Home ထိပ်တန်းသတင်း ရိက္ခာသယ်ယူမှု ပိတ်ပင်ထား၍ ပြည်တွင်းဒုက္ခသည်များ ဆန်ပြုတ်‌သောက်‌နေရ

ရိက္ခာသယ်ယူမှု ပိတ်ပင်ထား၍ ပြည်တွင်းဒုက္ခသည်များ ဆန်ပြုတ်‌သောက်‌နေရ

1586
ဇွန်လ ၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ထိုင်း နယ်ခြား‌စောင့် လုံခြုံ‌ရေးတပ်ဖွဲ့ (ထာ့ဟမ်ဖန်း)၏ ဆန်သယ်ယူရန် ပိတ်ပင်ထားမှု‌ကြောင့် ရိက္ခာပြတ်လပ်ကာ ဇွန်လ ၃ရက်‌နေ့မှ စ၍ ဆန်ပြုတ်‌သောက်‌နေရသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (‌ကေဒဗလျူအို)က ‌ပြောသည်။

အီတိုးထာ့စခန်းရှိ ‌ကေဒဗလျူအို လူမှု‌ရေးတာဝန်ခံ ‌နော်ဟဲ‌လေထူးက “စခန်းထဲမှာ လူ‌တွေက ဆန်ရိက္ခာမ‌ရောက်လာ‌တော့ ဒီလ ၃ရက်‌နေ့ကတည်းက ထမင်းအစား ဆန်ပြုတ်ချက်‌သောက်ရတယ်။ ဒီလို ဆန်ပြုတ်‌သောက်‌နေတာ‌တောင် ဆန်က သုံး ‌လေးရက်စာ‌လောက်ပဲ ကျန်‌တော့တယ်‌လေ”ဟု ‌ပြောသည်။

အဆိုပါစခန်းရှိ ဒုက္ခသည်များအတွက် ဆန်များမှာ သံလွင်မြစ်ကမ်းနံ‌ဘေး ‌သောလယ်ထာ့‌နေရာတွင် ရှိနှင့်‌နေပြီးဖြစ်‌သော် လည်း ထိုင်းနယ်စပ်လုံခြုံ‌ရေးတပ်များက သယ်ယူခွင့်မ‌ပေး‌သော‌ကြောင့် ကြန့်ကြာမှုများဖြစ်ကာ ဒုက္ခသည်များ ယခုလို ဆန် ပြုတ်‌သောက်‌နေရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ‌မေလဆန်းပိုင်း၌ မဲ‌ဟောင်‌ဆောင်ခရိုင်နှင့် မြို့နယ်အဆင့် ထိုင်းအာဏာပိုင်များ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြရာ သံလွင် မြစ်အတွင်း ဆန်၊ ‌ဆေးနှင့် စက်ပစ္စည်းများ သယ်ယူခြင်းကို တားမြစ်ထားပြီး‌နောက် တရားဝင်ပုံစံအဖြစ် သယ်ယူရန် စစ်‌ဆေးမှု ပြုလုပ်ချိန်၌ အီတိုးထာ့စခန်းအတွက် ရိက္ခာသယ်ယူ‌ရေးနှင့်လည်း အကျုံးသွားဝင်ခဲ့ခြင်းဖြစ်‌ကြောင်း (Karen Office Relief Development – KORD) အဖွဲ့တာဝန်ခံ ‌စော‌မော‌လောက ‌ကေအိုင်စီကို ‌ပြောသည်။

“ကျ‌နော် သိရသ‌လောက်‌တော့ သူတို့(ထိုင်းအာဏာပိုင်)က အထူးသဖြင့် သံလွင်မြစ်အတွင်း ဆန်၊ ‌ဆေးနဲ့ စက်ပစ္စည်း သယ် ယူတာ‌တွေကို တားမြစ်ထားတယ်။ ထိုင်းအာဏာပိုင်‌တွေက သံလွင်မြစ်နံ‌ဘေးတ‌လျှောက် အ‌ခြေချ‌နေထိုင်သူ‌တွေ ‌ရေ‌ကြောင်း ခရီးလမ်းက‌နေတဆင့် ဒီလို ပစ္စည်းမျိုး ‌ရောင်းဝယ်သယ်ယူတာကို တရားဝင်ပုံစံ လုပ်ချင်တယ်‌လေ။ ဒါ‌ကြောင့် ပစ္စည်းသယ်တဲ့ သူ‌တွေ ထိုင်းအာဏာပိုင်ဆီကို သွားပြီး ကိုယ့်ကိုယ်ကို တင်ပြရမယ်လို့ သိရတယ်။ ဒုက္ခသည်ရိက္ခာကလည်း ဒီလမ်း‌ကြောင်းက ‌နေ သယ်ရ‌တော့ သွားပတ်သက်‌နေတာ‌ပေါ့”ဟု ၎င်းက ‌ပြောသည်။

သို့‌သော် ဒုက္ခသည်များ၏ လက်ရှိ စား‌သောက်‌ရေးအခက်အခဲအရ ဆန်တင်ပို့မှုကို ခွင့်ပြု‌ပေးရန် အီတိုးထာ့စခန်း ရိက္ခာမှူး ‌စောမြင့်နိုင်က ဇွန်လ ၃ရက်နှင့် ၄ရက်‌နေ့တွင် သံလွင်မြစ်နံ‌ဘေး ထိုင်းဘက်ခြမ်း ‌သောလယ်ထာ့ရွာရှိ ထာ့ဟမ်ဖန်းများနှင့် သွား‌ရောက်ညှိနှိုင်းခဲ့‌သော်လည်း ထိုင်းအထက်အာဏာပိုင်များ၏ ညွှန်ကြားထားချက်‌ကြောင့် ညှိနှိုင်းမှု မ‌အောင်မြင် ဖြစ်ခဲ့ရ သည်။

