးကြီး‌စောချစ်သူသည် ‌ကေအဲန်ယူတွင် တာဝန်ထမ်း‌ဆောင်စဉ်က ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇) ဗိုလ်မှူးချုပ်‌စောထင်‌မောင်၏ အထူးတပ်ဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး ဖြစ်သည်။