Home သတင်း လူ့အခွင့်အ‌ရေး လမ်း‌လျောက်ချီတက်ပွဲ ဩစ‌တြေးလျားတွင် ပြုလုပ်

လူ့အခွင့်အ‌ရေး လမ်း‌လျောက်ချီတက်ပွဲ ဩစ‌တြေးလျားတွင် ပြုလုပ်

1516
ဒီဇင်ဘာလ ၁၅ရက်။ ‌စော‌ကျော်ခွိ (‌ကေအိုင်စီ)

လူ့အခွင့်အ‌ရေးအတွက် လမ်း‌လျှောက်ချီတက်ပွဲတရပ်ကို ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ မန် လီ(Manly)ပင်လယ်ကမ်း‌ခြေတွင် ဒီဇင်ဘာလ ၁၃ရက်‌နေ့က ပြုလုပ်ခဲ့ကြရာ လူ‌ပေါင်း ၈၀ဝ ‌ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။

အဆိုပါ လမ်း‌လျှောက်ချီတက်ပွဲတွင် မြန်မာ၊ တိဘက်၊ တရုတ်၊ ဖာလန်‌ဂေါင်၊ ဆူဒန်၊ ပါကစ္စ တန်နှင့် ဩစ‌တြေးလျားနိုင်ငံသားများက Manly ကမ်း‌ခြေကို လှည့်ပတ်ချီတက်ကြပြီး မိမိတို့ လူမျိုးများ၏ ဖိနှိပ်မှုခံ‌နေရ‌သော လူ့ဂုဏ်သိက္ခာ၊ အခွင့်အ‌ရေးများအတွက် ပိုစတာများ ကိုင် ‌ဆောင်လျှက် ချီတက်‌တောင်းဆို‌နေကြသည်ဟု သိရသည်။

လမ်း‌လျှောက်ချီတက်ပွဲတွင် ပါဝင်ခဲ့သူ ဘားမားကမ်ပိန်းတာဝန်ခံ ‌ဒေါက်တာမြင့်ချိုက “မြန်မာ နိုင်ငံမှာ လက်ရှိ နိုင်ငံ‌ရေး အကျဉ်းသား(၂၀၀၀)‌ကျော်ရှိတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ‌ရေးအကျဉ်းသား‌တွေ အကုန်လုံးလွတ်‌မြောက်ဖို့အတွက် အ‌ရေးကြီးပါတယ်။ ‌ဒေါ်‌အောင်ဆန်း စုကြည်နဲ့ မြန်မာနိုင်ငံသား‌တွေဟာ နိုင်ငံတကာရဲ့ အကူအညီယူပြီး‌တော့ မြန်မာနိုင်ငံမှာ လူ့ အခွင့်အ‌ရေး‌တွေ ပြန်လည်ထွန်းကား‌အောင်လုပ်ဖို့ ‌တောင်းဆိုထားပါတယ်”ဟု ‌ပြောသည်။

မိနစ်(၃၀)ကြာမြင့်သည့် အဆိုပါချီ်တက်ပွဲအပြီးတွင် လူမျိုးအသီးသီးက လူ့အခွင့်အ‌ရေး ချိုး ‌ဖောက်မှုနှင့် ပတ်သက်၍ ‌ဟော‌ပြောခြင်း၊ တိဘက်အကများ၊ တရုတ်ဖာလန်‌ဂေါင်အကများဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ လမ်း‌လျှောက် ချီတက်ပွဲအခမ်းအနားကို မွန်းလွဲ ၁နာရီမှ ည‌နေ ၃နာရီ ပြုလုပ်ကြပြီး ထိုအခမ်းနားသို့ ကမ္ဘာ့လှည့်ခရီးသည်များက စိတ်ဝင်တရား ‌မေးမြန်းမှုများ လုပ်‌ဆောင်‌နေကြသည်။