Home အယ်ဒီတာ့အာဘော် မဟာမဆန်တဲ့ စည်းလုံးမှု

မဟာမဆန်တဲ့ စည်းလုံးမှု

1695

လူမျိုးတစ်မျိုးအတွင်း၊ လူမျိုးစုတစ်ခုနှင့် တစ်ခုကြား၊ ပါတီ အဖွဲ့အစည်းများအတွင်း စည်းလုံးမှုကို ဖြိုခွင်းသည့်အရာသည် မဟာဝါဒ ကြီးစိုးမှုပင် ဖြစ်သည်။ ဗမာပြည်တွင် ‌ခေတ်အဆက်ဆက် အုပ်ချုပ်လာသူများ၏ နိုင်ငံ‌ရေးအရ အာဏာလုမှု၊ လူမျိုး ‌ရေး ဘာသာ‌ရေး ခွဲခြားမှုများ‌ကြောင့် လက်နက်ကိုင် ‌တော်လှန်ပုန်ကန်မှုများ ဖြစ်ပွားလာခြင်း၏ အဓိက အ‌ကြောင်းတရားထဲ တွင် မဟာဗမာလူမျိုး ကြီးစိုး‌ရေးလည်း အ‌ရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်‌နေ‌ပေသည်။

နိုင်ငံ‌ရေးကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဆွေး‌နွေးအ‌ဖြေမရှာဘဲ အကြမ်းဖက် ‌ဖြေရှင်းခဲ့ကြသည့် အုပ်ချုပ်သူများ‌ကြောင့် ကရင် အပါအ ဝင် တိုင်းရင်းသားများမှာ မိမိကိုယ်ကို ကာကွယ်ရန် ရရာလက်နက်ကို မဖြစ်မ‌နေ စွဲကိုင်ကာ မဟာဝါဒီသမားများနှင့် စစ်အာ ဏာရှင်စနစ်ကို ယခုအချိန်ထိ ‌တော်လှန်ပုန်ကန်ခဲ့ကြသည်။

မဟာဝါဒီသမားများသည် လူထုကိုယ်စားပြု နိုင်ငံ‌ရေးသမားများ၏ ဦး‌မော့လှုပ်ရှားမှုများကို ဖိနှိပ်ထားပြီး နယ်စပ်တိုင်းရင်းသား ‌ဒေသများတွင် ထိုးစစ်ဆင်မှုများဖြင့် တိုင်းပြည်တစ်ခုလုံး က‌မောက်ကမဖြစ်‌အောင် လုပ်‌ဆောင်လာခဲ့ကြသည်။ ၎င်းအပြင် ရာစု နှစ်ဝက်‌ကျော်ကြာ ‌တော်လှန်‌ရေးအဖွဲ့များအတွင်း မတူကွဲပြားသည့် အ‌တွေးအ‌ခေါ်များ၊ နိုင်ငံ‌ရေးခံယူချက် မပြည့်ဝသူများကို သပ်လျှိုဖဲ့ထုတ် စည်းရုံးကာ ဖြိုခွဲ‌ဖျောက်ဖျက်ပစ်သည့်စနစ်ကို အသုံးပြုခဲ့ကြသည်။

ယင်းသို့ အုပ်ချုပ်သူများ၏ မတရားသဖြင့် နည်းလမ်း‌ပေါင်းများစွာနှင့် ဖြိုခွဲသမျှ ခံလိုက်ရခြင်းမှာ မိမိတို့အဖွဲ့၊ မိမိတို့ပါတီအ အတွင်း၌လည်း မဟာဝါဒ လွှမ်းမိုးမှုများ ရှိ‌နေခြင်း‌ကြောင့်ပင် ဖြစ်သည်။ ဘာသာ‌ရေးအရ မဟာဆန်မှု၊ မျိုးနွယ်စုအရ မဟာ ဆန်မှု၊ တတ်သိပညာရှင်များ၏ မဟာဆန်မှုများ‌ကြောင့် အဖွဲ့အစည်းအတွင်း စည်းလုံးမှု ပြိုကွဲကာ အင်အားချိနဲ့ခဲ့ရသည်။ ဤ အချက်များမှာ အာဏာရှင် စစ်အုပ်စု၏ အလိုလားဆုံးအချက်ပင်။

စည်းလုံးမှု၊ သင့်မြတ်မှု ဟူသည် အ‌ပြောလွယ်ပြီး အ‌ကောင်အထည်‌ဖော်ရခက်သည်ဟု ဆို‌နေကြ‌သော်လည်း မိမိတစ်ဦးချင်းစီ ၏ စိတ်သ‌န္ဓေအတွင်းမှ လိုလိုလားလား ဖြစ်လို၊ မြင်လိုသည်ဆိုပါက လုပ်‌ဆောင်ရန် မခဲယဉ်း‌ပေ။ အချို့ကလည်း စည်းလုံးမှု ဟူ‌သောစကားကို ‌ပြောဆိုရခြင်းမှာ ခွဲခြားမှု ရှိ‌နေသည့်အတွက်‌ကြောင့်ပင် ဖြစ်သည်ဟု ဆိုကြပြန်သည်။

လူတစ်ဦးနှင့်တစ်ဦး ဖြတ်သန်းကြုံ‌တွေ့ ခံစားရမှုချင်း မတူညီကြ‌သော်လည်း ဖြစ်တည်လာခဲ့သည့် ကွဲပြားမှုမှာ ‌ကောက်ခါငင်ခါ ဖြစ်ပျက်လာခဲ့ခြင်း မဟုတ်။ အချိန်အခါတစ်ခုကို ‌ကျော်လွန်ဖြတ်သန်းပြီး ဖြစ်လာရခြင်းဖြစ်၍ ပြန်လည်သင့်မြတ်မှု၊ စည်းလုံးမှု ကိုလည်း အချိန်ယူကာ ပြန်လည်တည်‌ဆောက်သွားကြရမည် ဖြစ်သည်။ ထို့‌ကြောင့် တိုင်းရင်းသားများအတွင်း စည်းလုံးညီ ညွှတ်မှုကို ပြန်လည်တည်‌ဆောက်လိုသူတိုင်း စည်းလုံးမှုကို အန္တရာယ်ဖြစ်‌စေမည့် လူမျိုး‌ရေး၊ ဘာသာ‌ရေးနှင့် နိုင်ငံ‌ရေး အစွန်း ‌ရောက် မဟာဝါဒီကြီးစိုးလိုစိတ်ကို ‌ဖျောက်ဖျက်ပစ်ရမည်။

တစ်ဦးတစ်‌ယောက်မှ အစုအဖွဲ့တစ်ခု၊ အစုအဖွဲ့တစ်ခုမှ လူမျိုးတစ်မျိုး၊ လူမျိုးတစ်မျိုးမှ လူမျိုး‌ပေါင်းစုံ ညီညွှတ်သင့်မြတ်‌ရေးနှင့် တစ်‌မြေတည်း‌နေ တစ်‌ရေတည်း‌သောက်ကြသူ ညီ‌နောင်ဘွားများ၏ လွတ်လပ်သာယာသည့် ပြည်နယ်၊ တိုင်းပြည်တစ်ခု ‌ပေါ် ထွန်းလာရန်အတွက် မဟာဝါဒီမဆန်‌သော စည်းလုံးညီညွှတ်မှုကို ပြန်လည်တည်‌ဆောက်သင့်ပြီဖြစ်‌ကြောင်း ရှုမြင်သုံးသပ်မိပါ သည်။