Home ထိပ်တန်းသတင်း နယ်ခြား‌စောင့်တပ်ဖွဲ့ရန် ဒီ‌ကေဘီ‌အေက ‌ယေဘုယျ သ‌ဘောတူထား

နယ်ခြား‌စောင့်တပ်ဖွဲ့ရန် ဒီ‌ကေဘီ‌အေက ‌ယေဘုယျ သ‌ဘောတူထား

1612
ဧပြီလ ၂၈ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နအဖ စစ်အစိုးရတို့ ကမ်းလှမ်းထားသည့် အပစ်ရပ်အဖွဲ့များ နယ်ခြား‌စောင့်တပ်ဖွဲ့စည်း‌ရေးကို တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)က ‌ယေဘုယျအားဖြင့် သ‌ဘောတူထား‌ကြောင်း သိရသည်။

ယမန်‌နေ့က ဒီ‌ကေဘီ‌အေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူအထူး‌ဒေသတွင် ဒီ‌ကေဘီ‌အေ အရာရှိကြီးများနှင့် နအဖ အ‌ရှေ့‌တောင် တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်‌ဇော်မင်း ဦး‌ဆောင်‌သောအဖွဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာမှ ယင်းသို့ သ‌ဘောတူထားခြင်းဖြစ် သည်ဟု အစည်းအ‌ဝေးကို တက်‌ရောက်ခဲ့သူ ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)မှ တပ်ရင်းမှူးတဦးက ယခုလို ‌ပြောဆိုသည်။

သူက “မ‌နေ့က အစည်းအ‌ဝေးမှာ ဘုန်းကြီး မပါ‌ပေမယ့် ဒီ‌ကေဘီ‌အေ ‌ခေါင်း‌ဆောင်အားလုံးနီးပါး ပါတယ်။ နအဖ ဘက်က‌တော့ ဒု တိုင်းမှူးနဲ့အဖွဲ့ ပါတယ်။ ကျ‌နော်တို့ ‌ဆွေး‌နွေးပြီး သ‌ဘောတူကြတာဖြစ်တယ်။ ဒီလို‌ဆွေး‌နွေးရာမှာ ကျ‌နော်တို့ ဌာနချုပ်ကို ဘယ်‌နေ ရာမှာ ထားမလဲ။ တပ်‌တွေကို ဘယ်လို‌နေရာယူရမလဲ စတာ‌တွေကိုလည်း ‌ဆွေး‌နွေးခဲ့ပါတယ်”ဟု ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆို သည်။

ယ‌နေ့သည် စစ်အစိုးရက အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြား‌စောင့်တပ်အဖြစ် ‌ပြောင်းလဲဖွဲ့စည်းရန် သတ်မှတ်ထားသည့် အတွက် အဆိုပါအစည်းအ‌ဝေးသို့ တက်‌ရောက်သည့် ဒီ‌ကေဘီ‌အေ‌ခေါင်း‌ဆောင်များက သ‌ဘောတူလိုက်ခြင်းဖြစ်ပြီး ဒီ‌ကေဘီ‌အေ မှ ၎င်းတို့၏လုပ်ပိုင်ခွင့်အချို့ကို နအဖဘက်မှ မဆုံးဖြတ်‌ပေးနိုင်‌သေးသဖြင့် ဗိုလ်ချုပ်ရဲမြင့်နှင့် ‌ပြောဆိုရမည်ဟု တပ်မှူးတဦးက ‌ပြော သည်။

သို့‌သော်လည်း ထိုနယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးအစီအစဉ်ကို သ‌ဘောမတူသည့် ဒီ‌ကေဘီ‌အေ အဖွဲ့ဝင်များလည်းရှိပြီး ဒီ ‌ကေဘီ‌အေ တပ်မဟာ (၅)မှူး ဗိုလ်မှူးကြီး‌စောလားပွယ်နှင့် ကလိုထူး‌ဘော ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ‌စောမုတ်သုန်တို့က ယမန်‌နေ့ အစည်းအ‌ဝေးသို့ တက်‌ရောက်ခြင်းမရှိ‌ကြောင်း နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကို ဒီ‌ကေဘီ‌အေက လက်ခံသ‌ဘောတူလိုက်‌သော်လည်း ၂၀၀၇ခုနှစ် က စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူခဲ့သည့် ‌ကေအဲန်ယူ-‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီက လုံးဝ လက်မခံနိုင်‌ကြောင်း ယခုလ ၂၂ရက်‌နေ့က နအဖ ဗိုလ်ချုပ်ရဲမြင့်ထံသို့ စာ‌ရေးသား‌ပေးပို့ခဲ့သည်ဟု သိရသည်။