Home သတင်း ‌ညောင်‌လေးပင်ခရိုင်တွင် အာဏာပိုင်များ ပြည်သူ့စစ်‌ကောက်ခံ‌နေ

‌ညောင်‌လေးပင်ခရိုင်တွင် အာဏာပိုင်များ ပြည်သူ့စစ်‌ကောက်ခံ‌နေ

2005
ဇူလိုင် ၂၁ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် နအဖစစ်အစိုးရ အာဏာပိုင် များက ယခုလဆန်းပိုင်းမှစ၍ ပြည်သူ့စစ် အတင်းအဓမ္မ‌ကောက်ခံခဲ့သည်ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

ယင်းသို့‌ကောက်ခံရာတွင် ‌ကျောက်ကြီးမြို့နယ် ဘ‌လောဂွင်ရှိ ‌ကျေးရွာအုပ်စုတစုလျှင် လူ ၂ဝဦးနှင့် အရံ ၁၅ဦး ‌ကောက်ခံပြီး မုန်းမမြို့နယ်ဂွင် (၂)နှင့် (၃)တွင် ‌ကျေးရွာအုပ်စုုတအုပ်စုလျှင် (၆၀)ဦး ပြည်သူ့စစ်ထဲ မဖြစ်မ‌နေဝင်ရ မည်ဟု နအဖ အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်‌မောင်က ညွှန်ကြား‌ကြောင်း ယင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားသည်။

‌ကောက်ခံရရှိသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို နယ်‌မြေလုံခြံ‌ရေးအတွက် စစ်တပ်နှင့်တွဲ၍ထားရှိမည်ဖြစ်ပြီး ရွာသားများ ပြည်သူ့စစ်ထဲမဝင်ပါက ‌ငွေ‌ကြေး‌ပေး‌ဆောင်ရသည်ဟု ‌ညောင်‌လေးပင်ခရိုင် အခွန်‌တော်နှင့်ဘဏ္ဍာ‌ရေးဌာန တာဝန်ခံ ပဒို‌စောတင်‌မောင်က ‌ပြောသည်၊
သူ့ “ပြည်သူ့စစ်‌ကောက်ခံတဲ့ ရည်ရွယ်ချက်က နယ်‌မြေလုံòခံ‌ရေးအတွက် စစ်တပ်နဲ့တွဲပြီး ထားဖို့ပါ။ တခါတ‌လေ သူတို့ (နအဖ)စခန်းမှာ စစ်သားသုံး‌လေး၊ ငါး ‌ယောက်ရှိလို့ရှိရင် အဲဒီပြည်သူ့စစ်နဲ့တွဲပြီး‌တော့ ထားတာရှိတယ်။ သူတို့ စ‌ကောက်တာက ‌တော်‌တော်ကြာပြီ။ ပြည်သူ‌တွေက မလိုလားဘူး‌လေ၊ သူတို့‌တောင်းတဲ့လူဦး‌ရေအတိုင်း မ‌ပေးနိုင်ရင် လူတ‌ယောက်ကို ကျပ်‌ငွေ ၅၀၀ဝ ‌ပေးရတယ်လို့ ကျ‌နော်တို့သိရတယ်၊ ပြည်သူ‌တွေက မလုပ်ချင်ကြတဲ့အတွက် အများအားဖြင့် ‌ငွေနဲ့ပဲ‌ပေး‌ချေတာ များပါတယ်”ဟု ‌ပြောသည်။

တချိန်တည်းတွင် အဆိုပါ ပြည်သူဏ္ဍစစ်များအတွက် မီးသတ်တပ်ဖွဲ့က လက်နက်များထုတ်‌ပေးသည်ဟု ‌ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်၊ အဆိုပါ ပြည်သူ့စစ်ကို လွန်ခဲ့သည့်နှစ်အနည်းငယ်က ‌ကောက်ခံခဲ့ဖူး‌သော်လည်း ယခုတကြိမ်သည် အ‌ရေအတွက် အများဆုံးဖြစ်ပြီး ‌ကောက်ခံသူများကလည်း ၎င်းတို့အတွက်ပါ ရရှိရန် ပိုပိုသာသာ ‌ပြောဆို‌ကောက်ခံခဲ့သည်ဟုလည်း ပဒို‌စောတင်‌မောင်က ဆက်လက်‌ပြောဆိုသည်။
“အထက်က ‌ကောက်ခိုင်းတာက (၁၀)‌ယောက်ဆိုလို့ရှိရင် သူတို့က (၁၅)‌ယောက်‌လောက်‌ကောက်မယ်။ ဥပမာ (၁၅)‌ယောက်လုံးလုံး မရလို့ရှိရင် ကျန်တဲ့လူ‌တွေ ကို ဒဏ်‌ငွေရိိုက်မယ်။ ရတဲ့ပိုက်ဆံက သူတို့အတွက်ပဲ‌ပေါ့၊ ဒါ‌တွေဟာ ပြည်သူ‌တွေကို ‌ငွေ‌ကောက်ခံတဲ့ စနစ်တခုပါပဲ”ဟု ၎င်းက‌ပြောသည်။

‌ညောင်‌လေးပင်ခရိုင်။ ‌ကျောက်ကြီးနှင့် မုံးမြို့နယ်တို့တွင် နအဖ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ(၅၉၀)၊ (၅၉၉)နှင့် ခလရ(၆၀)တို့အပြင် ‌ကေအဲန်ယူ တပ်ရင်း(၈)နှင့် တပ်ရင်း(၉)တို့လည်း အ‌ခြေချလှုပ်ရှားလျှက်ရှိပြီး ၎င်းဂွင်ထဲတွင် နအဖစစ်တပ်ကို အ‌တွေ့မခံသည့် ရွာပုန်းရွာ‌ရှောင် (၄၀)နီးပါးရှိသည်ဟု သိရသည်။