Home သတင်း ဘုရားသုံးဆူဂွင်တွင် ‌ရော်ဘာ‌ဈေးနှုန်း ဆက်တိုက် ပြန်လည်မြင့်တက်လာ

ဘုရားသုံးဆူဂွင်တွင် ‌ရော်ဘာ‌ဈေးနှုန်း ဆက်တိုက် ပြန်လည်မြင့်တက်လာ

1764
ဒီဇင်ဘာလ ၇ရက်။ ။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ဘုရားသုံးဆူဂွင်၌ ယခုနှစ်ဆန်းပိုင်းတွင် ‌ရော်ဘာကုန်ကြမ်း‌ဈေးနှုန်း ဆက်တိုက် မြင့်တက် လာသည်ဟု ထိုနယ်‌မြေ‌ဒေသရှိ ‌ရော်ဘာစိုက်ပျိုးသူများ၏ ‌ပြောပြချက်အရ သိရသည်။

ယမန်နှစ် ၂၀၀၉ခုနှစ်က ‌ရော်ဘာကုန်ကြမ်း‌ဈေးနှုန်း အဆမတန် ကျဆင်းခဲ့‌သော်လည်း ယခုနှစ် ၂၀၁ဝခုနှစ် ဇန်နဝါရီလ ၁ရက်‌နေ့မှစ၍ မထင်မှတ်ဘဲ ‌ရော်ဘာ‌ဈေးနှုန်း ဆက်တိုက် မြင့်တက်လာသည်ဟု ဘုရားသုံးဆူမှ ‌ရော်ဘာစိုက်ပျိုးသူတ ဦးက ‌ပြောသည်။

‌ရော်ဘာစိုက်ပျိုးသူ ကို‌လေးက “ပြီးခဲ့တဲ့နှစ်က တကီလို ဘတ် ၃၅ဆို ဘယ်သူမှ မဝယ်ချင်ကြဘူး။ ဒီနှစ်ဆို တကီလို ၄၂ ဘတ်က‌နေ စတက်တယ်။ ‌နောက်တရက်ကျ‌တော့ ၅ဝဘတ်တဲ့။ ပြီး‌တော့ ၆ဝဘတ်အထိ ထိုးတက်လာတယ်။  အခု ဘုရားသုံးဆူဂွင်မှာဆိုရင် တကီလို ၈၂ဘတ် အထိရှိပြီ။ ‌နောက်ထပ် တက်မယ့် အလားအလာရှိမယ့်ပုံ‌ပေါ်တယ်”ဟု ‌ကေ အိုင်စီကို ‌ပြောသည်။

Rubber (Biweekly Eleven News Journal)

ယခုလို ‌ရော်ဘာ‌ဈေးနှုန်း ထိုးတက်လာခြင်းသည် ထိုင်းအစိုးရက ‌ရော်ဘာစိုက်ပျိုးသူများကို ဆုံးရှုံးနစ်နာမှုမရှိ‌အောင် ယခင်နှစ် ၂၀၀၈ခုနှစ်တုန်းက ‌ဈေးနှုန်းအတိုင်း ဝယ်‌ဈေး ပြန်‌ပေးလာခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ‌ဒေသတွင် ‌ရော်ဘာ အ‌ရောင်းအဝယ် လုပ်‌နေသည့် ‌နော်‌ဂေမူ့က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ကျမသိရ‌လောက်ဆိုရင် ထိုင်းအစိုးရက ‌ရော်ဘာစိုက်တဲ့လူ‌တွေကို မနစ်နာ‌အောင် ‌ဈေးတိုး‌ပေးတဲ့သ‌ဘောပဲလို့ သိရ တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ပြီးခဲ့ ၂၀၀၉ခုနှစ်က ‌ရော်ဘာတကီလိုကို ၃၅ဘတ်နဲ့‌တောင် ဝယ်တဲ့လူ‌တွေက မဝယ်ချင် ကြဘူး‌လေ။ အခု တက်လာတာက ဟိုးအရင်‌ဈေးနှုန်းအတိုင်းပဲ ရှိမယ်ထင်တယ်”ဟု ‌ပြောသည်။

မြန်မာပြည်တွင် ၂၀၀၈-၂၀၀၉ ဘဏ္ဍာ‌ရေးနှစ်မှာ ‌ဈေးကွက်အ‌ပြောင်းအလဲမှု‌ကြောင့် ပြည်ပကို ‌ရော်ဘာတင်ပို့မှု ‌လျှော့ နည်းလာ‌သော်လည်း ၂၀၀၉-၂၀၁ဝ ဘဏ္ဍာ‌ရေးနှစ်တွင် ‌ရော်ဘာအထွက် တိုးလာသလို ‌ဈေးနှုန်းများသည်လည်း မြင့် တက်လာ‌သော‌ကြောင့် ပြည်ပတင်ပို့မှု မြင့်မားသည်ဟု ‌ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်းမှ အတွင်း‌ရေးမှူး ဦးခိုင်မြင့်က Biweekly Eleven News ဂျာနယ်ကို ‌ပြောဆိုခဲ့သည်။

ဘုရားသုံးဆူဂွင်ရှိ ‌ဒေသခံပြည်သူအများစု ယခင်က လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့ကြ‌သော်လည်း လွန်ခဲ့ သည့် နှစ်အနည်းငယ်မှစ၍ ‌ရော်ဘာလုပ်ငန်းကို ‌ပြောင်းလဲလုပ်ကိုင်လာကြပြီး ၂၀၀၉ခုနှစ်တွင် ‌ရော်ဘာကုန်‌ဈေးနှုန်း သည် တကီလို ထိုင်း‌ငွေ ၃၅ဘတ်အထိ အဆမတန် ကျဆင်းခဲ့‌သော‌ကြောင့် ဘုရားသုံးဂွင်မှ ‌ရော်ဘာခြံ ဧက‌ပေါင်း တ‌သောင်း‌ကျော် ‌ရော်ဘာစိုက်ပျိုးသူများ အရှုံး‌ပေါ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ‌ရော်ဘာကုန်ကြမ်းများကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ ကိုရီးယား၊ မ‌လေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့်  စင်ကာပူနိုင်ငံများသို့ တင်ပို့‌ရောင်းချခဲ့သည်ဟု သိရသည်။