Home သတင်း ထိုးစစ်‌ကြောင့် ပိုင်ကျုံမြို့နယ်မှ အိမ်‌ထောင်စု (၁၇)စု ထပ်မံ‌ရောက်ရှိ အချို့ရွာသားများ ‌နေရပ်ပြန်သွား

ထိုးစစ်‌ကြောင့် ပိုင်ကျုံမြို့နယ်မှ အိမ်‌ထောင်စု (၁၇)စု ထပ်မံ‌ရောက်ရှိ အချို့ရွာသားများ ‌နေရပ်ပြန်သွား

2310

ဇွန်လ ၂ဝရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နအဖ စစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များ၏ ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ (၇) နယ်‌မြေကို ထိုးစစ်ဆင် ‌နေသည်မှာ ရက် (၂၀) နီးပါး ရှိပြီ ဖြစ်‌သော်လည်း တိုက်ပွဲများ ရပ်တန့်ခြင်း မရှိသည့်အတွက် ပိုင်ကျုံ မြို့နယ်မှ အိမ်‌ထောင်စု (၁၇) စုသည် ဇွန်လ ၁၈ ရက်‌နေ့က ထိုင်းနိုင်ငံသို့ ထပ်မံ‌ရောက်ရှိလာသည်။

ထိုသို့ ထပ်မံ ‌ရောက်ရှိလာသည့် ရွာသားများသည် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်များ၏ ‌ကေအဲန်အယ်လ်‌အေ ထိန်းချုပ်ရာ နယ်‌မြေများကို ထိုးစစ် စတင်ခဲ့သည့် အချိန်က ၎င်းတို့ အုပ်စုမှာ ရွာတွင် ကျန်ရစ်ခဲ့ပြီး ‌နောက်ပိုင်း နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များက ‌ပေါ်တာအဖြစ် အဓမ္မ ‌ချောဆွဲမှုများ ‌နေ့စဉ်နှင့်အမျှ လုပ်‌ဆောင်‌ပေး ‌နေရသဖြင့် မခံနိုင်‌တော့သည့် အဆုံး ထွက်‌ပြေး ‌ရောက်ရှိလာခြင်း ဖြစ်သည်ဟု ၎င်းတို့အား အကူအညီ ‌ပေး‌နေသည့် ‌စောဘာဒီဖိုးက ‌ပြောသည်။

၎င်းက “ဒီတကြိမ် ထိုးစစ်ဆင်တာ ရွာသား‌တွေ အ‌မြောက်အများ ထိုင်းဘက်ခြမ်းကို ထွက်‌ပြေး လာ‌နေတဲ့ အချိန်မှာ သူတို့အုပ်စုက ရွာမှာ ကျန်ခဲ့တယ်။ ကျန်ရစ်ခဲ့‌တော့ ဟိုလူ‌တွေ (နအဖနဲ့ ဒီ‌ကေဘီ‌အေ စစ်တပ်) က သူတို့ကို ‌ပေါ်တာ‌ခေါ်ပြီး‌တော့ ကြမ်းကြမ်းခိုင်းတယ်။ ‌နေ့တိုင်း သွားရတယ်။ မသွားနိုင်ရင်လည်း ဘတ်‌ငွေ (၁၀၀) ‌ပေးရပြီး‌တော့ လူငှားရတယ်။ ထပ်ခါထပ်ခါ ‌ပေး‌နေရ‌တော့ သူတို့လည်း မတတ်နိုင်‌တော့ဘဲ ထွက်လာခဲ့တာ” ဟု ‌ပြောသည်။

ထိုကဲ့သို့ ထွက်‌ပြေးရာတွင် လမ်းခရီး၌ နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်များ၏ ‌ချောင်ပိတ်မိမှာ စိုးရိမ်သဖြင့် လာရာလမ်းကို ‌ကွေ့ပြီး ထွက်‌ပြေးလာရသည်ဟု ရွာသားများက ‌ပြောသည်။ အဆိုပါ ထပ်မံ‌ရောက်ရှိလာသည့် စစ်‌ပြေး ဒုက္ခသည်များသည် မဲ့လာအားခီး၊ မဲ့လာအားထနှင့် ပနွယ့်ပူ ရွာများ ဖြစ်ကြပြီး အိမ်‌ထောင်စု (၁၇) စုမှ လူဦး‌ရေ (၉၇) ဦး ပါရှိသည်ဟု သိရသည်။

