KIC News
ကျောက်ကြီးတွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ဒဏ်ရာရ
ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ဩဂုတ်လ(၂၆)ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက် နက်ကြီးကျရောက်ပေါက်ကွဲ၍ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟို၏ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။
ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း(ခလရ-၂၆၄) မှ ကျောက်ကြီးမြို့နယ်၊...
တော်လှန်ရေးလုပ်နေသည့် ကရင်များသည် အမျိုးသားအစွန်းရောက်များသာဖြစ်ကြောင်း မန်းငြိမ်းမောင်ပြော
ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လက်ရှိတော်လှန်ရေးလုပ်နေသည့် ကရင်များသည် အမျိုးသားအစွန်းရောက်သူများသာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီဗဟိုအဖွဲ့ဝင်ဖြစ်သူ မန်းငြိမ်း မောင်က ယနေ့ မြောင်းမြမြို့တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသအဆင့် ကရင်ရိုးရာလက်ချည်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောဆိုသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွင်...
ကရင်လူမျိုးအတွက် အမြဲထည့်သွင်းစဉ်းစားထားကြောင်း Move forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန် ရက်ပြော
ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးများကို ရင်ထဲတွင်အမြဲထည့်သွင်းထားသလို နိုင်ငံရေးအတွေးထဲတွင်လည်း ကရင်လူမျိုးအတွက် အမြဲ စဉ်းစားထည့်သွင်းထားပေးကြောင်း ယမန်နေ့ ဩဂုတ်လ ၂၇ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ဝါခေါင်လ ကရင်ရိုးရာချည်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၏ Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရက် တက်ရောက်အားပေးပြောဆိုခဲ့ကြောင်း...
BGF ထုတ်ပေးသည့် ကားနံပါတ်ပြားအသစ်ပြောင်းလဲတပ်ဆင်သူများလာ
ဩဂုတ်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နယ်ခြားစောင့်တပ်(BGF)က ထုတ်ပေးသည့် နံပါတ်ပြား အသစ်ပြောင်းလဲတပ် ဆင်ထားသည့်ကားများ ဖမ်းဆီးမှုမရှိသဖြင့် ပြောင်းလဲတပ်ဆင်ထားသူများလာကြောင်း ကားသမားများက ပြော သည်။
လိုင်စင်မဲ့ကားများဖမ်းဆီးစစ်ဆေးမှုများလာသည့် ဖားအံမြို့တွင် လိုင်စင်မဲ့ကားများအား အသုံးပြုသွားလာနေရ သည့် ဒေသခံများအနေဖြင့် သွားလာရေးအခက်အခဲ ရှိလာသည့်အပေါ် BGF...
အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးနှင့် ဖုန်းလက်ဝယ်ဖမ်းဆီးရမိသူများကို ပါဆယ်ပို့ခွင့် ပိတ်ပင်
ဩဂုတ်လ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးနှင့် ဖုန်း လက်ဝယ် ဖမ်းဆီးရမိသူများကို စစ်ကောင်စီက ပါဆယ်ပို့ခွင့် ပိတ်ပင်လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူထံမှ သိရသည်။
ထားဝယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်မှ စတင်ကာအကျဉ်းထောင် အတွင်း သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင်ဝင်ရောက်ရှာဖွေ...
ကျေးရွာရံပုံငွေဟုဆိုကာ BGF နှင့် ကျေးရွာတာဝန်ရှိသူများဦးဆောင်ပြီး လောင်းကစားဝိုင်းပြုလုပ်နေ
ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုကျေးရွာတွင် ကျေးရွာရံပုံအတွက်ဟုဆိုကာ နယ်မြေခံနယ်ခြား စောင့်တပ်(BGF) အဖွဲ့နှင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံဆရာတော်များ ဦးဆောင်ပြီး လောင်းကစားဝိုင်းပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ လောင်းကစားဝိုင်းကို အမိုးအကာဖြင့် ရုံတည်ဆောက်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျေးရွာ ရံပုံ...














