Home သတင်း ဖာပွန်‌ဒေသ၌ ရက်ပိုင်းအတွင်း လူ ၃၀၀‌ကျော် ကူးစက်‌ရောဂါဖြစ်ပွား

ဖာပွန်‌ဒေသ၌ ရက်ပိုင်းအတွင်း လူ ၃၀၀‌ကျော် ကူးစက်‌ရောဂါဖြစ်ပွား

1866
စက်တင်ဘာ ၂ဝရက်။ နန်းထူးစံ (‌ကေအိုင်စီ)

‌ကေအဲန်ယူ ထိန်းချုပ်ရာ‌ဒေသဖြစ်သည့် ဖာပွန်ခရိုင် လူ‌သောမြို့နယ်တွင် ယခုလ(၁၁)ရက်‌နေ့မှစ၍ တုပ်‌ကွေး‌ရောဂါ အမျိုးအစားဟု ထင်မှတ်ရ သည့် ကူးစက်‌ရောဂါတခုဖြစ်ပွားရာ ဆယ်ရက်အတွင်း ထို‌ဒေသရှိ ရွာသူရွာသား ၃၀၀‌ကျော် ကူးစက်ခံရသည်ဟု သိရသည်။

“လွန်ခဲ့တဲ့အပတ်က စဖြစ်တာ ဆယ်ရက်အတွင်းမှာ လူ ၃၀၀‌ကျော်‌လောက် ကူးစက်သွားတယ်။ ကူးစက်မှုနှုန်းက အရမ်းမြန်တယ်။ ‌ရောဂါကူး စက်တဲ့ လူနာ ၆ဝကို ကျ‌နော်တို့ ‌သွေးစစ်ကြည့်ပါတယ်။ ငှက်ဖျား‌ရောဂါများလား‌ပေါ့။ ဒါ‌ပေမယ့် ငှက်ဖျား‌ရောဂါပိုး‌တွေ့တာ တ‌ယောက်ပဲ။ ကျန်တဲ့ ၅၉‌ယောက်က ဘာလက္ခဏာမှ မ‌ပေါ်ဘူး။ အဲဒါ‌ကြောင့် ရာသီတုပ်‌ကွေး (ဒါမှမဟုတ်) H5N1 လား။ H1N1 လား‌ပေါ့။ ‌လော‌လောဆယ် တုပ်‌ကွေး တခုခုဖြစ်နိုင်တယ်လို့ ကျ‌နော်တို့ ယူဆထားတယ်”ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင် ကျန်းမာ‌ရေးတာဝန်ခံ ဆရာ‌စောဝင်း‌ကျော်က ‌ကေအိုင်စီကို ‌ပြော သည်။

‌ရောဂါကူးစက်ခံရသူများမှာ နှာရည်ယိုခြင်း၊ လည်‌ချောင်းနာခြင်း၊ ‌ချောင်းအရမ်းဆိုးခြင်း၊ မျက်လုံးနီခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်းနှင့် ‌ခေါင်းအ ရမ်းကိုက်ခြင်း စသည့်လက္ခဏာများကို ‌တွေ့ရှိရပြီး နီးစပ်ရာကို အလျင်အမြန် ကူးစက်မှု‌ကြောင့် တချို့မှာ ‌ရောဂါဖြစ်ပွားမှု ပြင်းထန်‌သော်လည်း ယခုအချိန်ထိ လူနာ‌သေဆုံးမှု မရှိ‌သေးဟု သိရသည်။

အဆိုပါကူးစက်‌ရောဂါသည် ဖာပွန်မြို့‌မြောက်ဘက် မိုင် ၃၀‌ကျော်ကွာ‌ဝေးသည့် လူ‌သောမြို့နယ်၊ ‌သေးမူဒဲ‌ကျေးနယ်ရှိ ရွာ‌ပေါင်း ၇ရွာတွင် ဖြစ်ပွား ‌နေခြင်းဖြစ်ပြီး ထို‌ဒေသတွင် ‌ဒေသခံလူထု ၁,၈၀ဝ ဝန်းကျင်ရှိရာ အလယ်တန်း‌ကျောင်းတ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား (၁၇၃)ဦးအနက် (၆၀)ဦး ‌ရောဂါကူးစက်ခံရသဖြင့် ယခုအချိန်တွင် ‌ကျောင်းကို ယာယီပိတ်ထားလိုက်ရသည်ဟု သိရသည်။

‌ရောဂါခံစားရသည့် လူနာများကို ‌သေးမူဒဲ‌ကျေးနယ်ရှိ တာအို့ဒဲရွာ‌ဆေးခန်းမှ ‌ဆေးဝန်ထမ်းများက ‌ရောဂါဖြစ်ပွားသူများ၏ ‌နေအိမ်များ၊ ‌ကျေးရွာ များသို့ ကိုယ်တိုင်ကိုယ်ကျ သွား‌ရောက်ကုသ‌ပေးလျှက်ရှိ‌သော်လည်း ရုတ်တရက် ‌ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြီး ကူးစက်ဖြစ်ပွားသူ များပြား သည့်အတွက် ‌ဆေးဝါးလုံ‌လောက်မှု မရှိ‌ကြောင်း တာအို့ဒဲ‌ဆေးခန်းတာဝန်ခံ ဆရာ‌စောညွှန့်ဝင်း၏ ‌ပြောပြချက်အရ သိရသည်။

ယခုကူးစက်သည့် ‌ရောဂါအမျိုးအစား အတိအကျသိရန်အတွက် ‌ဆေးစစ်မှုများကို နယ်စပ်မှတဆင့် ထိုင်း‌ဆေးရုံများသို့ ပို့‌ဆောင်စစ်‌ဆေးသွား မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ထို‌ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ‌ဒေသတွင်း ‌ဆေးဝန်ထမ်းများက ‌ကျေးရွာအတွင်းသို့ ကွင်းဆင်းပြီး ပညာ‌ပေးမှုများ၊ ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

ခရိုင်ကျန်းမာ‌ရေးတာဝန်ခံက “ဘာ‌ရောဂါလဲဆိုတာ ကျ‌နော်တို့ အ‌သေအချာ အ‌ဖြေသိရ‌အောင် အဆိုးရွားဆုံး လူနာ‌လေးငါး‌ယောက်ရဲ့ သလိပ် ‌တွေကိုယူပြီး ထိုင်းနိုင်ငံဘက်က ‌ဆေးရုံ‌တွေမှာ သွား‌ရောက်စစ်‌ဆေးဖို့ ကျ‌နော်တို့ စီစဉ်‌နေပါတယ်။ အခု လတ်တ‌လောမှာ‌တော့ ရွာသား‌တွေကို တရွာက‌နေ တရွာကို သွားလာခွင့်တားထားပြီး အခြား‌ကျေးနယ်‌တွေကို ထပ်ကူးစက်မသွား‌အောင် ကျ‌နော်တို့ ထိန်းထားပါတယ်”ဟု ဆက်လက် ‌ပြောဆိုသွားသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ‌ကျေးနယ် သုံး‌လေးခု‌လောက် အလားတူ ကူးစက်‌ရောဂါ ဖြစ်ပွားခဲ့ဖူး‌သော်လည်း ယခု ကဲ့သို့ ကူးစက်မှုနှုန်း မမြန်သည့်အပြင် ‌ရောဂါဖြစ်ပွားမှုလည်း ပြင်းထန်မှုမရှိဟု သိရသည်။