၎င်းတို့အား တာ့ခ်ခရိုင် ထာ့‌ဆောင်ရန်း မြို့နယ်ရှိ ယခင် ထွက်‌ပြေး ‌ရောက်ရှိလာသည့် စစ်‌ပြေးဒုက္ခသည်များ တည်ရှိရာ အူးသူးထ ယာယီဒုက္ခသည် စခန်းတွင် ‌နေရာချထားပြီး လက်ရှိတွင် ကရင်လူမှုအဖွဲ့အစည်းများက ၎င်း ဒုက္ခသည်သစ်များအား ‌နေ‌ရေးထိုင်‌ရေးနှင့် စားနပ်ရိက္ခာများကို စီစဉ် ‌ပေးလျှက်ရှိသည်။

ထို‌နေ့ မွန်းလွဲ (၂) နာရီခန့်တွင် ထိုင်းအာဏာပိုင်များက မဲ့စလိရှိ ယာယီ စစ်‌ပြေး ဒုက္ခသည် စခန်းမှ ရွာသူရွာသားများကို ‌နေရပ်သို့ ပြန်ပို့ရန် လာ‌ရောက် စည်းရုံးခဲ့ပြီး အချို့ကို ပြန်ပို့လိုက်သည်ဟု သိရသည်။ ထိုင်းအစိုးရပိုင် ရုပ်သံ သတင်းဌာနက လူဦး‌ရေ (၉၉) ဦးပါ အိမ်‌ထောင်စု (၂၇) စုကို မိမိတို့၏ ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်ဟု ‌ဖော်ပြထား‌သော်လည်း လူမှုကယ်ဆယ်‌ရေးအဖွဲ့များ၏ ‌ပြောပြချက်အရ ခလယ့်ခိုနှင့် ခလယ်‌ဒေးရွာမှ လူဦး‌ရေ (၅၁) ဦး၊ အိမ်‌ထောင်စု (၇) စုသာ ပြန်သွားခဲ့သည်ဟု ဆိုသည်။

ပြန်ပို့ ခံလိုက်ရသည့် ရွာများမှ ရွာသူကြီးတဦး၏ ‌ပြောပြချက်အရ သက်ဆိုင်ရာ ကူညီကယ်ဆယ်‌ရေး အဖွဲ့များ မရှိသည့်အချိန်တွင် ထိုင်းအာဏာပိုင်များ နှင့် ထိုင်းရုပ်သံ သတင်း‌ထောက်များသည် ကရင်စစ်‌ပြေးဒုက္ခသည်များကို ပြန်နိုင်ပြီဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေက ပြန်‌နေထိုင်ခွင့်ပြု‌ကြောင်း လာ‌ရောက် စည်းရုံးပြီး ရွာသားများအား တန်းစီခိုင်းခဲ့ကာ ဗွီဒီယိုကင်မရာများဖြင့် ရိုက်ယူသွားခဲ့သည်ဟု ယခုလို ‌ပြောသည်။

သူက “အဲဒီ‌နေ့ မနက်မှာ ထိုင်းက လာ‌ပြောတယ်‌ပေါ့‌နော်၊ ဓာတ်ပုံ ဗွီဒီယို ရိုက်မယ်ဆိုပြီး ရွာသား‌တွေ စုစည်းခိုင်းတယ်။ ပြီး‌တော့ ခင်ဗျားတို့ရွာမှာ ငြိမ်းချမ်း‌နေပြီ၊ ပြန်လို့ရပြီတဲ့။ ရွာသား‌တွေကို ‌ပြောတယ်၊ တချို့ ရွာသား‌တွေက ပြန်မယ်၊ တချို့ ရွာသား‌တွေက မပြန်ရဲကြဘူး၊ အဲလိုဖြစ်‌နေတယ်” ဟု ဆိုသည်။

မဲ့စလိ ယာယီ ဒုက္ခသည် စခန်းတွင် ထိုင်းအာဏာပိုင်များက စစ်‌ပြေး ကရင် ဒုက္ခသည်များကို စစ်ဖြစ်ပွား‌နေဆဲဖြစ်သည့် ‌နေရပ်ကို ပြန်ပို့မှုများ လုပ်‌ဆောင်‌နေပြီး ကျန်ရှိ‌နေသည့် ‌နောင်ဘိုးနှင့် အူးသူးထ စခန်းတွင်လည်း စစ်‌ပြေးဒုက္ခသည်များကို ထပ်မံ လက်မခံ‌တော့ရန် ထိုင်းအာဏာပိုင်များက ဖိအား‌ပေးမမှုများ ရှိ‌နေသည်ဟု သိရသည်။

အဆိုပါ စစ်‌ပြေး ကရင်ဒုက္ခသည်များသည် ယခု လဆန်းမှစ၍ နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်က ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ (၇) နယ်‌မြေကို တိုက်ခိုက်သည့် ထိုးစစ်များ‌ကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်‌ပြေး ‌ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စုစု‌ပေါင်း လူဦး‌ရေ ၄၀၀ဝ နီးပါး ရှိပြီဖြစ်သည်။