Home သတင်း က‌လေးများနှင့် အမျိုးသမီးများအတွက် ကရင်အဆို‌တော်များ ဂီတပွဲပြုလုပ်ခဲ့

က‌လေးများနှင့် အမျိုးသမီးများအတွက် ကရင်အဆို‌တော်များ ဂီတပွဲပြုလုပ်ခဲ့

1951
ဇန်နဝါရီလ ၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာပြည်တွင်းနှင့် နယ်စပ်တွင် အတိဒုက္ခ‌ရောက်‌နေ‌သော ကရင်က‌လေးငယ်များအတွက် အကူအညီ‌ပေး နိုင်‌ရေး ရန်ပုံ‌ငွေရှာသည့် ဂီတ‌ဖျော်‌ဖြေပွဲတခုကို ယမန်‌နေ့ညက ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ပြုလုပ်ခဲ့ရာ နာမည်ကြီး ကရင်အဆို‌တော်များ လာ‌ရောက်သီဆို‌ပေးခဲ့ကြသည်။

အဆိုပါ ဂီတပွဲ‌တော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ဦး‌ဆောင်ကျင်းပခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး
(‌ကေဒဗလျူအို)အဖွဲ့ဝင် ‌နော်ခုက “မြန်မာပြည်တွင်းနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခ‌ရောက်‌နေတဲ့ အိုင်ဒီပီ‌ရော၊ ဒုက္ခသည်စခန်းနဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမားထဲက က‌လေးငယ်‌တွေနဲ့ အမျိုးသမီး‌တွေအတွက် ရန်ပုံ‌ငွေ ကူညီ‌ပေးနိုင်ဖို့ ဒီပွဲကို ကျင်းပရတာပါ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ သူမက “ဒီပွဲဟာ ကျမတို့‌တွေ ကိုယ့်အတွက် ကိုယ်လုပ်‌နေကြတာ မဟုတ်ပါဘူး။ အမျိုးသား ‌ရေးအတွက် ဝိုင်းဝန်းလုပ်‌ဆောင်‌နေကြတာပါ”ဟု ဆိုသည်။

‌စောဝါးရို
‌စောဝါးရို

ဂီတစတိတ်ရှိုးပွဲတွင် သီဆိုခဲ့သူ အဆို‌တော် ‌နော်‌စေး‌နောသန်း‌အောင်က က‌လေးနှင့် အမျိုးသမီးများအား ကူ ညီခွင့်ရသည့်အတွက် ‌ကျေနပ်မိ‌ကြောင်းနှင့် အမျိုးသား‌ရေးအတွက် လုပ်‌ဆောင်ခြင်းမျိုး သက်‌ရောက်သည့် အ‌ပေါ် သူမအ‌နေဖြင့် ဂုဏ်ယူမိ‌ကြောင်း ‌ပြောသည်။

ထိုစတိတ်ရှိုးပွဲသည် ကရင်လူမျိုးအချင်းချင်း ညီညွှတ်မှုကို ပြသည့်အ‌နေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာပြည် တွင်းနှင့် နယ်စပ်မှ ကရင်အဆို‌တော်များဖြစ်သည့် ‌နော်စ‌မောလယ်၊ ‌နော်ဒါးအဲ့ဖိုး၊ ‌နော်ဆဲ‌ဖောထူး၊ ‌နော်‌လေး ဒါ၊ ‌နော်‌စေး‌နောသန်း‌အောင်၊ ‌စောရှီးထူး၊ ‌စောယူးရီ၊ ‌စော‌ကော‌ကော၊ ‌စောချိုင်း၊ ‌စောဆဲ‌ပွေဒို့၊ ‌စောဝါးရို၊ ‌စော ဟဲနဲမူးယာတို့က လာ‌ရောက်သီဆို‌ပေးခဲ့ကြသည်။

အဆိုပါစတိတ်ရှိုးပွဲအတွက် လက်မှတ်တ‌စောင်လျှင် ထိုင်း‌ငွေ ၁၀ဝဘတ်ဖြင့် သတ်မှတ်‌ရောင်းချခဲ့ပြီး မဲ ‌ဆောက်အ‌ခြေစိုက် ကရင်အဖွဲ့အစည်းများ အပါအဝင် အခြားတိုင်းရင်းသားများ၊ နိုင်ငံ‌ရေးအဖွဲ့များနှင့် နိုင်ငံ ခြားဧည့်သည် စုစု‌ပေါင်း ပရိဿတ် ၄၀၀‌ကျော် အား‌ပေးခဲ့ကြသည်။

‌နော်စ‌မောလယ်
‌နော်စ‌မောလယ်

ကရင်လူမျိုးများအတွက် ရန်ပုံ‌ငွေရှာသည့်အ‌နေဖြင့် ပြုလုပ်သည့် ဂီတ‌ဖျော်‌ဖြေပွဲ‌တော်ကို ထိုင်း-မြန်မာနယ် စပ်တွင် အလျင်းသင့်သလို ကရင်လူမှုအဖွဲ့အစည်းများက လုပ်‌ဆောင်‌လေ့ရှိသည်။