KIC News
ပိန္နဲတော စစ်ကောင်စီစခန်းမှ ပစ်ခတ်သောလက်နက်ကြီးကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁) သထုံမြို့နယ် မင်းလွင် ကျေး နယ် ပိန္နဲတောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပြီးခဲ့သည့်စက်တင်ဘာလ (၈)ရက်နေ့က ပစ်ခတ် သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ယနေ့ စက်တင်ဘာလ ၁၆...
ည ၁၀ နာရီကျော် ပစ်မိန့်ထုတ်ထားသည့် မြဝတီတွင် စစ်ကောင်စီတပ်များ သေနတ်ခြောက်လှန့် ပစ် ခတ်မှု ညစဉ်ပြုလုပ်
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ ခရိုင်ရဲရုံး တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၅ ရက်မှ စတင်ကာ မာရှယ်လောအမိန့် ည ၁၀ နာရီကျော်လွန်သွားလာပါက ပစ်ခတ်ဖမ်းဆီးရန် စစ်တပ်က အမိန့်ထုတ်ထားပြီး ညစဉ်သေနတ် ခြောက်လှန့်ပစ်ခတ်ခြင်းများလှည့်လည်လုပ်ဆောင်နေမှုရှိနေသည်ဟု မြို့ခံ ရပ်ကွက်သားများက ပြောသည်။
“ရဲစခန်းတိုက်ခံထိပြီးတော့...
လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင် ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရ
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ် ကျေးရွာများသို့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ် ယာဉ် ၃ စီးဖြင့် ၁၃ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာ ၆...
ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ နေရပ်မပြန်ရဲသေးဘဲ နယ်စပ်တွင်သာ ဆက်လက်ခိုလှုံနေ
စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် တိမ်းရှောင်ခိုလှုံခဲ့ကြသည့် ကရင် နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်မှ စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် စက်တင်ဘာ လ ၁၁ ရက်နေ့က ပြန်ပို့ခံရသော်လည်း ယခုအချိန်ထိ နေရပ်ရင်းမပြန်နိုင်သေးဘဲ နယ်စပ် စစ်ရှောင်စခန်းတွင်သာ...
တောင်ငူခရိုင်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံနေအိမ်များအား စစ်ကောင်စီတပ်အကြောင်း မဲ့မီးရှို့
စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကယားပြုံးချောင်းနှင့်ရှမ်းပြုံး ချောင်းကျေးရွာများသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များက ရွာအတွင်းရှိ နေအိမ်နှင့်ပစ္စည်းများအား ယမန်နေ့ စက်တင်ဘာလ(၁၄)ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါကျေးရွာနှင့်အနီးတဝိုက်သို့စက်တင်ဘာလ(၁၃)ရက်နေ့က ဝင်ရောက် လာသော စစ်ကောင်စီတပ်များသည်...
KNDO ပူးပေါင်းတပ်နှင့် တိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်အဆင့်ရှိသူအပါအဝင် ၁၂ ဦးထိခိုက်သေဆုံး
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ကျုံဒိုးမြို့နယ် နယ်မြေအတွင်းရှိ တောင်ကြာအင်းကျေးရွာတွင် နယ်မြေစိုးမိုးရန်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ် နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူအပါအဝင်...














