Home ထိပ်တန်းသတင်း ‌ကေအဲန်ယူနှင့် ရင်ဆိုင်တိုက်ပွဲတွင် နအဖ ၂ဦး ကျဆုံး

‌ကေအဲန်ယူနှင့် ရင်ဆိုင်တိုက်ပွဲတွင် နအဖ ၂ဦး ကျဆုံး

1656
ဩဂုတ်လ ၂၉ရက်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ တပ်ရင်း(၂၀၁)နှင့် နအဖ ခမရ(၄၀၇)တို့ မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသတွင် ယ‌နေ့မနက် ၆နာရီက ရင်ဆိုင်တိုက်ပွဲဖြစ် ပွားရာ နအဖဘက်မှ ၂ဦးကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။

အချိန် ဆယ်မိနစ်ခန့် ကြာမြင့်သည့် အဆိုပါတိုက်ပွဲတွင် ‌ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိဘဲ နအဖဘက်မှသာ ထိခိုက်ကျဆုံးမှု ရှိ‌ကြောင်း ‌ကေအဲန်ယူ(၂၀၁)တပ်ရင်းမှ ဗိုလ်မှူး‌စောကြည်‌အောင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌နေ့မနက် ၆နာရီ‌လောက် ‌တေ့‌တေ့‌ဝေကျိုးနဲ့ ထီး‌ဘော‌ကော့ကြားမှာ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်တာပဲ။ ဆယ်မိနစ်‌လောက် ကြာတယ်။ ကျ‌နော်တို့သိရသ‌လောက် နအဖဘက်က ၁‌ယောက်ကျတယ်။ ၂‌ယောက် ဒဏ်ရာရတယ်‌ပေါ့။ ‌နောက်ထပ်ကြား တာက အဲဒီဒဏ်ရာရတဲ့အထဲက တစ်‌ယောက် ‌သေသွားတယ်လို့ ကြားတယ်‌လေ။”ဟု ဆိုသည်။

မြဝတီမြို့ခံတစ်ဦးက ဒဏ်ရာရသည့် နအဖတပ်ဖွဲ့ဝင်တဦးသည် ဗုံးစမှန်ကာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး ယ‌နေ့ ‌နေ့လည် ၁၁နာရီခန့်တွင် မြဝတီ‌ဆေးရုံသို့ ‌ရောက်ရှိလာသည်ဟု ‌ပြောသည်။

သူက “မြဝတီ‌ဆေးရုံကို စစ်တပ်က ဗုံးထိလူနာတစ်‌ယောက် ‌ရောက်လာတယ်။ သူက ခမရ(၄၀၇)က တပ်ကြပ်‌အောင်ထွန်း အသက်က ၂၅နှစ်တဲ့။ သူ့ဒဏ်ရာက မျက်လုံးနီရဲ ‌ယောင်ကိုင်းပြီး မျက်နှာကိုပဲ ထိတာ။ ‌ခြေလက်‌တွေ‌တော့ ဘာမှမဖြစ်ဘူး။”ဟု အတည်ပြု ‌ပြောဆိုခဲ့သည်။

၎င်း‌ဝေါ်‌လေ‌ဒေသတွင် ‌ကေအဲန်ယူ၊ နအဖနှင့် ဗိုလ်မှူးကြီး‌စောလားပွယ်၏ ဒီ‌ကေဘီ‌အေတပ်များ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိ သည်။