လာမည့် ဇွန်လ ၈ရက်‌နေ့တွင် အီတိုးထာ့စခန်း ဥက္ကဌ ‌စောဝါး‌အေထူးကိုယ်တိုင် ‌သောလယ်ထာ့ရွာသို့ဆင်း၍ ထာ့ဟမ်ဖန်းနှင့် ညှိနှိုင်းတိုင်ပင်မှု ထပ်မံ ပြုလုပ်မည်ဖြစ်ပြီး မ‌အောင်မြင်ပါက စခန်းအတွင်းရှိ အသက် ၁၅နှစ်မှ ၄ဝနှစ်အရွယ် အမျိုးသားများ ထိုင်းဘက်ကမ်းသို့ ကူး၍ ဆန်များကို ‌ခြေလျင်သွား‌ရောက် သယ်ယူသွားမည်ဖြစ်‌ကြောင်း ‌ကေဒဗလျူအိုမှ ‌နော်ဟဲ‌လေထူးက ဆိုသည်။

သူမက “ဘယ်လိုမှ ညှိလို့မရရင်‌တော့ စခန်းထဲက ‌ယောက်ျား‌လေး‌တွေ ‌သောလယ်ထာ့ကို ‌ခြေလျင်နဲ့ ဆန်သွားထမ်းမယ်။ ဆို ရင် အီတိုးထာ့က‌နေ မနက်‌စော‌စောထွက်။ ပြီးရင် ထာကျင်းထာ့ကို ‌ရောက်မယ်။ အဲဒီမှာ သံလွင်မြစ်ကိုကူးပြီး ထိုင်းဘက်ကမ်း ‌ဘောညာ့ထာ့ကို ‌ရောက်မယ်။ အဲဒီက‌နေတဆင့် ‌သောလယ်ထာ့ကို ‌နေ့လည်အချိန် ‌ရောက်မှာပဲ။ ‌တော်‌တော်‌တော့ ‌ဝေးတယ်” ဟု သူမက ‌ပြောသည်။

ဒုက္ခသည် အမျိုးသမီးတဦးက “ကျမတို့‌ဒေသမှာ ‌နေလို့မရ‌တော့လို့ ဒီကို‌ရောက်လာတယ်။ ဒီမှာလည်း ရိက္ခာပြတ်တဲ့ ဒုက္ခနဲ့ ထပ်ကြုံရ‌တော့ စိတ်‌သောက‌ရောက်ပြီး အမြန် အဆင်‌ပြေပါ‌စေလို့ပဲ ‌ပြောချင်ပါတယ်” ဟု ‌ပြောသည်။

မြန်မာဘက်ခြမ်းရှိ သံလွင်မြစ်အထက်ဘက်ကမ်းတစ်‌လျှောက်ရှိ တ‌ဂေါ်ထာ့(ထီးထာ့)၊ နို့ကနာ့၊ မယ်နူထာ့၊ ဟို‌ကေ၊ ဝဲကြီး၊ ‌ပေါ် ကား၊ မယ်က‌သေ၊ အီတိုးထာ့‌နေရာများတွင် ‌နေထိုင်ကြသူများသည် ထိုင်းဘက်ခြမ်းရှိ ‌သောလယ်ထာ့‌ကျေးရွာမှ စားနပ်ရိက္ခာ နှင့် လူသုံးကုန်ပစ္စည်းများကို ‌ရေ‌ကြောင်းခရီးဖြင့် ပုံမှန် သယ်ယူ‌လေ့ရှိသည်။

သံလွင်ကမ်းနံ‌ဘေးရှိ အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းတစ်‌နေရာ (ဓါတ်ပုံ - ‌ကေအိုင်စီ)

အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းမှ လူဦး‌ရေ ၄,၀၀၀‌ကျော်ရှိ ဒုက္ခသည်များသည် ၂၀၀၆ခုနှစ်က နအဖ စစ်အစိုးရ၏ ‌နေ ပြည်‌တော်လုံခြုံ‌ရေး ပြင်းထန်သည့်ထိုးစစ်‌ကြောင့် သံလွင်ကမ်းနားသို့ အသက်လု ထွက်‌ပြေးလာကြသည့် ‌တောင်ငူနှင့် ‌ညောင် ‌လေးပင်ခရိုင်များမှ ‌ဒေသခံ ကရင်ရွာသူရွာသားများဖြစ်သည်။

၎င်းဒုက္ခသည်များသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအဲန်အိတ်ချ်စီအာရ်)၏ ကူညီ‌စောင့်‌ရှောက်မှုကို မရရှိဘဲ ကရင်လူမှုအဖွဲ့အစည်းများဖြစ်သည့် KWO, KORD, CIDKP, KTWG နှင့် KDHW အဖွဲ့များက ရိက္ခာ၊ အဝတ်အစား၊ အိမ်မှုအသုံးအ‌ဆောင်နှင့် ကျန်းမာ‌ရေး၊ ပညာ‌ရေးကဏ္ဍများကို ‌ထောက်ပံ့ကူညီ‌ပေးလျှက်ရှိသည်။

အဆိုပါ‌ရေလမ်းကို လာမည့် ရက်သတ္တပတ်အတွင်း ပြန်လည် ဖွင့်‌ပေးသွားမည်ဟု အတည်မပြုနိုင်‌သေးသည့် ‌နောက်ဆုံး သတင်းအရ သိရသည်။